ယခုနှစ်အတွင်း တောင်သူလယ်သမားညီလာခံ ကျင်းပသွားရန်ရှိ
အသင်းဝင်ပေါင်း ၅၀,၈၆၀ ဦးပါဝင် သော 'မြန်မာနိုင်ငံတောင်သူလယ်သမား များအသင်း' ကို စက်တင်ဘာလ ၁၆ ရက်နေ့က မြို့နယ် ပေါင်း ၇၀ ကျော်မှ တက်ရောက်လာသော တောင်သူကိုယ် စားလှယ် ၂၀၀ ကျော်၏ အဆိုပြုချက်ဖြင့် ဖွဲ့စည်းလိုက်ပြီး ယခုလအတွင်း တရားဝင်အသင်းမှတ်ပုံတင်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကာ လာမည့်ခြောက်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တောင်သူ လယ်သမားညီလာခံ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြောသည်။
မွေး/ရေ လုပ်ငန်း၂၆ ခုကို ပုဂ္ဂလိကပိုင်လုပ်ငန်း ဖွဲ့ရန်ရှိ
မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ လုပ်ငန်း ၂၆ ခုကို ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ်များကိုလည်း အများပိုင်ဘဏ် အသွင်ကူးပြောင်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအုန်းမြင့်က ပြောသည်။
အရစ်ကျကားရောင်းချမှု လူနည်းစုသာ ၀ယ်ယူနိုင်
ကားကုမ္ပဏီများမှ တင်သွင်းလာသည့် မော်တော်ယာဉ်များကို အရစ်ကျစနစ်ဖြင့်ရောင်းချမှုရှိသော်လည်း ၀ယ်ယူသူများအတွက် အရစ် ကျစနစ်ဖြင့် ငွေပေး ချေမှုမှာ သာမန်လခစားဝန်ထမ်းများ၏ ၀င်ငွေဖြင့်နှိုင်းယှဉ်ပါက ၀ယ်ယူနိုင်ရန် ရာခိုင်နှုန်း အနည်းငယ်သာ ရှိခြင်း ကြောင့် အခြေခံလူတန်းစားအများစု၏ ပျမ်းမျှဝင်ငွေပေါ်မူတည်၍ ၀ယ်ယူနိုင်မည့် အရစ်ကျစနစ်ကို ဆောင်ရွက်ပေးသင့်ကြောင်း လခ စားဝန်ထမ်းများနှင့် ကား ၀ယ်ရောင်းများက ပြောသည်။
ရွှေဈေး မြင့်ဆဲ
ရန်ကုန် ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမှာ ယခုလလယ်ပိုင်းတွင် ဈေးကွက်တစ်လျှောက် အမြင့်ဆုံးဈေးသို့ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြည်တွင်းဒေါ်လာ ဈေးမှာမူ ကျဆင်းလာကာ ထိုကဲ့သို့ ဒေါ်လာဈေးမခိုင်မာမှုကြောင့် ရွှေကို ပိုမိုစုဆောင်းဝယ်ယူမှုများလာခြင်းကြောင့် ယခုကဲ့သို့ ရွှေဈေးအတက်ကြမ်းခြင်းဖြစ် ကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင် များက သုံးသပ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူကြမ်းတွင် လိုအပ်ချက်များရှိနေသေး
ထွက်ပေါ်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမူကြမ်းအပေါ် မွေးမြူရေး နှင့် ရေလုပ်ငန်းအဖွဲ့ချုပ်မှ လုပ်ငန်းရှင်များက သဘောတူ ကြိုဆိုခဲ့ကြသော်လည်း ၎င်းတို့လုပ်ငန်းများအတွက် လိုအပ်ချက် များစွာရှိသေးကြောင်းပြောသည်။
ခေတ်သစ်ဘဏ်လုပ်ငန်းလမ်းကြောင်းပေါ် ပြန်လာတဲ့ မြန်မာ
ပြီးခဲ့တဲ့ ကိုးလဆယ်လလောက်ကဆိုရင် မြန်မာနိုင်ငံမှာ အေတီအမ်စနစ်နဲ့ ပတ်သက်လို့ တစ်ခုတလေတောင် အသုံးပြုတာမျိုး မရှိခဲ့ ပါဘူး။ ဒါပေမယ့် ပြည်တွင်းဈေးဝယ် ကတ် စနစ်စတင်ကျင့်သုံးခဲ့တာမျိုး အပါအ၀င် ဘဏ်လုပ်ငန်းကဏ္ဍမှာ ပြုပြင်ပြောင်းလဲ မှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက် ပေါ်လာခဲ့ပြီးနောက်ပိုင်းနဲ့ အမေရိကန် နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထား တဲ့ စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့တဲ့ နောက်ပိုင်းမှာ Visa ကုမ္ပဏီနဲ့ MasterCard ကုမ္ပဏီတွေ ဟာ ကြွေးဝယ်ကတ်စနစ်ကို မြန်မာ နိုင်ငံ မှာ အလျင်အမြန် အသုံးပြုလာနိုင်စေ ဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အမ်ပီယူ ဒေတာစင်တာ ဖွင့်လှစ်ပြီ
ကတ်စနစ်သုံးငွေပေးချေမှုကို အကောင် အထည်ဖော်မည့် Myanmar Payment Union(MPU) ဒေတာစင်တာကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးချုပ်တွင် စက်တင် ဘာလ ၁၄ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။
နိုင်ငံပိုင်တရားရုံးအဆောက်အအုံများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခြင်းကို ရှေ့နေများကွန်ရက် အဖွဲ့မှ တရားဝင်ကန့်ကွက်
မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အဖွဲ့မှ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် လက်ရာ
အဆောက်အအုံနှစ်ခုဖြစ်သော ပန်းဆိုး
တန်းလမ်းနှင့် မဟာ ဗန္ဓုလပန်းခြံလမ်း
ထောင့်ရှိ High Court တရားရုံးနှင့်
ကမ်းနားလမ်း နှင့် ဘဏ်လမ်းထောင့်တွင်
ရှိသော စမောလ်ကုတ်တရားရုံးများကို
ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်း
လုပ်ကိုင်စေတော့မည်ဟု ကြား သိနေရခြင်းကို တရားဝင်ကန့်ကွက်ခြင်း၊ ...
မြေစိုက်ကြော်ငြာဘုတ် စံအရွယ်အစားကန့်သတ်လိုက်ခြင်းနှင့် ကြော်ငြာဘုတ်ငယ်များ ဖြုတ်သိမ်း ခိုင်းခြင်းက လုပ်ငန်းရှင်များကို ထိခိုက်မှုရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်း/တံတားဌာနမှ ရန်ကုန်မြို့တော်တွင်းရှိ မြေစိုက်
ကြော်ငြာဆိုင်းဘုတ်များ စနစ်တကျ
ရှိစေရန်နှင့် မြို့တော်သာယာလှပစေရန်အတွက် ဆိုင်းဘုတ်စိုက်ထူရန် ခွင့်ပြုနိုင်သည့် ကြော်ငြာစံအရွယ်အစားသတ်မှတ်လိုက်ခြင်းကအလတ် စားနှင့်
အငယ်စားစီးပွားရေး လုပ်ငန်းများနှင့်
ကြော်ငြာလုပ်ငန်းရှင်များ ကို ထိခိုက်ကြောင်း ကြော်ငြာလုပ်ငန်းရှင်များက ...
ပြည်လမ်းပေါ်ရှိ နိုင်ဂရု(ပ်)၏ ကမ္ဘောဇတာဝါထပ်မံတိုးချဲ့ဆောက်လုပ်မည်
နိုင်ဂရု(ပ်)ဆောက်လုပ်ရေးမှ တာဝန် ယူ တည်ဆောက်သည့် ပြည်လမ်းနှင့် ဗားဂရာလမ်းဆုံ၊ မြေနီကုန်းမီးပွိုင့်အနီးရှိ ကမ္ဘောဇတာဝါ (KBZ Tower) ကို ထပ်မံ တိုးချဲ့တည်ဆောက်မည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ကျင်းပသည့် The Most Amazing Exhibition & Car Show တွင် နိုင်ဂရု(ပ်) ဆောက်လုပ်ရေးမှ marketing advisor ဦးခွန်ထူးက ပြောသည်။
ဒေါ်လာခြောက်ဘီလျံတန် အပန်းဖြေ စီမံကိန်းကြီး စပိန်နိုင်ငံတွင် ပေါ်ထွက်ရန်ရှိနေဟုသိရ
စပိန်နိုင်ငံရှိ ကြွေးမြီဖိစီးနေသည့် Catalonia ဒေသအုပ်ချုပ်ရေးအဖွဲ့သည် ကန်ဒေါ်လာခြောက်ဘီလျံတန် "Barcelona World"အပန်း ဖြေစခန်း စီမံကိန်းကြီးတစ်ခုကို စီစဉ်ထားကြောင်း နှင့် အဆိုပါ စီမံကိန်းအတွက် ငွေကြေး မတည်မည့်သူ မတွေ့သေးသည့်အပြင် သ ဘောတူလက်မှတ်ရေးထိုးထားခြင်းလည်း မရှိသေးကြောင်း စက်တင်ဘာ ၇ ရက်နေ့တွင် လူသိရှင်ကြား အသိပေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံမြို့များတွင် အိမ်ဈေးနှုန်းများ ထပ်မံမြင့်တက်
ပေကျင်း - တရုတ်အိမ်ခြံမြေဈေးကွက် အတွင်း စည်းကမ်းတင်းကျပ်မှုများ လျော့ကျလာနိုင်သည့် အလားအလာ မျှော်မှန်းချက်များ ရှိ နေသည့်အချိန် အတောအတွင်းမှာပင် ထပ်မံ၍ တရုတ် မြို့တော်များအတွင်း အိမ်သစ်ဈေးနှုန်း များ ဇွန်လကုန်မှစပြီး ဇူလိုင်လအတွင်း မြင့်တက်မှုရှိခဲ့ကြောင်း အစိုးရက ဩဂုတ် ၁၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။
အိမ်အပြင်ပိုင်းပြင်ဆင်ဖို့ လိုအပ်နေပေမယ့် အတွင်းပိုင်းပြင်ဆင်မှုနဲ့ ဆွဲဆောင်နိုင်မယ့် ဗဟန်းမြို့ နယ်က လုံးချင်းအိမ်
ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကတော့ ၀င်ဒါမီယာ အိမ်ရာထဲမှာရှိတဲ့ တစ်ထပ်တိုက် လုံးချင်းအိမ်လေးပဲ ဖြစ်ပါ တယ်။ ဒီအိမ်လေးက အငှား ဖြစ်ပြီး ကျွန်မတို့ သွားကြည့်တဲ့အချိန်မှာတော့ ပြင်ဆင်မှု သိပ်မပြီးပြတ် သေးတာကို တွေ့ခဲ့ရပါတယ်။
