အမေရိကန် ဗီဇာကုမ္ပဏီ မြန်မာဈေးကွက်သို့ဝင်ရန် ပြင်ဆင်
ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်း ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းကြီး တစ်ခု ဖြစ်သည့် အမေရိကန်ကုမ္ပဏီ Visa Inc သည် ငွေသားကိုသာ အများဆုံးကိုင် ဆောင်အသုံးပြုနေသည့် မြန်မာနိုင်ငံ ဈေးကွက်အတွင်း သို့ ၎င်းတို့၏ ပထမဆုံး
ခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင်းရှိ ဘဏ်
များ တွင် အီလက်ထရွန်းနစ်သုံး ငွေပေးချေစနစ်ကို အသုံးပြုနိုင်ရန်အ တွက် သင်တန်းတိုများပို့ချပေးခဲ့ကြောင်း အဆိုပါကုမ္ပဏီက ဩဂုတ်လ ၁၇ ရက်နေ့...
နည်းပညာလိုအပ်ချက်ကြောင့် သားရေလုပ်ငန်း ဈေးကွက်မ၀င်
အဆင့်မြင့် နည်းပညာလိုအပ်ချက်ကြောင့် အသင့်ချုပ်သားရေ အဆင့် အထိ ပြောင်းလဲနိုင်မှု မရှိသဖြင့် ၀င်ငွေ လျော့နည်းလျက်ရှိသော မြန်မာ နိုင်ငံ၏ ဒေသထွက်ကုန်တစ်ခုဖြစ်သည့် တိရစ္ဆာန်သားရေကို အခြေခံ ပြုလုပ် သည့် လုပ်ငန်း
ဖြစ်သည့် သားရေနယ်လုပ်ငန်းသည် တိမ်ကော လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံသားရေ
အသင်းဥက္ကဋ္ဌ ဒေါက်တာတင်အောင်ရွှေက ပြောသည်။
ဆန်စပါးအများပိုင်ကုမ္ပဏီ ရှယ်ယာရောင်းချ
ဆန်စပါး အများပိုင်ကုမ္ပဏီ၏ အစု ရှယ်ယာများကို ဩဂုတ်လ၂၆ ရက်နေ့ က ရန်ကုန်မြို့ Strand Hotel တွင် စတင် ရောင်းချခဲ့ပြီး အဆိုပါနေ့တွင် ရှယ်ယာ ၁ ဒသမ ၁ ဘီလျံ အတွက် အဆိုပြုလွှာရ ရှိကြောင်း ကုမ္ပဏီအမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။
ကနေဒါဝန်ကြီး လာမည်
ကနေဒါနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ဆန်းပိုင်းတွင် ပထမဆုံးအကြိမ်လာ ရောက်မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့ Channel News Asia သတင်းတွင် ဖော်ပြသည်။
ဂျစ်ကားဈေးကွက် ပျောက်လုနီးပါးဖြစ်လာ
ရန်ကုန် ကားဈေးကွက်အတွင်း တစ်ချိန်
က လူကြိုက်များကာ အရောင်းအ၀ယ် လိုက်ခဲ့သော ဂျစ်ကားများမှာ ဈေးကွက် ပျောက်ဆုံး လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဈေးနှုန်းများမှာလည်း အနှေးယာဉ်ဖြစ်သော ဆိုက်ကားဈေး
နှုန်းများနှင့် အနည်းငယ်သာ ကွာဟမှုရှိ
တော့ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်
သူများက ပြောသည်။
ငါးရှဥ့်ဈေးနှုန်း စံချိန်တင်မြင့်တက်လာ
မြန်မာနိုင်ငံ၏ ပြည်ပသို့ ငါးရှဥ့်တင်ပို့ မှုမှာ ပြီးခဲ့သည့်သုံးနှစ်အတွင်း သိသာ စွာ တိုးတက်လာခဲ့ပြီး ယခုနှစ်ဈေးနှုန်း သည် ၁၅ နှစ် အတွင်း အမြင့်ဆုံးဈေး အဖြစ် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅,၁၄၀ အထိ စံချိန်တင်မြင့် တက်ခဲ့ကြောင်း မြန်မာနိုင်ငံငါးရှဥ့် အသင်း တာဝန်ရှိသူများက ပြောသည်။
Star City အိမ်ရာစီမံကိန်းရှိ အဆောက် အအုံ အမှတ်(၄) အရောင်းစတင်ဖွင့်လှစ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် တည် ဆောက်ထားသည့် သန်လျင် မြို့နယ်၊ Star City အိမ်ရာစီမံကိန်းအတွင်းရှိ အခန်းပေါင်း ၂၆၄ ယူနစ် ပါဝင်ပြီး အထပ် ပေါင်း ၁၂ ထပ်ပါရှိသည့် ဘူသခု ၄ ကို ဩဂုတ်လ ၂၅ ရက်တွင် အရောင်းစတင်
ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
စွမ်းအင်ဆိုင်ရာမန်နေဂျာများ ပေါ်ထွက်နိုင်ရေးအတွက် ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခဲ့
မြန်မာနိုင်ငံအတွက် စွမ်းအင်ဆိုင်ရာ မန်နေဂျာများ မွေးထုတ်ရေး သင်တန်း ဒုတိယ အပတ်စဉ် Energy Manager Training (2nd Batch) ကို ဩဂုတ်လ ၂၀ မှ ၂၄ ရက်ထိ လှိုင်မြို့နယ်ရ Myanmar Info Tech ၌ ဖွင့်လှစ် သင်ကြားခဲ့ပြီး သက်ဆိုင်ရာကဏ္ဍစုံမှ သင်တန်းသား ၁၁ ဦး သင်တန်းတက် ရောက်ခဲ့ကြောင်း သိရှိရသည်။
တရားစွဲဆိုမှုများကြောင့်လက်လုပ်အုတ်လုပ်ငန်း ရှင်များ လုပ်ငန်းရပ်ဆိုင်းရတော့မည်ဟုသိရ
လယ်ယာမြေဆိုင်ရာ ဥပဒေများအရ အစိုးရ၏ တရားစွဲဆိုခြင်းခံရသော တိုက်ကြီး၊ မှော်ဘီ၊ ရွှေပြည်သာမြို့နယ် များရှိ လက်လုပ် အုတ်ဖုတ်လုပ်ငန်းများသည် စီးပွားရေးခက်ခဲကြပ်တည်းမှုများကြောင့် လုပ်ငန်းများရပ်ဆိုင်းရတော့ မည့် အခြေအနေနှင့် ရင်ဆိုင် နေရသည့် အပြင် အုတ်ဝိုင်းများတွင် နေထိုင်အလုပ် လုပ်ကိုင်လျက်ရှိသော အလုပ်သမား များစွာမှာလည်း လုပ်ငန်းရပ်ဆိုင်းမှု အပေါ် စိုးရိမ်ပူပန်လျက်ရှိနေကြသည် ဟု အုတ်ဖုတ်လုပ်ငန်းရှင်များနှင့် အုတ်လုပ်သားများက ဩဂုတ်လ တတိယပတ်တွင် ပြောသည်။
ဆွဲဆောင်နိုင်မယ့် ပြင်ဆင်မှုတွေနဲ့ ငှားသူတွေ နှစ်သက်မယ့် ဗိုလ်တထောင်မြို့နယ်က ကွန်ဒို တိုက်ခန်း
ဒီရက်ပိုင်းထဲ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် လုံးချင်း
အိမ်တွေပဲ ဖော်ပြ ရတာ များနေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ ကွန်ဒိုတိုက်ခန်း တစ်လုံးကို ရှားရှား
ပါးပါးရလို့ အပြေးသွားကြည့်ခဲ့ပါတယ်။
