ပုဂ္ဂလိကဘဏ်များ၌ ဩဂုတ်လဆန်းမှစ၍ LC စနစ်စတင်

အေးသီတာကျော်
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းရှင်များနှင့် အခြားစီးပွားရေးကဏ္ဍ များအတွက်ပါ လုပ်ငန်းလည်ပတ်မှုအတွက် အရေးပါသော ငွေကြေး ဆိုင်ရာ လွှဲပြောင်းမှုများ တွင် အချက်အချာကျသောနိုင်ငံခြား ဘဏ်များနှင့် ချိတ်ဆက်၍ လုပ်ဆောင် ရာတွင် ငွေလွှဲအာမခံစာ Letter of Credit (LC) စနစ်ကို မြန်မာပြည်တွင်း ရှိ ပုဂ္ဂလိကဘဏ်အချို့တွင် ဩဂုတ်လ ၁ ရက်နေ့က စတင်လိုက်ပြီ ဖြစ်သည်။

နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကား ခွင့်ရ ဘဏ် ၁၁ ခုတွင်ပါဝင်သော ကမ္ဘောဇဘဏ်၊ အမ်အိုဘီဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ သမ၀ါယမ(စီဘီ) ဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်တို့၏ သက်ဆိုင်ရာတာဝန် ရှိသူများက ဩဂုတ် လဆန်းပိုင်း တွင် တစ်ပြိုင်နက်စတင်နိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဘဏ်တာဝန်ရှိသူများက ပြီးခဲ့သည့်အပတ်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"စစချင်းတော့ အများကြီးလုပ်နိုင်မှာ မဟုတ်ဘူး။ ဒီစနစ်ကို ပုဂ္ဂလိကဘဏ် တွေ အားလုံးစကြတဲ့ သဘောပဲရှိဦးမယ်" ဟု စီဘီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။ ပုဂ္ဂလိကဘဏ်များက LC ကို လုပ် ဆောင်ရာတွင် အစိုးရဘဏ်များဖြစ်သော မြန်မာ့ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)တို့ တွင် ကျသင့်သော ၀န်ဆောင်မှုနှုန်းထက် မများစေရန်နှင့် လွှဲခကိုတတ်နိုင်သမျှ နည်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘဏ်တာဝန်ရှိသူများက ပြောသည်။

အဆိုပါအစိုးရဘဏ်များတွင်ူဃ နှုန်းထားများမှာ ပို့ကုန်အတွက် အမေရိ ကန်ဒေါ်လာ ၃၀ ကုန်ကျပြီး သွင်းကုန် အတွက် ဒေါ်လာ ၅၀ မှ ၁,၅၀၀ အထိ ရှိသည်။ "ပုဂ္ဂလိကဘဏ်တွေမှာ ဖွင့်တာကျ တော့ အစိုးရဘဏ်တွေလောက် အဆင့် များချင်မှ များမယ်။ ငွေပေးချေ တဲ့အခါ မှာ အစိုးရဘဏ်တွေမှာဆိုရင် သွင်းကုန် သမားတွေဘက်က ကျသင့်ငွေကို အပြည့်ပေးခိုင်းတယ်။ အဲဒီလိုဆိုတော့ ပစ္စည်း ရောက်လာလို့မယူရင် ဘဏ်တွေက စိုက်လျော်ပေးရတာမျိုး ဖြစ်သွားရော" ဟု ဦးဖေမြင့်က ပြောသည်။

ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦး က ၎င်းတို့ဘဏ်တွင် မြန်မာနိုင်ငံနှင့် ငွေလွှဲငွေပို့အများဆုံး လုပ်ဆောင်သော နိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ ထိုင်းစသော နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းထားပြီးဖြစ် ကြောင်းနှင့် အဆိုပါနိုင်ငံများတွင် အခြား သော ဘဏ်များနှင့်လည်း ဆွေးနွေး လျက်ရှိကြောင်းနှင့် အဆိုပါနိုင်ငံများ အပြင် ဩစတြေးလျ၊ ကိုရီးယား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနိုင်ငံများရှိ ဘဏ်များကိုပါ ချိတ်ဆက်ဘဏ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ် ရှိကြောင်း ပြောသည်။

"နောက်ပြီး ဥရောပ၊ အနောက်နိုင်ငံ တွေနဲ့ အမေရိကန်နိုင်ငံဘက်တွေက ဘဏ်တွေပါ ကမ်းလှမ်းမှုတွေရှိပါတယ်" ဟု ၎င်းက ပြောသည်။ ပုဂ္ဂလိကဘဏ်များတွင် အဆိုပါူဃ စနစ်ကို စတင်လုပ်ကိုင်ခြင်းဖြင့် လုပ်ငန်း ပိုမို တွင်ကျယ်လာနိုင်ဖွယ်ရှိကြောင်း လည်း လုပ်ငန်းရှင်အချို့က ပြောသည်။

"အစိုးရဘဏ်တွေမှာ လုပ်တဲ့အခါကျ တော့ လူတွေအရမ်းများပြီး အဆင့်ဆင့် သွားနေရတယ်။ တစ်ခုံတစ်ခုံမှာလည်း အကြာကြီး ကြာနေတတ်တာမျိုးရှိပါတယ်။ ဒီကြားထဲခွင့်ပြုချက်မရရင် တစ် နေကုန် သွားရော။ ပုဂ္ဂလိကဘဏ်တွေ မှာတော့ ဒီလိုမျိုးမရှိနိုင်ဘူးလို့ မျှော်လင့် ပါတယ်" ဟု အစိုးရဘဏ်များမှ တစ်ဆင့် မော်တော်ယာဉ်မှာယူခဲ့ဖူးသူ ပဲတင်ပို့ သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ဘဏ်များများလုပ်နိုင်သဖြင့် ကုန်သွယ်မှုလည်း ပိုမိုလျင်မြန်လာနိုင် ကြောင်း ၎င်းကပြောသည်။ "ကုန်သည်တွေဘက်ကလည်း တချို့ ထင်တာက အစိုးရဘဏ်တွေမှာဆိုရင် အထက်ကမေးတဲ့အခါမှာ ဘယ်သူက ပမာဏဘယ်လောက်ဆိုပြီး အတိအကျ တင်ပြ ရတယ်။ အခွန်ဌာနက မေးလည်း ဖြေရတယ်။ ပုဂ္ဂလိကဘဏ်က အကုန် ပြောစရာမလိုဘူး။ ပိုပြီးလုံခြုံမှုရှိတယ် လို့ထင်တာဖြစ်ပါ လိမ့်မယ် "ဟု ၎င်းက ပြောသည်။