၂၀၁၃ နှစ်ဆန်းမှသာ ဗီဇာ မာစတာကတ်များသုံးနိုင်မည်
နိုင်ငံတကာနှင့် ဆက်သွယ်အသုံးပြု နိုင်မည့် မာစတာနှင့် ဗီဇာကတ် စနစ်ကို စတင်နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်၏ ခွင့်ပြုပေးနိုင်မှုနှင့် နည်းပညာအချိန်ယူမှုတို့အပေါ်မူတည်ကာ ၂၀၁၃
နှစ်ဆန်းပိုင်းကာလတွင် စတင် အသုံး
ပြုနိုင်မည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။
လာမည့် ရက်များတွင် ရွှေဈေးဆက်တက်နိုင်
ရန်ကုန် ရွှေဈေးကွက်အတွင်း ရွှေဈေးမှာ
စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျပ် ၇၈၃,၀၀၀ သို့ တစ်ဟုန်ထိုးမြင့် တက်လာသော်လည်း အရောင်း အ၀ယ်မှာ ပုံမှန်အောက် လျော့နည်းလျက်ရှိကြောင်း ဈေးကွက်အတွင်း မှ ရွှေ လုပ်ငန်းရှင်များ
က ပြောသည်။
တရုတ်ကုန်စည်ပြပွဲ ရှေ့လတွင် ကျင်းပရန်ရှိ
China-Asean (Myanmar) ကုန်စည်ပြပွဲကိုလာမည့် နိုဝင်ဘာလ ၈ ရက်နေ့မှ ၂၀ရက်နေ့ထိ ရန်ကုန်မြို့တပ်မတော်ခန်းမတွင် ကျင်းပ သွားမည်ဟု ၊ N.M.T ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးသန့်က ပြောသည်။
ရန်ကုန်ကားဈေးကွက် အပ်ကားဈေးနှုန်းများ အနည်းငယ်တက်
ယခုတစ်ပတ် ကားဈေးကွက်အတွင်း စလစ်ဈေးနှင့် အပ်ကားဈေးနှုန်းအနည်း ငယ်မြင့်တက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ အထက် ကားအချို့သာ အရောင်း အ၀ယ်ဖြစ်လျက်ရှိကြောင်း ကားဈေး ကွက်မှ လုပ်ငန်းရှင်များက ပြောသည်။
"ဆန်စပါးလုပ်ငန်းတိုးတက်ဖို့အတွက် ငွေကြေးထက် နိုင်ငံတော်ရဲ့ အသိအမှတ်ပြု အားပေးတာကို ပိုပြီး လိုအပ်ပါတယ်"
လက်ရှိအချိန်တွင် တောင်သူလယ်သမားများအနေဖြင့် မြေယာပိုင်ဆိုင် မှုဆိုင်ရာ အငြင်းပွားမှုများနှင့် ကြုံတွေ့ နေရခြင်း၊ ဆန်စပါးအထူးပြု ကုမ္ပဏီအများစုက ချေးငွေများ ရပ်ဆိုင်းလိုက်ခြင်းတို့ကြောင့် ယခုနှစ် စိုက်ပျိုးရာသီ တွင် စပါးအထွက်နှုန်းလျော့ကျပြီး လာမည့်နှစ်စိုက်ပျိုးရာ သီတွင် အခက်အခဲများ ကြုံလာရဖွယ်ရှိသည့် အခြေအ နေများဖြစ်ပေါ် လျက်ရှိသည်။
ယခုနှစ် ရာသီဥတုနှင့် လာမည့်နှစ် ပို့ကုန်အခြေအနေများ
မြန်မာနိုင်ငံ၏ စိုက်ပျိုးကဏ္ဍတွင် ယခုနှစ်မုတ်သုံရာသီတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရန်ခက်ခဲခဲ့သဖြင့် လာမည့်ရိတ်သိမ်း ရာသီတွင် အထွက်နှုန်းထိခိုက်မှုများ ရှိနိုင်ကာ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ် သော စိုက်ပျိုးသီးနှံများဖြစ်သည့် ဆန်နှင့် ပဲမျိုးစုံ ပို့ကုန်ပမာဏကျဆင်းနိုင်သည်ဟု စိုက်ပျိုးရေးပညာရှင်များနှင့် ပြည်တွင်း ရှိ ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ် ကြသည်။
မြန်မာ့ပျားရည် ပြည်ပဈေးကွက်ဈေးကောင်းရရန် နည်းပညာများ မြှင့်တင်ကာ ပြည်ပစားသုံးသူ အကြိုက် လုပ်ဆောင်နိုင်ရန် လိုအပ်
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တစ်ခုဖြစ်သော မြန်မာ့ပျားရည်သည် ကုန် ကြမ်း အဆင့်ဖြင့်သာ ပြည်ပနိုင်ငံများသို့ တင်ပို့နေရသည့်အတွက် ဈေး အနည်းငယ်သာ
ရရှိနေပြီး ကုန်ချောအဖြစ်ပြုပြင် ပြောင်းလဲမှု (value added) ပြုလုပ် ကာ တင်ပို့နိုင်မည်ဆိုပါက ယခုလက်ရှိ တင်ပို့နေသော ဈေးထက်ပိုမို၍ ဈေးကောင်းရရှိနိုင်မည်ဖြစ်သည် ဟုပျားလုပ်ငန်းရှင်များ က ပြောသည်။
မေသူအိမ်ရာတွင် နေထိုင်သူများက ကန်ထရိုက်တာအား တာဝန်မကျေပွန်မှုကြောင့် သက်ဆိုင်ရာ သို့ တိုင်တန်း
ကားပါကင်ကြေး တိုးမြှင့်ကောက်ခံမှုမှစတင်၍ မေသူအိမ်ရာ၏ တိုက်မျက်နှာစာညာဘက်ခြမ်းတွင်ရှိသော
ကြိဂံပုံ မြေကွက်အား နေထိုင်သူ
တိုက်ခန်းရှင်များ၏သဘောတူခွင့်ပြုချက်မပါရှိဘဲအထပ်မြင့်အဆောက် အအုံဆောက် လုပ်ရန် စီစဉ်နေခြင်းနှင့် တိုက်ခန်းရှင်များပေါ်တွင်ရေနှင့် လျှပ်စစ်မီတာသုံးစွဲခွန်များကို
မှန်ကန်မျှတမှုမရှိစွာ ကောက်ခံနေခြင်း
များက ကမာရွတ်မြို့နယ်၊ အမှတ်(၁)
ရပ်ကွက် ...
Sweety Home & Living Products Expo ပြပွဲကျင်းပမည်
Myanmar Professional Services (M.P.S) Company Limited မှ ကြီးမှူး၍ "Sweety Home & Living Products Expo 2012" ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမတွင် စက်တင်ဘာ၂၀ ရက်မှ ၂၃ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရှိရသည်။
တံတားသစ်ကြောင့် မြောက်ဒဂုံ အိမ်၊ ခြံ၊ မြေ ပြန်လည်လှုပ်ခတ်လာနိုင်
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအောက်ရှိ လမ်းတံတား ဌာနမှတာဝန်ယူတည်ဆောက်၍ မကြာမီ ဖွင့်လှစ်မည်ဖြစ်သောမြောက် ဒဂုံမြို့နယ်တွင်းရှိ ဘေလီတံတားနှင့် အပြိုင်တည်ရှိမည့် တံတားသစ် တစ်စင်းထပ် မံ
တည်ဆောက်လိုက်ခြင်းက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာနိုင်ခြင်းအားဖြင့် ငြိမ်သက်နေသော မြောက်ဒဂုံ အိမ်၊ ခြံ၊ မြေဈေးကွက်ကို လှုပ်ခတ်နိုင်လိမ့်မည်ဟု အကျိုးဆောင်များက ပြောသည်။
အိမ်သစ်ဆောက်လုပ်ရန် လိုအပ်မှုများကြောင့် ဘဂ္ဂဒက်တွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိ
ဘဂ္ဂဒက် - များပြားလှစွာသော အိမ်ရာမလောင်ငမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဘဂ္ဂဒက်မြို့တွင် အိမ်အသစ် ၇၅၀,၀၀၀ဆောက် လုပ်ရန် လိုအပ်နေခြင်းကြောင့် အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းသစ်တစ်ခု အတွက် လေလံဈေးပြိုင်ခေါ်သူများကို ဖိတ်ခေါ်ကြောင်း အီရတ်၏ ရင်းနှီးမြှုပ် နှံမှုကော်မရှင်အကြီးအကဲက ဇူလိုင်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ယူကေထိပ်တန်းဗိသုကာဆုအတွက် အိုလံပစ်အားကစားကွင်း အလားအလာရှိနေ
လန်ဒန် အိုလံပစ်အားကစားကွင်းကို ဗြိတိန် ထိပ်တန်းဗိသုကာဆုဖြစ် သည့် 2012 Stirling Prize ဆုအတွက် ဆန်ခါတင်ရွေးချယ်ထားသည် ဟု ဗြိတိန်တော်ဝင်ဗိသုကာပညာရှင်များ အသင်း (RIBA) က ဇူလိုင်လ ၂၂ ရက် နေ့တွင် ထုတ်ပြန် ကြေညာထားသည်။
အပြင်ပိုင်းဒီဇိုင်းရိုးရှင်းပေမယ့် အိမ်တွင်းပိုင်းကို လှပစွာပြင်ဆင်ထားတဲ့ သုဝဏ္ဏကလုံးချင်းတိုက်
အပတ်စဉ် စိတ်ကြိုက်အိမ်ရှာဖွေ
ရေးသားနိုင်ရေးအတွက် မြို့နယ်စုံ
က အိမ်တွေကို တင်ဆက်ပေးခဲ့ရာမှာ
ဒီတစ် ပတ်တော့ သုဝဏ္ဏမြို့နယ် ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။
