အတွဲ ၂၉ ၊ အမှတ် ၅၇၄ ( ၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

သို့

အယ်ဒီတာ

 

ကျွန်တော်ဟာ နေ့စဉ်သတင်းဂျာနယ်များကို ဖတ်နိုင်အောင် ကြိုးစားနေသလို သတင်းဂျာနယ်တွေ ထဲမှာပါတဲ့ အယ်ဒီတာ့ထံပေးစာများကိုလည်း မလွတ်တမ်းဖတ်တဲ့ အငှားယာဉ်မောင်း တစ်ဦးပါ။ ယခုလအစောပိုင်းက ဂျာနယ်တစ်စောင်မှာ ပါခဲ့တဲ့ အယ်ဒီတာ့ထံပေးစာကို ဖတ်ရပြီး ပစ္စည်းကျန် ခရီးသည်တွေရဲ့ကိုယ်စား အတော့ကို စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီစာရေးသူရဲ့ ခံစားချက် ကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့မှာ သူ့အတွက် ပြောစရာရှိပါတယ်။ အငှားယာဉ်မောင်းတွေဟာ စာစောင်ထဲမှာပါသလို မကောင်းတဲ့သူတွေ ရှိသလို ကောင်းတဲ့ သူတွေလည်း ရှိပါတယ်။ ထို့အတူ ကောင်းတဲ့ခရီးသည်အများကြီး အများ ကြီးရှိသလို မကောင်းတဲ့
ခရီးသည် အနည်းစုလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ထမင်းကျွေးတယ်၊ အလုပ် ပေးတာ၊ တန်းတူပါ။ ထမင်းရှင်၊ အလုပ်ရှင်ဆိုတာ ယာဉ်မောင်းအများစု လက်ခံပြီးသားပါ။ မကောင်းတဲ့ ယာဉ်မောင်းကြောင့် မေ့ကျန်ပစ္စည်း ပြန်မရတာတို့၊ ခရီးသည်အလစ် မောင်းပြေး တာတို့လောက်ပါ။ ကျန်ရှိပစ္စည်းကို နောက်လူ နောက်ခရီးသည် ကောက်ယူမသွားဘူးလို့ ဘယ်သူပြောနိုင်လဲ။ ဒါ ကျွန်တော် မလေးမစား ပြောခြင်းမဟုတ်ပါ။ ဖြစ်စဉ်ကိုပြောတာပါ။ ဒါပေမယ့် မကောင်းတဲ့ခရီးသည်အနည်းစုကြောင့် ယာဉ်မောင်းတွေ အလုခံရ၊ အရိုက်ခံရ၊ အသတ်ခံရ၊ ခါးပိုက်နှိုက်တာမြင်လို့အော်တော့ မောင်းသူရော၊ စပယ်ယာရော ဓားထိုးခံရတာ ဘယ်သူဘာ ပြောလဲ၊ ဘယ်လိုတာဝန်တွေ ယူပေးကြမလဲ။ အဲဒီဆရာရော ဘယ်လိုခံစားရလဲ။ ကျွန်တော်သာ ဆရာ့လို ပြောခွင့် ရေးခွင့် ရေးဖြစ်မယ်ဆိုရင် ကျွန်တော်ကတော့ ခရီးသည်များရဲ့ စိတ်စေရာကို ၀န်ဆောင်မှုပေးသူများ မြင်တယ်။ အချိန်ကုန်ခံမယ့်အစား ခရီးသည်ကို အလုပ်ရှင်၊ ထမင်းရှင်ဖြစ်ပြီ ဘယ်လိုဝန်ဆောင်မှုမျိုး၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် တယ်လိုစနစ် on call ခေါ်ဆိုမှု ဆိုတာ ဘာ၊ ယာဉ်မောင်းတွေ မောင်းရုံမဟုတ်ဘဲ ဘယ်လိုတာဝန်ယူနေရ၊ ဘယ်လိုလုပ်ပေးသင့်၊ စက်သုံးဆီ သုံးမျိုးထဲမှာမှ တည်ငြိမ်တဲ့ စက်သုံးဆီနဲ့ မီတာတက္ကစီလုပ်သင့်၊ ခရီးသည်လုံခြုံမှု ရှိအောင် တစ်ဦးပိုင် တစ်ယောက်ပိုင်ထက် ကုမ္ပဏီက ထိန်းချုပ်မလား စသည်ဖြင့် အကြံပေး ရေးသားမှာဖြစ်သလို ပုဂ္ဂိုလ်ရေးမဆန်အောင်လည်း ကြိုးစားမှာပါ။ အဲဒီဘောင်လေးတစ်ခုပြီးလို့မှ ယာဉ်မောင်းတွေဟာ ဆရာပြောသလို၊ မြင်သလိုမျိုး ဟုတ် မဟုတ်ဆိုတာ အဲဒီအချိန်ကျမှ ရေးသင့် တယ်လို့လည်း မြင်ပါတယ်။