သင်္ကြန်ရက်များအတွင်း ယာဉ် မတော်တဆမှုများကြောင့် လေးဦးသေဆုံး

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင် ယာဉ်မတော်တဆ မှုကြောင့် လေးဦးသေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယခုလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျရောက်ခဲ့သော သင်္ကြန် ရက်များ အတွင်း ရန်ကုန်မြို့တွင် မော်တော်ယာဉ် မတော်တဆမှု ၃၀ မှုဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်း နှင့် ယာဉ်ထိန်းဌာနခွဲမှသိရသည်။

News 

အီးယူက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ခေတ္တရပ်ဆိုင်းပေးထားရန် ဗြိတိန် ၀န်ကြီးချုပ် အကြံပြု

မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို တုံ့ပြန်မှုပေးသည့်အနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင် ဥရောပသမဂ္ဂက ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုများကို ခေတ္တ ရပ်ဆိုင်းပေးထားရန် မြန်မာနိုင်ငံသို့ ယခုလ ၁၃ ရက်နေ့က လာရောက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောကြားသည်။

News 

အီးယူက မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားမှုများ ဖယ်ရှားရန် အိုင်အယ်လ်အိုအစီရင်ခံစာပေါ် မူတည်နေ

ဥရောပသမဂ္ဂမှ မြန်မာထွက်ကုန်များ တင်သွင်းမှုအား ကာလ အတန်ကြာ ပိတ်ပင်တားဆီးထားရာမှ မကြာမီ ပြန်လည်သုံးသပ် လေ့လာပြီး ပိတ်ပင်တားဆီးထားမှုကိုရုပ်သိမ်းရန် အလား အလာရှိသည့်အတွက် ပြည်ပတင်ပို့မှုမှာ ရုတ်တရက်မြင့်တက် သွားနိုင်ဖွယ် ရှိသည်။

News 

အမေရိကန်အစိုးရ၏ မူဝါဒပြောင်းလဲရေး ညှိနှိုင်းဆွေးနွေးမည်ဟု ဂျင်မ်ဝက်ဘ်ပြောကြား

လွန်ခဲ့သော ရက်သတ္တပတ်က မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရအနေဖြင့် အရေးယူ ပိတ်ဆို့ ထားမှုများကို အမြန်ဆုံးပြန်လည် သုံးသပ်ရေးနှင့်ပတ်သက်၍ အမေရိကန် အစိုးရ၏မူဝါဒပြောင်းလဲနိုင်ရန်အတွက် အစိုးရနှင့် လွှတ်တော်အကြား ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ဧပြီလ ၁၁ ရက် နေ့က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

News 

ယခုလအတွင်း ဒဲရစ်မစ်ချယ် မြန်မာနိုင်ငံသို့ ထပ်မံလာမည်

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာညွှန်ကြားရေးမှူး ဒဲရစ် မစ်ချယ်က သူ၏ မြန်မာနိုင်ငံသို့ ခုနစ် ကြိမ်မြောက်ခရီးစဉ်မှာ ယခုလအတွင်း ၌ပင် ဖြစ်နိုင်ကြောင်း သိရသည်။

News 

လွှတ်တော်တွင်း အာဏာရပါတီကြီးနှင့် ဒီမိုကရက်တစ်များအကြား အင်အားမျှလာနိုင်

ဧပြီ ၁ ရက်၌ အောင်မြင်စွာ ကျင်းပခဲ့ သော ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကြောင့် လွှတ်တော်အတွင်းရှိ အာဏာရ ပါတီကြီးနှင့် ဒီမိုကရက်တစ်ပါတီများ အကြားမှာသာမက ၎င်းအာဏာရပါတီ ကြီးအတွင်းမှ ကောင်းသောအပြောင်း အလဲအတွက် ပြောရဲဆိုရဲ ရှိသော အမတ် အချို့ရှိသည့် ပြည်ခိုင်ဖြိုးအမတ်များနှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲရှိသူတို့အကြားတွင်ပါ အင်အားချိန်ခွင်လျှာ မျှတလာနိုင် ကြောင်း အမတ်အချို့က ပြောသည်။

News 

ကေအင်န်ယူနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ သည် ဧပြီလ ၅ ရက်နေ့က ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ လက်နက်ကိုင် တိုက်ပွဲများ ကြောင့် ပြည်သူများနှင့် ဖြစ်ရသည့် ပဋိပက္ခများကိုပါ အသေးစိတ် ဆွေးနွေးသွားကြောင်း ကေအင်န်ယူ အဖွဲ့မှ ပြောဆို ခွင့်ရှိသူ ဦးစော ဂွဲထူးဝင်း က မြန်မာတိုင်း(မ်)ကိုပြောသည်။

News 

ကေအင်န်ယူနှင့် အမြင်ချင်းတူသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်နှင့် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ကရင် အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) နှင့် အမြင်ချင်းတူစွာ ဆွေးနွေးနိုင်ခဲ့သည် ဟု ဧပြီလ ၈ ရက်နေ့က သတင်းထောက် များကို ပြောသည်။

News 

ဒေါ်အောင်ဆန်းစုကြည် ၂၃ ရက်နေ့တွင် လွှတ်တော်တက်မည်

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ်များ သည် ယခုလ ၂၃ ရက်တွင် ပြန်လည် ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ် တော် တတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်ဟု အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

News 

လွှတ်တော်တွင်းနိုင်ငံရေး ပိုမိုအားကောင်းလာမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ ပြောကြား

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့သည့် အတွက် လွှတ်တော်တွင်းနိုင်ငံရေး ပိုမို အားကောင်းလာမည်ဟု ခန့်မှန်းကြောင်း ဧပြီလ ၇ ရက်နေ့က ကျင်းပသောရွေး ကောက်ပွဲ စောင့်ကြည့် လေ့လာရေးအစီ ရင်ခံစာ အမှတ်(၁)ထုတ်ပြန်ကြေညာ သည့် သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဦးကိုကိုကြီးက ပြောသည်။

News 

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပြီ

ဧပြီလ ၂၃ ရက်နေ့တွင် ဆက်လက် ကျင်းပမည့် ပြည်သူ့လွှတ်တော်တတိယ ပုံမှန်အစည်းအဝေး၏ နိဂုံးပိုင်းတွင် လည်းကောင်း၊ သို့မဟုတ် စတုတ္ထပုံမှန် အစည်းအဝေးအစတွင် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လာသည်နှင့် နိုင်ငံတော်၏ မဏ္ဍိုင်ကြီး လေးရပ်တွင် တရားရေးမဏ္ဍိုင် တည့် မတ် အားကောင်းလာရေးအတွက် အင်အားသစ်တစ်ရပ် ရရှိလာဖို့ သေချာ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ က သုံးသပ်ပြောကြားသည်။

News 

မြန်မာနိုင်ငံပြောင်းလဲမှုများအတွက် အမေရိကန် General Electric ကုမ္ပဏီကြီး ကူညီမည် ဟုဆို

အမေရိကန်နိုင်ငံမှ ကမ္ဘာကျော်ကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် General Electric ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲ မှုများ အတွက် ကူညီရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

News 

တိုင်ရီစက်ရုံ အလုပ်သမားများ အခြေခံအလုပ်သမားအဖွဲ့ ဖွဲ့စည်း

လှိုင်သာယာမြို့နယ်၊ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများက အခြေခံအလုပ် သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်း လျက်ရှိရာ မတ်လ ၂၉ ရက်နေ့တွင် မှတ်ပုံတင် ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရ သည်။

News 

ငြိမ်းချမ်းရေး နီးသလား

"ညီအစ်ကို ကချင်လူမျိုးအပေါင်းတို့ ကျွန်တော်တို့သည် ညီအစ်ကိုဖြစ်ကြသည်။ ရှေးမဆွက တိဘက်ပြည်၊ မွန်ဂိုလီး ယားပြည်မှ ဆင်းသက်လာစဉ်အခါ တစ်မိတစ်ဖမှမွေးဖွားသော ညီအစ်ကို များ ဖြစ်ကြပါသည်" ၁၉၄၆ နိုဝင်ဘာလက ကချင်ပြည်နယ် မြစ်ကြီးနား သို့လာ၍ ကချင်လူကြီးများ နှင့်အတူ ကချင်လူထုနှင့်တွေ့ဆုံခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်းက ကချင်လူထုရဲ့ ညီညွတ်မှုကိုရယူဖို့ အစချီခဲ့တဲ့ မိန့်ခွန်း ဖြစ်ပါတယ်။

News 

ယူနန်မှ မင်္ဂလာမဂ္ဂဇင်းတိုက် ရုံးခွဲလာရောက်ဖွင့်လှစ်မည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အခြေစိုက် တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေ သော မင်္ဂလာမဂ္ဂဇင်းတိုက်သည် မြန်မာ နိုင်ငံတွင် ရုံးခွဲ လာရောက်ဖွင့်လှစ်သွား မည်ဟု အဆိုပါမဂ္ဂဇင်းတိုက်မှ အယ်ဒီ တာတစ်ဦးက ပြောကြားသည်။

News 

ပန်းချီဆရာသင်းလုံးကျွတ်ညီလာခံကို ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်နေ

အစိုးရအဖွဲ့အစည်းနဲ့ မသက်ဆိုင်တဲ့ ပန်းချီဆရာများ သီးသန့်အစည်းအရုံး တည်ထောင်ရန် ပန်းချီဆရာ သင်းလုံး ကျွတ်ညီလာခံကို ၂၀၁၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပဖို့ စီစဉ်နေတယ်လို့ ပန်းချီစံဦးက မြန်မာ တိုင်း(မ်)ကို ပြောပါတယ်။

News 

ရွှေတိဂုံစေတီကို အဆင့်မြင့်မွမ်းမံ

ရွှေတိဂုံစေတီတော်ကြီးအား အဆင့်မြှင့် ပြုပြင်မွမ်းမံမှုအဖြစ် တောင်ဘက်မုခ် စောင်းတန်းနှင့် အာရုံခံတန်ဆောင်းများကို ကြွေပြားများ ကပ်လျက်ရှိပြီး အခြား မုခ်များကိုလည်း ဆက်လက်ပြုပြင်မွမ်းမံရန် စီစဉ်ထားကြောင်း ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

News 

နာမည်ကျော် ဂျာမန်အချစ်ဇာတ်လမ်းတွဲမှ မိနစ် ၉၀ စာ ဇာတ်လမ်းပိုင်းကို မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးနေ

မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံမှ နာမည် ကြီးသရုပ်ဆောင်များပါဝင်သည့် မိနစ် ၉၀ စာ ရုပ်သံဇာတ်လမ်းတွဲကို မတ်လ ၃၀ ရက်နေ့မှစ၍ လာရောက်ရိုက်ကူးလျက် ရှိသည်။

News 

ဖုန်းကတ် ပျောက်ဆုံးလျှင် ကျပ်နှစ်သောင်းဖြင့် တစ်ပတ်အတွင်း ရနိုင်

မိုဘိုင်းဖုန်းအားလုံး၏ ဆင်းမ်ကတ် ပျောက်ဆုံးပျက်စီးအတွက် ကျပ်နှစ် သောင်းဖြင့် ပြန်လည်လျှောက်ထားနိုင်ကြောင်း၊ တစ်ပတ် အတွင်း ကတ်အသစ် ပြန်လည်ထုတ်ပေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကမြန်မာတိုင်း(မ်) ကို ပြောသည်။ News