ငါးရှဥ့်ဈေးနှုန်း စံချိန်တင်မြင့်တက်လာ

မြတ်ငြိမ်းအေး
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

မြန်မာနိုင်ငံ၏ ပြည်ပသို့ ငါးရှဥ့်တင်ပို့ မှုမှာ ပြီးခဲ့သည့်သုံးနှစ်အတွင်း သိသာ စွာ တိုးတက်လာခဲ့ပြီး ယခုနှစ်ဈေးနှုန်း သည် ၁၅ နှစ် အတွင်း အမြင့်ဆုံးဈေး အဖြစ် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅,၁၄၀ အထိ စံချိန်တင်မြင့် တက်ခဲ့ကြောင်း မြန်မာနိုင်ငံငါးရှဥ့် အသင်း တာဝန်ရှိသူများက ပြောသည်။

"ငါးရှဥ့်ဈေးက မေလမှာ တစ်တန်ကို ဒေါ်လာ ၃,၀၀၀ ကျော် ရှိပြီး ဇွန်လမှာ ၄,၀၀၀ ကျော်လာတယ်။ ဇူလိုင်မှာတော့ ၅,၀၀၀ ကျော် အထိ ဖြစ်လာတယ်။ မနှစ် ကဒီအချိန်မှာ တစ်တန်ကို ၄,၅၀၀ က အများဆုံးပဲ။ ဒီနှစ်မှာ ဆိုရင် ဇူလိုင်လ ၄ ရက်နေ့ဈေးက ဒေါ်လာ ၅,၁၄၀ ဖြစ်ပြီး ၁၅ နှစ်အတွင်းမှာ အမြင့်ဆုံးပဲ။ ငါးရှဥ့် တင်ပို့မှုက သုံးနှစ်အတွင်း တဖြည်းဖြည်း နဲ့ ၀င်ငွေတွေတိုးလာတယ်။ ငါးရှဥ့်နေ့ စဉ် တင်ပို့နှုန်းတွေလည်း ကောင်းပြီး တင်ပို့ သလောက် ဈေးကောင်းကောင်း ရတယ်" ဟု မြန်မာနိုင်ငံငါးရှဥ့်လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးဘသော်က ပြောသည်။

တစ်နေ့ တင်ပို့နှုန်းမှာ မက်ထရစ်တန် ၄၀ ရှိပြီး ငါးရှဥ့်များကို မန္တလေးမှတစ်ဆင့် မူဆယ်၊ လောက်ကိုင်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့ပြီး ကရင်ပြည်နယ် မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့သည်။

ငါးရှဥ့်တင်ပို့မှုမှာ ၂၀၁၀-၁၁ ဘဏ္ဍာ နှစ်တွင် မက်ထရစ်တန် ၇,၉၄၉ ဒသမ ၈၃ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၁-၁၂ တွင် ၁၀,၆၄၇ ဒသမ ၇၄၁ တင်ပို့နိုင်ခဲ့သည်။