ဈေးနှုန်းသင့်တင့်ပြီး ပြင်ဆင်မှုလည်း ကောင်းမွန်တဲ့ အချက်အချာနေရာက တိုက်ခန်းငယ်

နိုနိုအောင်
အိမ်ခြံမြေသတင်းထောက်
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)

တည်နေရာ- ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်။
ဈေးနှုန်း-ကျပ်သိန်း ၇၅၀(အရောင်း)။
ဖုန်း - ၀၉ ၄၃၁၂၇၂၈၈၊ ၀၉ ၇၃၀၉၇၅၈၁။
ဆက်သွယ်ရန် - (မြ)ပန်းသခင်အိမ်ခြံမြေ အကျိုးဆောင်။

ဒီတစ်ပတ်တော့ လုံးချင်းလည်းမဟုတ်၊ ကွန်ဒိုလည်းမဟုတ်တဲ့ ရိုးရိုး တိုက်ခန်း တစ်ခန်းကို စိတ်ကြိုက်အိမ်အဖြစ် ရွေး ချယ်ဖြစ်ခဲ့ပါတယ်။

ဈေးနှုန်း သင့်တင့်တာက တစ်ကြောင်း၊ နေရာအချက်အချာကျတာ ကတစ်ကြောင်း၊ တော်တော်လေး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထား တာကတစ်ကြောင်းကြောင့် အိမ်ရာသစ် ၀ယ်ဖို့ စိတ်ဝင်စားသူတွေနဲ့ အဆင်ပြေ လောက်စရာ တိုက်ခန်းလေးမို့ စိတ်ကြိုက် အိမ်စာရင်း ထည့်သွင်းခဲ့ရတာပါပဲ။

မြို့ထဲကနေ အလွန်ဆုံး မိနစ် ၂၀ သာ သွားရတဲ့ တာမွေအ၀ိုင်းနား၊ ကျိုက္ကဆံ လမ်းမပေါ်မှာ စိတ်ကြိုက်တိုက်ခန်းလေး တည်ရှိပါတယ်။

ရိုးရိုးအထပ်မြင့်တိုက်ရဲ့ လေးလွှာမှာရှိနေတဲ့ ဒီတိုက်ခန်းကလေးက ကြည့်လိုက်တာနဲ့ ကျဉ်းကျဉ်းရှည်ရှည်ဖြစ်မနေတာကတော့ စိတ်သက် သာစရာပါပဲ။

တိုက်ခန်းလှေကားတွေကတော့ အဆင့်မြင့်ကွန်ဒိုမီနီယံကြီးတွေ မှာလို သန့်ပြန့်မနေနိုင်ဘူးပေါ့။

ပန်းတွေထွင်းထားတဲ့ ကျွန်းတံခါးကြီးကို ဖွင့်လိုက်တာနဲ့ ကျယ်ဝန်း တောက် ပြောင်တဲ့ ဧည့်ခန်းက စောင့်ကြိုနေပါတယ်။

ကျွန်းသားနဲ့ ပိတောက်သား ရောထားတဲ့ ပါကေးက တဖိတ်ဖိတ် လက်နေပြီး မျက်နှာကြက်က ခရစ္စတယ် မီးဆိုင်းကြောင့် ပိုတောက် ပြောင်နေ သလိုပါပဲ။

လက်ယာဘက်မှာတော့ ၀ရန်တာကို ထွက်တဲ့ တံခါးပေါက်ရှိပါ တယ်။ တိုက်ခန်းဝရန်တာတစ်ခုအနေ နဲ့ အနည်းငယ် ကျယ်တယ်လို့ ပြောရ မယ့် ၀ရန်တာပါပဲ။ လုံခြုံရေးအတွက် စတီးလ်သံပန်းတွေလည်း ကာထားပြီး သားပါ။

ဧည့်ခန်းဘယ်ဘက်မှာ နံရံပြည့် မှန် တစ်ဝက် ကျွန်းဗီရိုကြီးရှိပါတယ်။ နောက် ဖေးဘက်အထွက်ကို လျှောတံခါးနဲ့ ကန့် ထားပါတယ်။ ဧည့်ခန်းကနေ နောက်ဖေး ဘက်သွားလိုက်ရင် လက်ဝဲဘက်မှာ အိပ်ခန်းတစ်ခန်းရှိပါတယ်။ ကျွန်းဗီရိုကြီး တစ်ခု ထည့်သွင်းပေး ထားတယ်။

နှမြော ဖို့ကောင်းတာကတော့ အိပ်ခန်းက အဲဒီ တစ်ခန်းပဲ ရှိတာပါ။ မိသားစု များတဲ့လူ တွေ အဆင်မပြေတော့ဘူးပေါ့။

မီးဖိုခန်းကတော့ အလင်းရောင်လည်း ကောင်း၊ ကျယ်လည်းကျယ်ပါတယ်။ နံရံကပ် စင်တွေပါပြီးသားပါပဲ။

ရေချိုးခန်း၊ အိမ်သာကတော့ မီးဖိုထဲမှာပဲ ရှိပါတယ်။ ဘ၀င်မကျတာ ကတော့ သိပ်မကျယ်လှတဲ့ ရေချိုးခန်း ထဲမှာ ရေချိုးကန် ထည့်ထားတာပါပဲ။

အ၀တ် လျှော်စက် အသစ်စက်စက်တစ်လုံး လည်း လက်ဆောင်ထည့်ပေးထားပါ သေးတယ်။ ရေချိုးခန်းက ရေချိုးလို့ တော့ အဆင်ပြေပေမယ့် အ၀တ်ကို ကြမ်းပေါ်မှာ ချလျှော်ဖို့ဆို သိပ်အဆင် မပြေတဲ့ အနေအထားပါပဲ။

တစ်အိမ်လုံးကို လှည့်ပတ်ကြည့်ရှုပြီး တော့ လေးလွှာက တိုက်ခန်းဖြစ်နေတာ ကိုပဲ ကြံဖန်ကျေးဇူးတင်မိပါသေးတယ်။

ဘေးကပ်လျက်မှာ အထပ်မြင့်တိုက်မရှိ တဲ့အတွက် အလင်းရောင်က ပြတင်း ပေါက်တွေကနေ ကောင်းကောင်းဝင်နိုင် တယ်လေ။

တခြားတိုက်နဲ့ ကပ်နေတဲ့ အထပ်နိမ့် အခန်းတွေဆို ဘေးပြတင်း ပေါက်ဖွင့်ထားရင်တောင်မှ အလင်း ရောင် ၀င်ဖို့ မလွယ်ဘူးပေါ့။ ဒီတိုက်ခန်းလေးမှာတော့ လေအေး ပေးစက်သုံးလုံးရှိပြီး ကြိုးဖုန်းလည်း ရရှိ ပါမယ်။

မီတာကတော့ ရိုးရိုးမီတာဖြစ်ပြီး ရေအတွက်ကတော့ ကိုယ်ပိုင်မော်တာ နဲ့ပါ။ ဒီတိုက်ခန်းကို ကျပ်သိန်း ၇၅၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။