ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပြီ အင်န်အယ်လ်ဒီကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များသည် ကျင်းပနေဆဲ ပထမအကြိမ် ပြည်သူ့ လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပါဝင်တက် ရောက်ရန် လွှတ်တော် ကိုယ်စားလှယ် အများစု၏ သဘောတူညီ ချက်ဖြင့် ဆုံးဖြတ်လိုက်ပြီး ယခုလ ၂ ရက် နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ စတင်တက်ရောက်နေပြီဖြစ်သည်။

News 

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို ကုလအကြီးအကဲ ချီးကျူးကြိုဆို

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တက်မည့်ဆုံးဖြတ်ချက်အား ချီးကျူးကြောင်း မေလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ပြောကြားသည်။

News 

ဒုက္ခသည်များ နေရပ်ပြန်ရန် နိုင်ငံသားခံယူခွင့် ပြန်လည်ရရှိရေး အရေးပါသည်ဟု ကုလ အတွင်းရေးမှူးချုပ် အလေးထားပြောကြား

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်း တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်ဒေသများမှ ထွက်ပြေးတိမ်းရှောင် နေကြရသည့် ဒုက္ခသည်များနေရပ်သို့ ပြန်လာနိုင်ရေးတွင် ၎င်းတို့အနေဖြင့် နိုင်ငံသားခံယူခွင့် ပြန်လည်ရရှိရေးမှာ အရေးပါသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောသည်။

News 

စစ်ဘေးသင့်သူများအတွက် အလှူရှင်များ အစည်းအဝေး ကျင်းပမည်

မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ တွဲဖက်ပါလာခဲ့သော ပြည်တွင်းစစ်ကြောင့် နေရပ်လုံခြုံမှုမရှိ၍ထွက်ပြေး တိမ်းရှောင်နေရသော မြန်မာနိုင်ငံသားများ ပြည်တွင်းငြိမ်းချမ်းရေးရပြီး ပြန်ဝင်ရောက်လာပါက စားဝတ်နေရေး ကိစ္စများပြေလည်စေရန် အလှူရှင်များနှင့် ဆွေးနွေးပွဲကို ကျင်းပမည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက ပြောသည်။

News 

လွှတ်တော် တတိယပုံမှန် အစည်းအဝေးများ နှစ်ရက်ထပ်မံရွှေ့ဆိုင်းပြီး ပြီးဆုံးခဲ့

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပြီးဆုံးခဲ့ သည့် ဧပြီ ၃၀ ရက်၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးများကိုပါ အဆုံးသတ်ရန် အစီအစဉ်ဆွဲခဲ့ပြီး ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အင်န်အယ်ဒီအမတ် ၃၈ ဦးတို့ လွှတ်တော်သို့ တက်ရောက်ကာ ကတိ သစ္စာပြုနိုင်ရန် အစည်းအဝေးများကို မေလ ၂ ရက် နေ့သို့ နှစ်ရက် ထပ်မံရွှေ့ဆိုင်းကာ ပြီးဆုံးစေခဲ့သည်။

News 

လိုင်ဇာကို သိမ်းပိုက်မည် မဟုတ်ဟုဆို

ကေအိုင်အိုဌာနချုပ်ဖြစ်သော လိုင်ဇာကို မြန်မာအစိုးရတပ်များက တိုက်ခိုက်သိမ်း ပိုက်မည် မဟုတ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မြန်မာ တိုင်း(မ်)၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

News 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်တက်ရောက်သည်ကို ၀မ်းမြောက်ကြိုဆိုကြောင်း ဟီလာရီကလင်တန် ပြောကြား

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်သို့ ပထမဆုံးအကြိမ်တက်ရောက်မည်ကို ၀မ်းမြောက်ကြောင်း မေလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

News 

ဥရောပသမဂ္ဂက ကျေးလက်ဒေသရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်များကို ဦးစားပေးဆောင်ရွက် ပေးသွားမည်

ဥရောပသမဂ္ဂ(အီးယူ)သည်၊မြန်မာနိုင်ငံ ကျေးလက်ဒေသ ရေရှည် ဖွံ့ဖြိုးရေးအစီအစဉ်များကို အရှိန်အဟုန်ဖြင့် ဦးစားပေးဆောင်ရွက်သွား မည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် မစ္စကက်သရင်း အဲရှ်တန်က ဧပြီလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စာနယ်ဇင်း သမားများ နှင့်တွေ့ဆုံရာတွင် ပြောကြားသည်။

News 

မြန်မာအား ကူညီရန်အဆင်သင့်ရှိဟု ဂျာမနီဝန်ကြီး ပြောကြား

မြန်မာနိုင်ငံအား ဒီမိုကရေစီ၊လွတ်လပ်မှု နှင့် တရားဥပဒေ စိုးမိုးရေးကိုဖော်ဆောင်သည့် ရေရှည်တည်တံ့ရေးလမ်းကြောင်း မှကူညီရန် အဆင်သင့်ရှိကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဂျာမနီ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Guido Westerwelle က ပြောကြားခဲ့သည်။

News 

လွန်ခဲ့သော ၁၄ နှစ်က သိမ်းယူခံခဲ့ရသည့် လယ်ယာမြေများအတွက် လယ်သမားများက နစ်နာကြေး တောင်းဆို

လွန်ခဲ့သော ၁၄ နှစ်ခန့်က ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီကြီးတစ်ခုမှ သိမ်းယူခဲ့ သော လှိုင်သာယာမြို့နယ်၊ အတွင်းပဒံ ကျေးရွာရှိ လယ်ယာမြေများဖြစ်စေ၊ နစ်နာကြေးငွေကိုဖြစ်စေ၊ ပြန်လည်ရယူ လိုကြောင်း လယ်သမားများက ဧပြီလ ၂၈ ရက်နေ့က ပြောသည်။

News 

အလုပ်သမားနှင့် အလုပ်ရှင်အဖွဲ့များကို အသိအမှတ်ပြု လက်မှတ်များထုတ်ပေး

အလုပ်သမားဝန်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားအသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲကို ဧပြီ ၂၈ ရက်က ရွှေပြည် သာမြို့နယ်ရှိ ကနောင်ခန်းမတွင် ကျင်းပခဲ့ပြီး အလုပ်သမားအဖွဲ့ လေးဖွဲ့နှင့် အလုပ်ရှင်အဖွဲ့ (၁၀)ဖွဲ့တို့ကိုအသိ အမှတ်ပြု လက်မှတ်ပေးအပ် ခဲ့သည်။

News 

ကချင်ပြည်နယ်တွင် ကုလ၏ အကူအညီများ ရပ်ဆိုင်းထားရ

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့် လုံခြုံရေးအခြေ အနေများကြောင့် စစ်ဘေးဒုက္ခသည် များအား အကူအညီပေးနေမှုများကို ရပ်ဆိုင်းထားရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သိရသည်။

News 

ရန်ကုန်မြို့မီးပေးရေး ၂၅ မဂ္ဂါဝပ်ထွက်ရှိမည့် 'ကန်'လုပ် ယာဉ်တင်ရွေ့လျား မီးစက်လေးလုံး ငှားရမ်း အသုံးပြုမည်

စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန် မြို့၏ မီးပေးရေးအတွက် ၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် အမေရိကန်နိုင်ငံထုတ် မီး စက်လေးလုံးကို နှစ်ရှည်ငှားရမ်းအသုံး ပြုမည်ဖြစ်ပြီး အမြန်ဆုံး တင်ပို့ပေးရန်လည်း ပြောကြားထားကြောင်း စက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဧပြီလ ၂၉ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် သတင်းထောက်များအား ပြောသည်။

News 

အာမခံလုပ်ငန်းကို ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပေးတော့မည်

မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံလုပ်ငန်းများအား လုပ်ပိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ကုန်သည် လမ်းပေါ်ရှိ မြန်မာ့အာမခံရုံး၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

News 

သူတို့ပြောတဲ့ ရေတစ်စက်ရဲ့တန်ဖိုး

ဧပြီမွန်းတည့် နေအရှိန်အောက်မှာ ရိတ်သိမ်းထားပြီး လယ်ကွက်တွေဟာ ပပ်ကြားအက်ကာ အရေတွန့်နေကြတယ်။ ရွာလယ်လမ်း တစ်လျှောက် ဖုန် တထောင်းထောင်းထသွားစေတဲ့ ထရပ်ကားသုံးစီးကိုမြင်တာနဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ သုံးခွမြို့နယ် ဘိသိက် ကျေးရွာထဲက လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီ။

News 

မြို့တော်စည်ပင် အငှားယာဉ်များ အငှားချထားမှု ရပ်ဆိုင်း

ရန်ကုန်မြို့တော်စည်ပင်သာယာာရေးမှ မြို့တော်အငှားယာာဉ် City Taxi များကို အငှားချထားရာမှ အဆိုပါ Taxi များကို ၂၀၁၂ ခုနှစ်၊ ဧပြီလ၁ရက်နေ့မှ စတင်ခါ ကား ၃၂ စီးအားပြေးဆွဲခွင့်ရက် နား လိုက် သည်ဟု အဆိုပါမြို့တော် အငှားယာဉ် အားငှားရမ်း မောင်းနှင်နေသူများထံမှ သိရသည်။

News 

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံအား ကြွေးကျန်များပေးဆပ်ပြီးလျှင် ကူညီမည်ဟုဆို

မနီလာ - မြန်မာနိုင်ငံသို့ ဘဏ္ဍာရေး ကူညီထောက်ပံ့မှုများကို ၂၄ နှစ်ကြာ ရပ်ဆိုင်းထားပြီးနောက် ပြန်လည်ပြုလုပ် ရန်အသင့် ရှိပြီဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံက ကြွေးမြီဒေါ်လာ သန်း ၅၀၀ နီးပါးကို ပြန်လည်ပေးဆပ်ပြီးမှသာ ယင်းသို့ထောက်ပံ့မှုများ ပြန်လည် လုပ်ဆောင်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ပြောကြားလိုက်သည်။

News 

(၆၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ် ဆက်ကပ်ပွဲကျင်းပမည်

သာသနာရေးဝန်ကြီးဌာနက ကြီးမှူး ကျင်းပသော (၆၄)ကြိမ်မြောက်တိပိဋက ဓရ တိပိဋကကောဝိဒ ရွေးချယ်ပွဲတွင် အောင်မြင် တော်မူကြသည့် သာသနာ့ အာဇာနည် အရှင်သူမြတ်များအား အောင်လက်မှတ် ဘွဲ့တံဆိပ်ဆက်ကပ်ပွဲကို မေလ ၁၉ ရက်နေ့တွင် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

News 

အရေးပေါ်လူနာတင်ယာဉ်ဖောင်ဒေးရှင်းကို ဆရာဝန်အသင်းမှ ဦးစီးတည်ထောင်သွားမည်

ပြည်သူများအတွက် အရည်အသွေး မြင့်မားသော အရေးပေါ် အသက်ကယ် ပြုစုစောင့်ရှောက်မှုများ ပေးနိုင်ရန် အတွက် ၂၄ နာရီ အရေးပေါ်လူနာတင် ယာဉ် ပို့ဆောင်ရေးဖောင်ဒေးရှင်းတစ်ခု တည်ထောင်သွားမည်ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က ပြောသည်။

News 

ထိုင်းနိုင်ငံတွင် ဆဲလ်အစားထိုးကုသမှုကို ပိတ်ပင်လိုက်သည့်အတွက် မြန်မာနိုင်ငံသားများ ဆေးကုသစရိတ် ပိုမိုမြင့်မားလာ

မြန်မာနိုင်ငံမှ လူနာအချို့ သွားရောက် ကုသလျက်ရှိသော ကုထုံးနည်းအသစ် ဖြစ်သည့် ဆဲလ်အစားထိုးကုသမှုကုထုံးဖြင့် ကုသ ခြင်းကို ထိုင်းနိုင်ငံတွင် ပိတ်ပင်ခဲ့သည့်အတွက် မြန်မာပြည်မှ လူနာများမှာ ကုသခွင့်ရသော တခြားနိုင်ငံများသို့ ပြောင်းလဲသွားရောက် ကုသရသည့်အတွက် ဆေးကုသစရိတ် ပိုမိုမြင့်မားလာကြောင်း ပြည်ပသို့ ဆေးဝါးကုသရေး ၀န်ဆောင်မှုပေးနေသော ပြည်တွင်း အေးဂျင့်များမှ တာဝန်ရှိသူများက ပြောကြားသည်။

News 

သက်တမ်း နှစ် ၂၀ ကျော်ကားများ မရှိတော့သည်အထိ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှုကို အမြဲတမ်း လက်ခံဆောင်ရွက်ပေးမည်

ပြန်လည်အပ်နှံခွင့်ပြုလိုက်သည့် 'ဓ' အက္ခရာများနောက် 'ပ'၊ 'န' အက္ခရာများ နှင့် တစ်ဆက်တည်း ယာဉ် အိုယာဉ် ဟောင်းများကို သက်တမ်း ၂၀ ကျော်ကားများ မရှိသည်အထိ လက်ခံဆောင်ရွက် သွားမည်ဟု ဧပြီလ ၂၉ ရက်နေ့ စက်မှု ၀န်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာနှင့်တွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

News 

အရှေ့တောင်အာရှတွင် ကာလကြာရှည်ဖြစ်ပွားနေသော ပဋိပက္ခများ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ရလဒ်ကောင်းများထွက်ပေါ်

မကြာသေးမီရက်များအတွင်းက ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှစ်ခုမှာ အရှေ့တောင်အာရှတွင် ကာလရှည်ကြာစွာ ဖြစ်ပွားနေသောပဋိပက္ခ များကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် သိသာထင်ရှားသော သမိုင်း မှတ်တိုင်များအဖြစ် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

News 

အပစ်အခတ်ရပ်စဲရေးတင်မဟုတ်ဘဲ ထာဝရ ငြိမ်းချမ်းရေးရသည်အထိ ဆောင်ရွက်မည်

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသား လက်နတ်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်း ရေးဆွေးနွေးရာတွင် အပစ်အခတ်ရပ်စဲ သည့်အဆင့် ၌သာ ကျေနပ်မနေဘဲ ထာဝရငြိမ်းချမ်းရေး ရသည်အထိ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောသည်။

News 

ကမ္ဘောဒီးယားမှ ထိုင်း-မြန်မာနယ်စပ်သို့ လျင်မြန်စွာ ပြန့်ပွားလာသော ဆေးယဉ်လာသည့် ငှက်ဖျားရောဂါပိုး

ဆေးဝါးကုသမှုကို ခံနိုင်ရည်ရှိသော ဆေးယဉ်လာသည့် သေစေလောက်သော ငှက်ဖျားရောဂါသည် ကမ္ဘောဒီးယားမှ ထိုင်းမြန်မာ နယ်စပ်သို့ လျင်မြန်စွာ ပြန့်ပွားလာနေပြီး ထိန်းမရသော ကပ်ရောဂါတစ်ခုအဖြစ် စိုးရိမ်မှုများတိုးပွားနေကြောင်း သိပ္ပံပညာရှင်များက ဧပြီလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

News 

ဒဂုံဆိပ်ကမ်းတွင် ၀မ်းပျက် ၀မ်းလျှော ဖြစ်ပွားမှုရှိခဲ့

နွေရာသီ၏ပူပြင်းသောအပူရှိန်ကြောင့် ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်၏ ရပ်ကွက် တစ်ခုဖြစ်သည့် (၆၇)ရပ်ကွက်တွင် သောက်သုံး ရေရှာပါးပြီး မသန့်ရှင်း သောက်ရေနှင့် အနေအထိုင်မသန့်ရှင်းမှု များကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။

News