ပြည်ပပို့ဆန်အချို့ သတ်မှတ်စံမမီ၍ ဈေးလျှော့ရောင်းချခဲ့ရ

အင်ဒိုနီးရှားနိုင်ငံသို့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ပထမဆုံးအ ကြိမ်အဖြစ် တင်ပို့ခဲ့သော တန်းမြင့် ဆန်တန်ချိန် ၅,၀၀၀ အနက် တန်ချိန် ၇၀၀ မှာ သတ်မှတ်အရည်အသွေးမပြည့်မီ ခြင်းကြောင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်းကာ စာချုပ်ပါ သဘောတူညီချက်ဈေး အောက် အမေရိကန် ၂၅ ဒေါ်လာ လျှော့ ကာ တစ်တန်လျှင် ၄၅၅ ဒေါ်လာဖြင့် ဈေးသတ်မှတ်ကာ ရောင်းချပေးခဲ့ရကြောင်း မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်း ရှင်များအသင်းမှ အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောသည်။

News 

သင်္ကြန်အပြီး စားအုန်းဆီဈေး ကျပြီး ကြက်သွန်နီ ဈေးတက်

ဘုရင့်နောင်ကုန်စည်ဒိုင်ပြန်လည် ဖွင့်လှစ်သော ဧပြီလ ၂၃ ရက်နေ့မှ စ၍ ဈေးကွက်အတွင်း စားအုံးဆီဈေးကျ ဆင်းလာပြီး ကြက်သွန်နီနှင့် အာလူး ဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းရှိ လုပ်ငန်းရှင်များက ပြောသည်။

News 

ဧပြီလကုန်ပိုင်းတွင် ငါးဈေးနှုန်းများ သိသာစွာ ကျဆင်းလာ

ယခုနှစ်သင်္ကြန်ကာလအတွင်း ငါးဈေးများတက်ရခြင်းမှာ ဈေးကွက် အတွင်း ငါးရှားပါး၍ ဈေးတက်ခြင်းမျိုး မဟုတ်ဘဲ ငါးကန်များမှ ဈေးကွက်အတွင်း ငါးတင်သွင်းမှု ရပ်နားလိုက်သည့်အတွက်ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

News 

အသစ်ပြောင်းလဲကျင့်သုံးလိုက်သော ငွေလဲနှုန်းရှင်စနစ်ကြောင့် နိုင်ငံ့စီးပွားရေးလုပ်ငန်းတွင် အကျိုးသက်ရောက်မှုများစွာရှိလာနိုင်ဟု ကျွမ်းကျင်သူများသုံးသပ်

တရားဝင်ငွေလဲနှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ ကျော်သို့ တရားဝင် ပြောင်းလဲလိုက်သည့် ယခု ဘဏ္ဍာနှစ်မှစတင်ခါ အစိုးရ၏နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် အကျိုးသက် ရောက်မှုကြီးမားစွာဖြစ်လာမည်ဟု အစိုးရ ဌာနတွင်းဝန်ထမ်းများ၊ ဘဏ် လုပ်ငန်း ဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက သုံးသပ်သည်။

News 

ငါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လက်ခစားစနစ်ကို လာမည့်ကာလများအတွင်း စတင်ကျင့်သုံးသွားရန်ရှိ

ငါးလုပ်ငန်းကဏ္ဍအတွက် လက်ခစားစနစ် (CMP) လုပ်ကိုင်ခွင့်ကို ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ငါး၊ပုစွန်ပြုပြင် အေးခဲစက်ရုံ ၁၀ ရုံကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ငါးလုပ်ငန်းကဏ္ဍမှ ပို့ကုန်လုပ် ငန်းရှင်များက ပြောသည်။

News 

အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံခွင့်အတွက် ပွင့်လင်းစွာ တောင်းဆိုမှုများ ပြုလုပ်လာ

တိုးပွားဖြစ်ထွန်းလာနေသည့် စီးပွားရေးတွင် ပါဝင်ခွင့်မရမည်ကို စိုးရိမ်နေကြသည့် အမေရိကန်ကုမ္ပဏီ များသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အဆုံးသတ်ရန် မေတ္တာ ရပ်ခံ တောင်းဆိုထားကြသော်လည်း ၎င်းတို့မှာ မူဝါဒချမှတ်သူများနှင့် လူ့အခွင့်အရေးအုပ်စုများ၏ တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရသည်။

News 

တရုတ်ရေနံကုမ္ပဏီကြီးများ ရေနံချက်စရိတ် မြင့်မားမှုကြောင့် ထိခိုက်နစ်နာနေရ

ပေကျင်း - စွမ်းအင်လိုအပ်ချက်နှင့် ရေနံဈေးနှုန်းများ မြင့်မားလျက်ရှိသော်လည်း တရုတ်ရေနံကုမ္ပဏီကြီးများဖြစ်သော ဆီနိုပက်နှင့် ပက်ထရိုချိုင်းနားတို့က ၎င်းတို့သည် ပထမသုံးလပတ်တွင် ကုန်ကျစရိတ်မြင့်မားသော ရေနံချက် လုပ်ငန်းကုန်ကျငွေများကြောင့် ထိခိုက် နစ်နာနေရသည်ဟု ပြောသည်။

News 

အဆင့်မြင့်ရုံးခန်း ငှားရမ်းလိုအား မြင့်တက်လျက်ရှိသော်လည်း အခန်းလုံလောက်မှုမရှိကြောင်း တာဝန်ရှိသူများပြော

ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုံးခန်း ငှားရမ်းလိုမှုများ မြင့်တက်လျက်ရှိသော်လည်း တာဝါနှင့် ဟိုတယ်များဘက်မှ လုံလောက်သော ရုံးခန်း အရေအတွက် ငှားပေးနိုင်မှုမရှိကြောင်းနှင့် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားအရေအတွက် မြင့်မားလာမှုကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

News 

စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ်ရှိလာပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှတာဝန်ရှိသူပြော

ရန်ကုန်မြို့နေ အိမ်ထောင်စုပေါင်းများစွာ၏ စွန့်ပစ်အမှိုက်များအနက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မှ မသိမ်းဆည်း နိုင်သေးသည့် အမှိုက်များကြောင့် အနာဂတ်ကာလတွင် မြို့တော်၏ သန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်တို့ကို ထိခိုက်လာနိုင်ကြောင်း သိရသည်။

News 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဦးတည်လာ

မြန်မာနိုင်ငံရှိ အရေအတွက်နည်းပါးသော ဟိုတယ်လုပ်ငန်းအတွင်း စီးပွားရေး အကျိုးအမြတ်ယူနိုင်ရန် MK Group စီးပွားရေး လုပ်ငန်းကြီးက ရန်ကုန်ရှိ ကြယ်လေးပွင့်မှ ငါးပွင့်အဆင့် ဟိုတယ် တစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်းသိရသည်။

News 

မြန်မာ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ လမ်းညွှန် ၂၀၁၂ ခုနှစ်အတွက် ဖြန့်ချိထုတ်ဝေ

Logistics Media Services ကုမ္ပဏီ လီမိတက်မှ တာဝန်ယူ ထုတ်ဝေဖြန့်ဖြူးသော မြန်မာဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ လမ်းညွှန် ၂၀၁၂ ကို ဧပြီလဆန်းပိုင်းမှစတင်၍ စာအုပ်တိုက်များသို့ စတင် ဖြန့်ဖြူးလျက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

News 

အင်ဂျင်နီယာအသင်းတွင် စာတမ်းဖတ်ပွဲများ ကျင်းပခဲ့

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကြီးမှူး၍ စာတမ်းဖတ်ပွဲနှင့် ဟောပြော ဆွေးနွေးပွဲများကို လွန်ခဲ့သည့်လတွင် လှိုင်တက္ကသိုလ်ရှိ အသင်းတည်ရှိရာ အဆောက်အအုံ၌ ကျင်းပခဲ့သည်။

News 

စင်ကာပူတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန် အကျိုးပြုသည့် အဆောက်အအုံများ ဆောက်လုပ်ရန် အားပေးလျက်ရှိ

ရှော့ပင်းမောလ်တွေနဲ့ ရုံးခန်းတွေမှာ လေအေးပေးစက်တွေကို အရိုးထိ စိမ့်အောင် အေးနေတဲ့အထိ ဖွင့်ထားတာ မျိုးတွေကအစ တစ်ညလုံး လင်းထိန်နေအောင် မီးတွေထွန်းထားတာမျိုးအဆုံး စွမ်းအင်တွေကို အလွန်အကျွံ အသုံး ပြုနေကြတာမျိုးတွေကြောင့် စင်ကာပူ နိုင်ငံဟာ အာရှမှာ စွမ်းအင်အသုံးပြုမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတယ်။

News 

ဟောင်ကောင် အဆင့်မြင့်အိမ်ရာ ဈေးနှုန်းများ ကျဆင်းခဲ့

ဟောင်ကောင် အဆင့်မြင့်အိမ်ရာ ဈေး နှုန်းများနှင့် ငှားရမ်းခများသည် ၂၀၁၁ ခုနှစ် စတုတ္ထလေးလပတ်တွင် တအိအိ ကျဆင်းသွားပြီး ၂၀၁၂ ခုနှစ်တွင်လည်း အကျဘက်မှ ပြန်လည်မြင့်တက်လာ အောင် ကြိုးပမ်းရဖွယ်ရှိသည်ဟု Colliers International ၏ ဈေးကွက် သုတေသနနှင့် ခန့်မှန်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

News 

သက်ကြီးဘိုးဘွားပူဇော်ပွဲ မိုးကုတ်မြို့အနောက်ပိုင်းတွင် ကျင်းပမည်

မိုးကုတ်မြို့အနောက်ပိုင်းရှိ သက်ကြီး ဘိုးဘွား ၄၀၀ ပူဇော်ကန်တော့ပွဲကို တတိယအကြိမ်မြောက်အဖြစ် လာမည့် မေလ ၅ ရက် (ကဆုန်လပြည့်နေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ News