လူကုန်ကူးမှု အစီရင်ခံစာအရ မြန်မာအား အဆင့်တိုးမြှင့်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)
မြန်မာအစိုးရ၏ လူကုန်ကူးမှု အဆုံးသတ်စေရန်အတွက် သိသာ ထင်ရှားသော ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ၂၀၁၂ ခုနှစ် လူကုန်ကူးမှု အစီအရင်ခံစာအရ မြန်မာနိုင်ငံအား စောင့်ကြည့်အဆင့် (၂)သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန်က ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
ဤသို့ အဆင့်မြှင့်သတ်မှတ်မှုသည် မြန်မာအစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ချက်များတွင် အမျိုးသမီးနှင့် မိန်းကလေးများကို နယ်စပ်ဖြတ်ကျော်၍ လိင်ကုန်ကူးမှုများ တားဆီးနိုင်ရန်အတွက် သိသိသာသာ အားထုတ်ခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး လူထုအား အကြောင်းကြား တိုင်တန်းနိုင်ရန် အရေးပေါ် သီးသန့် ဖုန်းလိုင်း တစ်ခုထားရှိပေးခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေရာတွင် သုံးစွဲသော ဥပေဒေဟောင်းကို ရုတ်သိမ်းပေးခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းခြင်းကို ရှင်းလင်းစွာ တားမြစ်ထားသော ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခြင်း၊ ၂၀၁၅ ခုနှစ်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်း လုံးဝပ ပျောက်စေရန် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်(အိုင်အယ်လ်အို)နှင့်အတူ ရည်မှန်းချက်ကြီးမားသော အကောင် အထည်ဖော်ရေး စီမံကိန်းသစ်တစ်ရပ် စတင်ခြင်းတို့ ပါဝင်သည်။
သို့သော် အရပ်သားများအား အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် ကလေးစစ် သားစုဆောင်းခြင်များကို စစ်အရာရှိများနှင့် အစိုးရ မဟုတ်သော သူများကပါ လုပ်ဆောင်နေကြသေးသည်မှာ ဆိုးရွားသော ပြဿနာအဖြစ် ဆက်လက်ရှိနေ သေးသည်ဟုဆိုသည်။
