နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား ဖိတ်ကြားလိုက်ပြီ
ဧပြီ ၁ ရက် ကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာ ရန် အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ လေ့လာ စောင့်ကြည့်သူများအား မြန်မာအစိုးရက ဖိတ်ကြားလိုက်ပြီဟု အစိုးရအရာရှိ တစ်ဦးက မတ်လ ၂၁ ရက်နေ့တွင် ပြောကြားသည်။
မြစ်ဆုံရွာများမှ ပြောင်းရွှေ့ခံရသည့်ဒေသခံများ အသက်မွေးလုပ်ငန်းများ အခက်တွေ့နေ
ဧရာဝတီမြစ်ဆုံ အနီးတစ်ဝိုက်မှရွာများ ဖြစ်သော မြစ်ဆုံ၊ တန်ဖဲ၊ ပဒန်ရွာ သုံးရွာမှ မိသားစုဝင်များသည် မြစ်ကြီးနား မြစ်ဆုံ လမ်းရှိ အောင်မြေသာရွာသို့ ရွှေ့ပြောင်း နေထိုင်လျက်ရှိသော်လည်း အသက်မွေး ၀မ်းကျောင်းလုပ်ငန်းများတွင် အခက် တွေ့လျက်ရှိကြောင်း သိရသည်။
ဒဲရစ်မစ်ချဲလ်က မြန်မာလွှတ်တော်တွေကို ချီးကျူး
လွန်ခဲ့သောတစ်နှစ်ကျော်က စတင် ကျင်းပလာခဲ့တဲ့ အမျိုးသားလွှတ်တော်ရဲ့ လုပ်ဆောင်မှုများဟာ "အလွန်ထူးခြား လှပါတယ်"လို့ အမေရိကန်အထူးသံ ကိုယ်စားလှယ်မစ္စတာ ဒဲရစ်မစ်ချဲလ်က ယခင်သီတင်းပတ်က ပြောသွားတယ်။ "သူတို့ကို ရော်ဘာတံဆိပ်တုံး နှိပ်ပေး တဲ့အဆင့်ထက် အများကြီးပိုတယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး"လို့ ရန်ကုန် မှာ မတ်လ ၁၇ ရက်တွေ့ဆုံမေးမြန်းပွဲမှာ မစ္စတာမစ်ချဲလ်က ပြောခဲ့ပါတယ်။
အဓမ္မစေခိုင်းမှုပပျောက်ရေးကို ရပ်/ကျေးဥပဒေတွင် ထည့်သွင်းရန် အဆိုတင်
နိုင်ငံတစ်ဝန်းလုံးတွင် အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက်၊ ရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်စုအဆင့်မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ရန် မတ်လဆန်းတွင် အတည်ပြုခဲ့ပြီးသော ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ၌ အဓမ္မ ခိုင်းစေမှုဆိုင်ရာ တားမြစ်ချက်များ ထည့် သွင်းရန်အဆိုကို ပြည်ထဲရေးဝန်ကြီး ဌာနက ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၄ ရက် မြောက်နေ့ (၂၁-၃-၂၀၁၂) ၌ တင်သွင်း ခဲ့သည်။
မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များနှင့် တွင်ကျယ်စွာ ဆက်ဆံနိုင်၊ အမြင်ချင်း၊ အတွေ့အကြုံ ချင်း ဖလှယ်နိုင်ခွင့် ပိုမိုရရှိလာစေရန် နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (Int'l Parliamentary Union:- IPU) သို့ ၀င် မည်ဟု ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ (၁၆-၃-၂၀၁၂) တွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။
မဲဆန္ဒနယ် ၄၀ ၀န်းကျင်လောက် နိုင်မယ်လို့ မျှော်လင့်ပါတယ်
အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်း ပေါ်မှာ အခြေပြုပြီးလုပ်တယ်။ ဒီရွေးကောက်ပွဲ ကြေညာစာတမ်း မှာပါတဲ့ အချက်တွေကို ပြည်သူတွေအားလုံး နားထဲ လက်ထဲ ရောက်အောင် အန်ကယ် ကြိုးစားလုပ် တယ်။ အန်ကယ်တို့လုပ်တဲ့ ကာလမှာ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေ အများကြီးရှိတယ်။ လူတိုင်း သိနေတဲ့ မဲ စာရင်းတွေက အလွန့်အလွန်ကို မှားနေတယ်။
"ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်"
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး
ရေးပါတီအနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆွယ်စည်းရုံးမှုကို ဘယ်လို ပုံစံနဲ့ လုပ်ခဲ့ပါသလဲ။ လုပ်ခဲ့
ရသလောက်မှာ ပြည်သူရဲ့အားပေး
မှုနဲ့ လွတ်လပ်မှုကိုရော ကျေနပ်
အားရမှု ရှိပါသလား။
လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရန် 'ကန်'ကိုယ်စားလှယ် ပြောကြား
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ၏ မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ဒဲရစ် မစ်ချဲလ်က လာမည့်ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ် မျှတပြီး
ပွင့်လင်းမြင်သာမှုရှိရန်လိုကြောင်း၊၎င်း၏
ခရီးစဉ်တစ်လျှောက် ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။
ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ
နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော် သီရိလေးမြို့နယ် တွင် ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်
ရွေးကောက်ပွဲသည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့ကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုဖြစ်မည်ဟု နိုင်ငံရေး ပါတီများနှင့် ဒေသခံများက ဆိုသည်။
ရွေးကောက်ပွဲ မဲစာရင်း ၂၄ ရက်နေ့အပြီး ပြုစုမည်
လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးနိုင် သည့် မဲဆန္ဒရှင်များစာရင်းကို ယခုလ ၂၄ ရက် နောက်ဆုံးထား၍ ပြုစုမည်ဖြစ် သည်ဟု နေပြည်တော် ခရိုင်ရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ယခုလ ၁၉ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။
မိတ္ထီလာ ကိုယ်စားလှယ်လောင်း အမှု ခရိုင်တရားရုံးက ပလပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာမည်ကို အသုံးပြုသည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာ မြို့နယ်မှ တစ်သီး ပုဂ္ဂလ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်အေး၏ အမှုကို မိတ္ထီလာ ခရိုင်တရားသူကြီးက မတ်လ ၁၃ ရက်နေ့ တွင် ပလပ်လိုက်ကြောင်း ဒေါ်မြင့်မြင့် အေးက ပြောသည်။
နေပြည်တော်တွင် မဲပေးနိုင်သူဦးရေ ၂၀၁၀ ခုနစ်ကထက် လျော့နည်းသွား
ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော်ရှိ မဲပေးနိုင်သူဦးရေသည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ ကထက် လျော့နည်းသွား သည်ဟု နေပြည်တော်ခရိုင်ရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ယခုလ ၁၉ ရက်နေ့ က ပြောသည်။
အင်န်အယ်လ်ဒီ အတွက် အနုပညာရှင်များ၏ မဲဆွယ်ရေး ခရီးစဉ် မတ် ၂၆ ရက်နေ့ စမည်
မကြာမီကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အောင်နိုင် ရေးအတွက် အနုပညာရှင်များ ပါဝင် သော မဲဆွယ်စည်းရုံးရေး ခရီးစဉ်သည် မတ်လ ၂၆ ရက်နေ့တွင် စတင်ထွက်ခွာ မည်ဖြစ်ကြောင်းသိရသည်။
ရှပ်ပြေးရေယာဉ်နစ်မြုပ်မှု ၁၁ ဦး သေဆုံး၊ ၁၃ ဦး ပျောက်ဆုံး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်နှင့် ငပုတောသို့ ပြေးဆွဲ နေသော ပုသိမ်သူ(၁၁) ရှပ်ပြေး ရေယာဉ် သည် မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်က တိမ်းမှောက်နစ်မြုပ်သွားခဲ့ရာ မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်အထိ အမျိုးသားတစ်ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစု
ပေါင်း ၁၁ ဦး သေဆုံးပြီး ၁၃ ဦး ပျောက်ဆုံး
နေဆဲဖြစ်ကာ ၆၈ ဦးကို ကယ်တင် နိုင်ခဲ့
ကြောင်း ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက မြန်မာတိုင်း(မ်)ကို ပြော
သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဗဟိုဦးစီးအဖွဲ့မှ ပယ်ဖျက်
နိုင်ငံတော်သမ္မတက ၂၀၁၁၊ စက်တင် ဘာလ ၅ ရက်တွင် ဖွဲ့စည်းပေးခဲ့သော 'မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်' ဖွဲ့စည်းခြင်းသည် အခြေခံ ဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ် ခြင်းမရှိကြောင်း ဥပဒေမူကြမ်း ပူးပေါင်း ကော်မတီက သဘောထားမှတ်ချက် တင်ပြလာသည့်အတွက် ၎င်းကော်မရှင် က တောင်းဆိုလာသော ၂၀၁၂-၁၃ ဘတ်ဂျက်အား ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ရုံသာမက ၎င်းကော် မရှင်အား နိုင်ငံတော်ဗဟိုဦးစီးအဖွဲ့ တွင် ထည့်ထားခြင်းတို့ကိုပါ ပယ်ဖျက် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက မတ်လ ၁၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်တွင် လွှတ်တော်သို့ပြောသည်။
မဇ္ဈိမ အပတ်စဉ်ဂျာနယ်အား မေလဆန်း စတင်ထုတ်ဝေနိုင်ရန် မျှော်မှန်းထား
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် မဇ္ဈိမ မီဒီယာကုမ္ပဏီလီမိတက်သည် မြန်မာဘာသာဖြင့် အပတ်စဉ် သတင်း ဂျာနယ်အား လာမည့်မေလဆန်းမှာ စတင်ခါ အစောဆုံးထုတ်ဝေရန် မျှော် လင့်ထားကြောင်း အုပ်ချုပ်မှုအယ်ဒီတာ နှင့် ထုတ်ဝေရေးဒါရိုက်တာ ဖြစ်သူ ဦးစိန်ဝင်းက ပြောသည်။
အလုပ်သမားရေးရာဆန္ဒပြမှုများ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် ဥပဒေနှင့် မသက်ဆိုင်
နိုင်ငံတော်သမ္ဓတ၏ လက်မှတ်ရေးထိုး ထုတ်ပြန်မှုဖြင့် မတ်လ ၉ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည့် အလုပ် သမား အဖွဲ့အစည်း ဥပဒေအရ အလုပ် သမားရေးရာ ကိစ္စရပ်ဖြင့် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေနှင့် အကျုံးဝင်ခြင်း မရှိဘဲ သီးခြား ဆောင်ရွက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမား ညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။
အမရာဟိုတယ်မှ မြတ်ဆုမွန် ဂေဟာသို့ လှူဒါန်း
နေပြည်တော်အခြေစိုက် အမရာဟိုတယ်မှ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာ၊ မြတ်ဆုမွန်ပရဟိတဂေဟာ သို့ ကျပ် ၆၀၀,၀၀၀ ခန့်ကို ယခုလ ၁၄ ရက်က သွားရောက်လှူဒါန်းခဲ့သည်ဟု အဆိုပါဟိုတယ် အထွေထွေမန်နေဂျာ ဒေါ်သိန်းသိန်းမြင့်က ပြောသည်။
ရခိုင်ကမ်းလွန် အေ-၆ ၌ သဘာဝဓာတ်ငွေ့ခိုအောင်းမှု ထပ်မံတွေ့ရှိ
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော MPRL E&P Pte Ltd သည် မြန်မာ နိုင်ငံ၏ ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ် ကွက် အမှတ်အေ-၆၌ အစမ်းတွင်း အမှတ် Pyi Thar -1 STအား တူးဖော် ရာတွင် အနက်ပေ ၄,၂၇၀ ခန့်တွင် ပေ ၁၈၀ ခန့်ထူသော သဲကြော၏ အတွင်း အပေါ်ပိုင်းအထူ ပေ ၂၀ နှင့် အခြားသော သဲကြော အချို့တွင် သဘာဝဓာတ်ငွေ့ များ ခိုအောင်းနေသည်ကို တွေ့ရှိရကြောင်း MPRL E&P Pte Ltd မှ သတင်းထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ကူညီထောက်ပံ့ရေးပစ္စည်းများ လိုအပ်နေဆဲ
ကချင်ပြည်နယ်အတွင်း ပဋိပက္ခများ
ကြောင့် နေရပ်များမှ စွန့်ခွာပြီး ဒုက္ခသည် စခန်းများတွင် နေထိုင် နေကြရသည့်
ဒေသခံများအား မိမိတို့၏ နေရပ်များသို့ မေလမတိုင်မီ ပြန်လည်ရွှေ့ပြောင်း နေထိုင် နိုင်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ဆောင် ရွက်လျက်ရှိသော်လည်း လက်ရှိအနေ အထားတွင် အခက်အခဲရှိနေ သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။
အမေရိကန်စင်တာတွင် သင်တန်းကြေးတိုးမြှင့်လိုက်၍ ကျောင်းသားများအခက်တွေ့
ရန်ကုန်မြို့၊ အမေရိကန်စင်တာတွင် သင်တန်းကြေးများကို တိုးမြှင့်လိုက်သည့် အတွက် သင့်တင့်သောနှုန်းထားများ ပြန်လည် သတ်မှတ်ပေးရန် ကျောင်းသား အချို့က အမေရိကန်စင်တာမှ တာဝန် ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့သလို ကျောင်းသားအချို့ ကလည်း အသံတိတ် ဆန္ဒပြမှုများကို မတ်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
ချေးငွေဖြင့်ဆောင်ရွက်မည့် စက်မှုစီမံကိန်းများအား ဆိုင်းငံ့
၂၀၁၂-၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံ ကိန်း ဥပဒေကြမ်းများအား လွှတ်တော် က ဝေဖန်စိစစ် ဖြတ်တောက်ခြင်း၊ ဆိုင်းငံ့ ခြင်း၊ ရွှေ့ပြောင်းခြင်းတို့ ဆောင်ရွက် လျက်ရှိရာ မတ်လ ၁၅ ရက်၌ ကျင်းပ ခဲ့သော ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၀ ရက် မြောက်နေ့တွင် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ စက်မှုစီမံကိန်းဦးစီးဌာန လုပ်ငန်းများမှ ချေးငွေဖြင့် ဆောင်ရွက် မည့် လုပ်ငန်းများအား ၁၀၀ ရာခိုင်နှုန်း ဆိုင်းငံ့ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
မီဒီယာဥပဒေသစ် ယခုနှစ်ကုန်တွင်ပေါ်ထွက်လာရန် ရည်မှန်း
မြန်မာနိုင်ငံ၏ မီဒီယာဥပဒေသစ်ကို ယခုနှစ်ကုန်တွင် ပေါ်ထွက်လာရန်ရည် မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က မတ်လ ၁၉ ရက် ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပ သော မီဒီယာကွန်ဖရင့်တွင် ပြောသည်။
မြန်မာမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာညီလာခံမှ ပိုမိုပွင့်လင်း တိုးတက်သော မြန်မာမီဒီယာ ကဏ္ဍဖော်ဆောင်နိုင်ရန် ဦးတည်
မြန်မာမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာညီလာခံ၂၀၁၂ သည် မြန်မာနိုင်ငံ တွင် ပိုမိုပွင့်လင်း တိုးတက်သော မီဒီယာ ကဏ္ဍ ဖော်ဆောင်နိုင်ရေးအတွက် ခြေလှမ်းသစ်စတင်လိုက်ခြင်းဖြစ်သည်။
ငွေလွှဲလုပ်ငန်းများ ရပ်ဆိုင်းထားခြင်းမဟုတ်
မန္တလေးမြို့ရှိ ဘဏ်များနှင့် ပြင်ပငွေလွှဲ လုပ်ငန်းများမှ နယ်စပ်ဒေသများသို့ ငွေ လွဲပို့ခြင်းလုပ်ငန်းများကို ရက်အနည်း ငယ်ရပ်ဆိုင်း မည်ဆိုသော သတင်းများ ပေါ်ထွက်ခဲ့သော်လည်း ၎င်းမှာမဟုတ် မှန်ဘဲငွေလွှဲလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးကားမောင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အတွက် ဆွေးနွေး
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကား မောင်း ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အတွက် ဆွေးနွေးမှုများ လည်း ဆောင် ရွက်ခဲ့ကြောင်း ချစ်ကြည်ရေးခရီးစဉ်တွင် ပါဝင်ခဲ့သော North East Federation of International Trade မှ ဒုတိယ ဥက္ကဋ္ဌ Mr Chandrakeshor Singh က မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့သို့ ချစ်ကြည်ရေးကားမောင်းအဖွဲ့ ရောက်ရှိ
စဉ်တွင် ပြောကြားသည်။
ကချင်ပြည်နယ် အတွက် 'ကန်'က ဒေါ်လာ တစ်သန်းခွဲ လှူဒါန်းမည်
ကချင်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင် နေရသော ပြည်သူများအတွက် အမေ ရိကန်ပြည်ထောင်စုက အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းလှူဒါန်း သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာဒဲရစ်မစ်ချယ်က မတ်လ ၁၅ ရက်နေ့ တွင် ပြောကြားသည်။
ကျောက်ကပ် အစားထိုးခွဲစိတ်မှုများကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်ပေးနေ
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးရန် လိုအပ်နေသည့် နာတာရှည် ကျောက်ကပ်ရောဂါ အဆင့် ရှိ ဝေဒနာသည် လူနာများအား တစ်လ လျှင် တစ်ကြိမ် ပုံမှန်ခွဲစိတ်မှုအဖြစ် ရန်ကုန် ဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ဌာနနှင့် မင်္ဂလာဒုံစစ်ဆေးရုံကြီး တို့တွင် ခွဲစိတ် ပေး သွားရန်ရှိကြောင်း ရန်ကုန်ဆေးရုံကြီး ဆီး နှင့်ကျောက်ကပ်ဌာနမှ ဌာနမှူး ပါမောက္ခ ဦးခင်မောင်ဌေးကပြောသည်။
သတ္တမအကြိမ်မြောက် သုတစွယ်စုံ စာပေဆုတွင် ဆုအမျိုးအစား ခုနစ်မျိုး ချီးမြှင့်
သုတစွယ်စုံစာပေဆု၏ သတ္တမအကြိမ် မြောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပ ခဲ့ ပြီး တစ်သက်တာစာပေဆုအပါအ၀င် စာပေဆုအမျိုးအစားခုနစ်မျိုးကို ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ပုဂံညဈေးတန်းကို ထပ်မံ တိုးချဲ့ခြင်းမပြုဘဲ ဆက်လက် ဖွင့်လှစ်ခွင့်ပြုရန် ညှိနှိုင်း
ပုဂံမြို့ဗူးဘုရားတွင် တည်ဆောက်ထား သော ညဈေးတန်းရှိ ဆိုင်ခန်းများကို ထပ်မံတိုးချဲ့ခွင့်မပြုဘဲ လက်ရှိဆိုင်ခန်း များကိုသာ ဆက်လက်ဖွင့်လှစ်ရန် မတ်လ ၁၅ ရက်နေ့က သက်ဆိုင်ရာ ၀န်ကြီးဌာနများက ညှိနှိုင်းခဲ့ကြသည်ဟု အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့ သည့် တာဝန်ရှိသူတစ်ဦးကပြောသည်။
တာမွေဈေးပြောင်းရွှေ့မှုအား ဆိုင်ရှင် အများစု၏ ဆန္ဒအရ ဆုံးဖြတ်မည်ဟုဆို
အငြင်းပွားနေသော တာမွေ(ယာယီ) ဈေး ရွှေ့ပြောင်းရေးကိစ္စအား ဈေးသူ ဈေးသားအများစု၏ ဆန္ဒအရသာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်ဟု သိရသည်။
ရန်ကုန်မြို့တော်တွင် သုံးရက်ကြာ ရေပြတ်လပ်ခဲ့
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရန်ကုန်မြို့တော်ရှိ မြို့နယ်အများအပြားတွင် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ သုံးရက်ကြာ ရေပြတ်တောက်မှုဖြစ်ပွားခဲ့ ရာ သက်ဆိုင်ရာက ဖြစ်စဉ်ကို အကြောင်း ကြား အသိပေးမှုမရှိခဲ့သည့် အပေါ် ပြည်သူများက ဝေဖန် ပြစ်တင်ပြောကြား ခဲ့ကြသည်။
လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူ
လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးသူ များအား ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး ဖမ်းဆီး၍ ဒဏ်ကြေးငွေပေး ဆောင်စေမှုများ ပြုလုပ် လျက်ရှိရာ ယခု လ ၁၅ ရက်နေ့အထိ လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဒဏ်ကြေးငွေ များပေးဆောင်စေခဲ့သည်ဟုသိရသည်။
ပြည်တွင်းထုတ် ဆေးဝါးဝယ်ယူ ဖြန့်ဖြူးခွင့် မျှတစေလို
ပြည်တွင်းရှိ ဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သည့် ဆေးဝါးများကို အဖွဲ့ အစည်းတစ်ခုတည်းကို တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ပေးထားခြင်း ကြောင့် ဈေးကွက်အတွင်း ဈေးများအဆ မတန်မြင့်တက်ကာ စားသုံးသူများ အတွက် နစ်နာဆုံးရှုံးမှုများကြုံတွေ့ နေရသဖြင့် ပြန်လည်ပြင်ဆင်စဉ်းစားပေးရန် မင်္ဂလာဈေးမှ ဆေးဝါးကုန်သည်များက မတ်လ ၁၂ ရက်နေ့က အကြံပြုစာ ပေးပို့ခဲ့ သည်။
တိုင်းရင်းသားလူမျိုးစုတစ်စုကို ပြန်လည်ဖော်ထုတ်ခြင်း
တောင်ရိုးတိုင်းရင်းသားလို့ ဆိုလိုက်ရင်
လူတော်တော်များများ ကြားသိကြမယ်ဆိုပေမယ့် သူတို့တွေ ဘယ်လိုဝတ် စားဆင်ယင်သလဲ၊ သူတို့ရဲ့ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ စာပေတွေက ဘယ်လို ရှိတယ် ဆိုတာကိုတော့ လက်တွေ့မြင် ဖူးမယ့်သူ ရှားပါလိမ့်မယ်။
'ကန်'ဒေါ်လာ သုံးသိန်းကျော် ဂျပန် ပံ့ပိုး
ဂျပန်အစိုးရသည် ၎င်း၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ် အရ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စားသောက်ကုန် လုပ်ငန်းများနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းများအတွက် အမေရိကန်ဒေါ် လာ ၃၁၁၅၉၈ ကို ထောက်ပံ့ခဲ့သည်။

