ဩစတြေးလျက မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ပိုစိတ်ဝင်စားလာ
ကျန်ရှိနေသေးသည့် ခရီးသွားနှင့် ဘဏ် လုပ်ငန်းကဏ္ဍများမှ စီးပွားရေးပိတ်ဆို့မှု များကိုလည်း ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန် ကြီး ဘော့ဘ်ကားက ဇွန်လအစောပိုင်း တွင် ကြေညာခဲ့ပြီးနောက် ဩစတြေးလျ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမိုစိတ်ဝင်စား လာကြပြီဖြစ်သည်။
ငွေလဲနှုန်းမြင့်တက်လာမှုနှင့်အတူ နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုရန်လို
နိုင်ငံတော်၏ ပြောင်းလဲကျင့်သုံးလာသော စီးပွားရေးမူဝါဒများကြောင့်
ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းများမှာ
အချိန်တိုအတွင်း ဆက်တိုက် မြင့်တက်လာခဲ့ရာ ဇွန်လကုန်ပိုင်းတွင်ဖြစ်ပေါ်လာသော ငွေလဲဈေး နှုန်းမှာ မေလအစော
ပိုင်းကရှိခဲ့သောတန်ဖိုးထက် ရှစ်ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။
ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီဖွဲ့စည်း
မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း က ရွှေနှင့်ပတ်သက်သော စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် 'မြန်မာ နိုင်ငံရွှေဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ'ကို ဇွန်လ ၂၇ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။
ဆီစားသက်သာသည့် ၂၀၀၇ မော်ဒယ်ကားများသာ အ၀ယ်လိုက်နေ
ရန်ကုန်ကားဈေးကွက်အတွင်း ဇူလိုင် လဆန်းပိုင်းတွင် အင်ဂျင်ပါဝါ နည်းကာ ဆီစားသက်သာသော ၂၀၀၇ မော်ဒယ် ကားများကိုသာ ၀ယ်လက်များ အကြိုက် တွေ့လျက်ရှိပြီး အောက်ကားဈေးကွက်တွင်လည်း အနည်းငယ်အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ဟံသာဝတီ ကား ရောင်းဝယ်ရေးစခန်းမှ ၀ယ်ရောင်း လုပ်ကိုင်သူများနှင့် ပွဲစားများ ကပြောသည်။
မတ်ပဲဈေးနှုန်းများ မြင့်တက်
ပဲဈေးနှုန်းများ မြင့်တက်သော်လည်း ယခုနှစ်တွင် ပဲစင်းငုံလှောင်လက်တို့ အကျိုးမြတ်ရရှိနိုင်မှု ခန့်မှန်း၍မရ ကြောင်း ဘုရင့်နောင် ကုန်စည်ရောင်း ၀ယ်ရေးလောကမှ ပဲကုန်သည်ဦးမြင့်က ပြောကြားသည်။
ပင်လယ်ကွေ့ အာရပ်နိုင်ငံများ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
ဒူဘိုင်း - အာရပ်စော်ဘွားများနိုင်ငံ အခြေစိုက် (UAE) စက်မှုလုပ်ငန်းစုကြီး ဖြစ်သော Al Marwan Group ပင်လယ် ရေကြောင်းနှင့် ဆိပ်ကမ်းလုပ်ငန်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဇီယတ် အက်တာသည် မြန်မာနိုင်ငံသို့ ၂၀၀၅ ခုနှစ်က ပထမအကြိမ် ရောက် ခဲ့သည်။
အတည်ပြုပြဋ္ဌာန်းနိုင်တော့မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ် အပေါ် ပြည်တွင်းလုပ်ငန်းရှင် တစ်ဦးသုံးသပ်ပြောကြား
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေသစ် အတည်ပြုပြဌာန်း တော့မယ့်
အချိန်မှာ အားနည်းချက်၊ အားသာချက်၊
အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ဘယ်လိုရှိ
လာနိုင်တယ်ဆိုတာကို ပြည်တွင်း
လုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ တော်ဝင်
မိသားစုဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ
ဦးကိုကိုထွေးက ပွင့်ပွင့်လင်းလင်း
သုံးသပ်တင်ပြ ထားပါတယ်။
လုပ်ငန်းတိုးချဲ့ခြင်းကဲ့သို့သော လိုအပ်ချက်မှ လွဲ၍ စက်မှုဇုန်ဝယ်လိုအားများကျဆင်းလျက်ရှိ
ရန်ကုန်မြို့စွန်ရှိ စက်မှုဇုန်ဝယ်လိုအားများသည် ဖွံ့ဖြိုးပြီးသား ဇုန်များတွင် လုပ်ငန်းတိုးချဲ့ရန်ကဲ့သို့သော လိုအပ်ချက်မှအပ အရောင်းအ၀ယ်အေးလျက် ရှိရာ လတ်တလောကာလတွင် စောင့်ကြည့်အနေအထားဖြင့်သာ နှစ်ကုန်ခန့်အထိ သွားနိုင်ကြောင်း အကျိုးဆောင်များကပြောသည်။
ထိုင်းဆင်တံဆိပ်ဘိလပ်မြေက တက္ကသိုလ်ဝင်တန်း ကျောင်းသား ၉၉ ယောက်အား ပညာသင် ဆုချီးမြှင့်
ထိုင်းနိုင်ငံအခြေစိုက် ဆင်တံဆိပ် ဘိလပ်မြေမှ ကုမ္ပဏီထူထောင်ခြင်း ၉၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့နှင့် မော်လမြိုင် မြို့များမှ တက္ကသိုလ်
ဝင်တန်းကျောင်းသားကျောင်းသူများကို
ရွေးချယ်ခဲ့ရာ ရန်ကုန်မြို့မှ ကျောင်းသား
အယောက် ၅၀ နှင့် မော်လမြိုင်မြို့မှ ကျောင်းသား ၄၉ ယောက်၊ စုစုပေါင်း
၉၉ ယောက် ပညာသင်ဆုအပ်နှင်းခံရ
ကြောင်း သိရှိရသည်။

