My Ring Tune

ငါးမွေးမြူမှုနှုန်း ကျဆင်းလာမှုကြောင့် ရေချိုငါးများရှားပါးလာ

ယမန်နှစ်က ထုတ်လုပ်မှုစရိတ်မြင့် တက်ခဲ့မှုနှင့် ငွေလဲနှုန်းမတည်ငြိမ်ခဲ့ မှုတို့၏ ဂယက်ကြောင့် ငါးမွေးသူများမှာ ငါးမျိုး ထည့်မှုနည်းပါးပြီး ငါးအထွက်နှုန်းလျော့ကာ ဗဟိုစံပြငါးဈေးအတွင်း၌ ငါးရှားပါးလျက်ရှိကြောင်း မြန်မာ နိုင်ငံငါးမွေးမြူ ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

News 

ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအသစ်ကြောင့် ကုန်ဈေးနှုန်း သိသာစွာမပြောင်းလဲနိုင်ဟုဆို

ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူသစ် ထွက်ပေါ်လာခြင်းကြောင့် ရွှေဈေးအပါ အ၀င် ကုန်ဈေးနှုန်းများ သိသာစွာ ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း စီးပွားရေးအသင်းအဖွဲ့များမှ တာဝန်ရှိ သူများကပြောသည်။

News 

ကောင်တာနှင့် ပြင်ပ ငွေလဲ ဈေးနှုန်းများ အပြိုင်ဖြစ်နေဆဲ

နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရဘဏ်များ မှ ဖွင့်လှစ်ထားသော တရားဝင်ငွေလဲ ကောင်တာများ၏ ငွေလဲနှုန်းတွင် ရောင်းဈေးနှင့် ၀ယ်ဈေးတန်ဖိုးများမှာ သိသာစွာကွာဟလျက်ရှိရာ ပြင်ပဈေးကွက်နှင့် အပြိုင်ဖြစ်နေသေးကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

News 

ယာဉ်မှတ်ပုံတင်ခ လျော့ချခြင်းကြောင့် ဈေးကွက်တွင်း အရှုံးပြရန်ရှိ

နှစ် ၂၀ ကျော် ယာဉ်များအပ်နှံမှုကို စတင်ဆောင်ရွက်သွားမည့် ရထားပို့ဆောင် ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီး ဌာန၏ ဇွန်လ ၁၆ ရက် နေ့ကြေညာချက် ကြောင့်ဈေးကွက်အတွင်း ဆုံးရှုံးနစ်နာမှုနှင့် ထပ်မံကြုံရဦးမည်ဖြစ် ကြောင်း ကား ၀ယ်ရောင်းသမားများက ပြောသည်။

News 

ငါးမဖမ်းရ ရာသီသတ်မှတ်မှုကို အနည်းငယ်ဖြေလျော့မှုပေး

တနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းနီး ရေလုပ်သားများသည် ငါးမဖမ်းရ ရာသီ သတ်မှတ်မှုပေါ်တွင် စားဝတ်နေရေး မပြေလည်မှုများ ရှိနေသည့်အတွက် ငါး လုပ်ငန်းဦးစီးဌာနက ဖြေလျော့မှု အနည်းငယ်ပေးခဲ့ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

News 

ထိုင်းလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင်း ကဏ္ဍလေးခုတွင် ထပ်မံရင်းနှီးမြှုပ်နှံလို

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအနေ ဖြင့်မြန်မာနိုင်ငံတွင် စီးပွားရေး ကဏ္ဍလေးခု၌ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိကြောင်း ထိုင်းနိုင်ငံ စီးပွားရေးဝန်ကြီးဌာန စီးပွားရေး အကြံပေး မစ္စတာပရာချွတ်ဆူပင်နီက မြန်မာတိုင်း(မ်)သို့ ပြောကြားသည်။

News 

ရန်ကုန်မြို့တော်ရှိ စီမံကိန်းများတွင် ကားပါကင်ထည့်သွင်းခြင်း၊ မထည့်သွင်းခြင်းသည် အဓိက အငြင်းပွားဖွယ်ကိစ္စဖြစ်လာ

ရန်ကုန်မြို့တော်ရှိ အထပ်မြင့်တည် ဆောက်ရေးများတွင်သတ်မှတ်ကားပါ ကင်ပါဝင်ထည့်သွင်းမှုသည် ရေရှည်တွင် တည်ဆောက် သူများအတွက် လုပ်ကိုင် ရ ခက်ခဲ၍ညှိနှိုင်းရခက်ခဲသော ကိစ္စရပ် တစ်ခုဖြစ်လာရာ နေထိုင်သူများဘက်မှ လွဲမှားသော လုပ်ရပ်များကို လုပ်ဆောင် လာကြကြောင်း သိရှိရသည်။

News 

Nobel Oil JS, A' Lister Services နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ထုတ်ဝေမှုအပေါ်အကျိုးတူ ခံစားခွင့် လက်မှတ်ရေးထိုးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ကုန်းတွင်း လုပ်ကွက်ရေနံတူးဖော် ထုတ် လုပ်ခြင်း "Block E"အတွက် ထုတ်ဝေမှုအပေါ် အကျိုးတူခံစားခွင့် production sharing contract လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်တွင် ဇွန်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

News 

Father Land မှ ဆောက်လုပ်သော 'ချမ်းမြေ့ရိပ်သာ အမေများအိမ်ရာ' ဖွင့်လှစ်

Father Land ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်အလှဆင်ပေး သော ကုန်ကျစရိတ်စုစုပေါင်းကျပ်သိန်း ၁,၄၀၀ ခန့်ရှိသည့်'ချမ်းမြေ့ ရိပ်သာ အမေများအိမ်ရာ'ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ န၀ရတ်လမ်းတွင် ဇွန်လ ၁၆ ရက်နေ့၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

News 

အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရေးအတွက် ဟောပြောပွဲပြုလုပ်

မြေငလျင်ဒဏ်ခံနိုင်စေသော တည်ဆောက်ရေး နည်းပညာရပ်များနှင့် ပတ်သက်သည့် ဟောပြောပွဲတစ်ခုကို ဇွန်လ ၁ ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပခဲ့သည်။

News 

အစ္စရေးနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်မှ လျှောက်လွှာများခေါ်ယူ

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အစ္စရေးနိုင်ငံရှိ ရာမက်နီဂျိ(ဗ်) သဲကန္တာရစိုက်ပျိုးရေးသုတေသနဗဟို ဌာန (Ramat Negev Desert Agro Research Centre) မှခေါ်ယူသော စိုက်ပျိုးရေးသင်တန်းသား ၂၀ အတွက် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင် ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

News 

အင်ဂျင်နီယာစိစစ်ရေးဘုတ် အဖွဲ့သို့ PE လျှောက်လွှာ တင် သွင်းသူပေါင်း ၄၀ ခန့် ရှိလာ

မြန်မာနိုင်ငံ အင်ဂျင်နီယာစိစစ်ရေး ဘုတ်အဖွဲ့မှ မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းအင်ဂျင်နီယာ စနစ် (Professional Engineering System) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ နည်းတူ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ရာ လက်ရှိ အချိန်အထိ Professional Engineer- PE လျှောက်လွှာတင်သွင်း သူပေါင်းအယောက် ၄၀ ခန့် ရှိသွားပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ စိစစ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းမြင့် က ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း၌ ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

News 

ခေတ်မီလှပတဲ့ တိုက်ပုံစံမဟုတ်ပေမယ့် နေချင်စရာကောင်းတဲ့ အင်းစိန်မြို့နယ်ကနှစ်ထပ်တိုက်

ဒီတစ်ပတ်အတွက်တော့ အင်းစိန်မြို့နယ်က အဖြူရောင် တိုက်အိမ်လေး တစ်လုံးကို စိတ်ကြိုက်တွေ့ခဲ့ပါတယ်။ အိမ်ဖွဲ့စည်းပုံနဲ့ ပြင်ဆင်ပုံအရ အိမ်လေးက သက်တမ်းလတ် အမျိုးအစားလို့တော့ ယူဆမိပါတယ်။ News