မြန်မာအား ကူညီရန်အဆင်သင့်ရှိဟု ဂျာမနီဝန်ကြီး ပြောကြား

ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)

မြန်မာနိုင်ငံအား ဒီမိုကရေစီ၊လွတ်လပ်မှု နှင့် တရားဥပဒေ စိုးမိုးရေးကိုဖော်ဆောင်သည့် ရေရှည်တည်တံ့ရေးလမ်းကြောင်း မှကူညီရန် အဆင်သင့်ရှိကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဂျာမနီ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Guido Westerwelle က ပြောကြားခဲ့သည်။

"ကျွန်တော်တို့က အခုမြန်မာနိုင်ငံရေး ပြောင်းလဲမှုကို အားပေးဖို့လာရောက်ခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပြောင်းလဲမှု လုပ်ငန်းစဉ် တွေနဲ့ မြန်မာနိုင်ငံပြည်သူတွေကို ထောက်ခံအားပေးဖို့ လာရောက်ခဲ့တာပါ။မြန်မာပြည်သူလူထုအတွက် ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားဥပဒေ စိုးမိုးရေးဖော်ဆောင်ပေးဖို့ ရေရှည်တည် တံ့ရေး လမ်းကြောင်းကနေ ကူညီချင်ပါတယ်"ဟု မစ္စတာ Westerwelle က ဧပြီလ ၂၉ ရက်နေ့က အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

"ကျွန်တော်တို့ သေချာပေါက်လုပ် ပေးမယ်ရယ်လို့ ဆိုလိုတာတော့ မဟုတ် ပါဘူး။ဒါပေမယ့် ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံပြည်သူ ပြည်သားတွေကို ကူညီဖို့ အဆင့်သင့်ပါဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်တို့က ရေရှည် တည်တံ့ရေးကို ကူညီထောက်ပံ့ချင်ပါ တယ်"ဟု ၎င်းကဆက်ပြောသည်။

မစ္စတာ Westerwelle သည် ရာစု တစ်ခု၏ ထက်ဝက်အတွင်း ဂျာမနီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေဖြင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဧပြီလ ၂၉ ရက်နေ့ နေ့လယ်တွင် ရန်ကုန် သို့ ရောက်ရှိခဲ့ပြီး ထိုနေ့ နေပြည်တော် သို့ ခရီးမဆက်မီ ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ရာတွင်လည်း မြန်မာနိုင်ငံအား မည်သို့ ကူညီပေးရမည်ကိုသာ အဓိကထား ဆွေးနွေးခဲ့ကြောင်း ၎င်းကပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ စဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးအရ နိုင်ငံ ရေး အခြေအနေတွေသာ ဆွေးနွေးဖြစ် တာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဓိက ထား ဆွေးနွေးဖြစ်တာက သာမန်အရပ် သားပြည်သူတွေ ဘာလိုအပ်နေလဲဆိုတာပါ။ နောက် အသက်မွေးဝမ်း ကျောင်း နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ အတွေ့အကြုံတော်တော်ရှိတဲ့အတွက် အထူးသဖြင့် ပညာရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး ကိစ္စတွေ၊ သာမန် ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။

မစ္စတာ Westerwelle သည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားမှုအချို့ကို ပိတ်ပင်လိုက်ပြီး ရက်သတ္တပတ် အတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။