ဗြိတိသျှလွှတ်တော် နှစ်ရပ်ပေါင်းတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား
ဥရောပသို့ အလည်အပတ်ခရီးထွက်နေသော ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၁ ရက်နေ့က ဗြိတိန်နိုင်ငံ၏ အထက်နှင့် အောက်ပါလီမန်
လွှတ်တော်နှစ်ရပ်ပေါင်းတွင် ပထမဆုံးမိန့်ခွန်း
ပြောခွင့်ရသူ နိုင်ငံရပ်ခြားမှ အမျိုးသမီး တစ်ဦးအဖြစ် မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံ
လက်ရှိလျှောက်လှမ်းနေသော ဒီမိုကရေစီခရီး
ပြီးဆုံးအောင် ၀ိုင်းဝန်း ကူညီကြပါရန် ကမ္ဘာကို
ပန်ကြားလိုက်သည်။
စစ်မှုထမ်းကလေးများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မည်
ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)တို့သည် မြန်မာနိုင်ငံတွင် အသက်မပြည့်သော စစ်မှုထမ်းကလေးငယ်များ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Action Plan) တစ်ရပ်အား ယခုလ ၂၇ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးမည်ဟု သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)တို့ဖြင့် လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား တရားစွဲဆိုထားမှုကို ကျပ်သိန်း ၄,၀၀၀ ဖြင့် အာမခံပေး
ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ လျှပ်တစ်ပြက် သတင်းဂျာနယ်တွင် ဖော်ပြခဲ့မှုအချို့အပေါ် ရန်ကုန်တိုင်းဒေ သကြီးအစိုးရ အဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် ၎င်းဂျာနယ်၏ အယ်ဒီတာချုပ်ကို တရားစွဲဆိုခဲ့ရာ ဇွန်လ ၂၅ ရက်နေ့ ပထမဆုံး အမှုကြားနာမှု အပြီးတွင် လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီ တာချုပ်ဦးမြတ်ခိုင်အား ကျပ်သိန်း ၄,၀၀၀ ဖြင့် အာမခံပေးရန် ပုဇွန်တောင် မြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့သည်။
The Voice ဂျာနယ်အနေဖြင့် 'ရေးသားတင်ပြချက်မှန်ကန်ကြောင်းနှင့် အများပြည်သူ အကျိုး အတွက် ဖြစ်ကြောင်း ထုချေရန်သာဖြစ်ကြောင်း' ဒဂုံမြို့နယ်တရားရုံး၏ ကြားဖြတ်အမိန့်ချရာတွင် ထည့်သွင်းဆုံးဖြတ်ခဲ့
သတင်းစာစောင်၊ မီဒီယာများတွင် ရေးသားတင်ပြမှုများနှင့် ပတ်သက်၍ အသရေဖျက်မှု စွဲဆိုခြင်းသည် အခြေခံဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးကို မထိခိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ တရားရုံး တစ်ရုံး က ဇွန် ၂၀ တွင် ဆုံးဖြတ်လိုက်သည်။
မြေယာပြုပြင်ပြောင်းလဲရာတွင် အောက်ခြေဌာနများ၏ ပူးပေါင်းပါဝင်မှုရရှိရန် လိုအပ်
အများပြည်သူများ၏ မြေယာပိုင်ဆိုင်မှု အခွင့်အရေး လှုပ်ရှားသူများက နိုင်ငံတော် သမ္မတကြီး၏ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြောကြား ခဲ့သော မိန့်ခွန်းပါ မြေယာပြဿနာများ ဖြေရှင်း ရေးမူဝါဒများကို ကြိုဆိုလိုက်ပြီး ယင်း နည်းလမ်းများ လက်တွေ့အကောင် အထည် ဖော်ရာတွင် သက်ဆိုင်ရာ အောက်ခြေ၀န်ကြီးဌာန အဆင့်ဆင့်မှ လိုက်နာရန် လိုအပ်ကြောင်းတိုက်တွန်း လိုက်သည်။
ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံသို့ ဗြိတိန်ဝန်ကြီးချုပ် ဖိတ်ခေါ်
ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ် ကင်မရွန်က သမ္မတဦးသိန်းစိန်ကို ဗြိတိန် နိုင်ငံသို့ လာရောက်ရန် တရားဝင်ဖိတ် ကြားခဲ့ကြောင်း သိရသည်။
မြန်မာနှင့်ဘင်္ဂလားဒေရှ့် ခေါင်းဆောင်များ တွေ့ဆုံမည်
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်များသည် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများဖြစ်ပွားနေခြင်းနှင့် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးနှင့် ပတ် သက်ပြီး ဇူလိုင်လအတွင်း တွေ့ဆုံဆွေး နွေးရန်ရှိကြောင်း ရန်ကုန်မြို့ရှိ ဘင်္ဂလား ဒေ့ရှ် သံအမတ်ကြီးက ပြောသည်။
အငြင်းပွား မြေယာဥပဒေများ ဆက်လက် ပြင်ဆင်သွားမည်
ပြည်ထောင်စုလွှတ်တော်က မကြာသေး ခင်က အတည်ပြုခဲ့ပြီး ပညာရှင်များ အကြား အငြင်းပွားဖွယ်ဖြစ်လျက်ရှိသည့် မြေအသုံး ချမှုဆိုင်ရာ ဥပဒေများကို အသစ်တွေ့ရှိသည့် အချက်များပေါ် မူတည်၍ ဆက်လက်ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် တည်ဆဲနှင့် ယင်းပြဋ္ဌာန်းပြီး ဥပဒေများပါ တောင်သူလယ်သမားများ မရသေးသည့် အခွင့်အရေးများကို ရရှိရန် ဆောင်ရွက်မည်ဟု ပြုပြင် ပြောင်းလဲ ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ် ရေး ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောသည်။
မြန်မာလူမှုရေး ကာကွယ်စောင့်ရှောက်မှုစနစ်တွင် ပြည်သူတစ်ရပ်လုံး ပါဝင်ပြီး နိုင်ငံတကာမှလည်း ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်
ကဏ္ဍစုံတွင် အားလုံးပါဝင်နိုင်သော မြန်မာ့လူမှုရေးကာကွယ်စောင့်ရှောက်မှု စနစ်ကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အတွက် ပြည်သူတစ်ရပ်လုံး အပါအ၀င် နိုင်ငံတကာမှလည်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း လူမှုရေး ကာကွယ်စောင့်ရှောက်မှု ညီလာခံတွင် သမ္မတဦးသိန်းစိန်က တိုက်တွန်းသည်။
လှေစီးဘင်္ဂါလီ ၂,၅၀၀ ကျော် အတွက် နေရာ စီစဉ်ပေးပြီးသည်နှင့် လက်ခံမည်
စစ်တွေကမ်းခြေ၊ ဘင်္ဂလားပင်လယ်ဝရှိ ဖရုံကာကျွန်းများတွင် ယာယီခိုလှုံကာ စစ်တွေ့မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ ခိုလှုံခွင့် တောင်းခံ ထားသော လှေစီး ဘင်္ဂါလီ ၂,၅၀၀ ကျော်အတွက် သဲချောင်း ရပ်ကွက်အနီးတွင် နေရာထိုင်ခင်းများ စီစဉ်ပြီးပါက လက်ခံ သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဇွန် ၂၂ ရက်နံနက်တွင် မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။
ရင်းနှီးမြှုပ်နှံမှုဌာနခွဲ ရန်ကုန် ရုံးခန်း ပြောင်းရွှေ့ဖွင့်လှစ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) ရင်းနှီးမြှပ်နှံမှုဌာနခွဲကို အမှတ်(၁)၊ သစ္စာ လမ်းမကြီး၊ ရန်ကင်းမြို့နယ်တွင် ဇွန်လ ၂၅ ရက်နေ့က ဖွင့်လှစ်လိုက်သည်။
"အင်န်ဒီအက်ဖ် ဆိုတာ နိုင်ငံရေး သာလာယံဇရပ် မဟုတ်ဘူး"
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးမှ အခြားပါတီသို့ ပြောင်းရွှေ့ခြင်းကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (အင်န်ဒီအက်ဖ်) က ပါတီတွင်း ရှုတ်ချလိုက်ပြီး ယင်းကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲသို့ ကန့်ကွက်တင်ပြ သွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။
ပုံနှိပ်ဥပဒေကြမ်းအတွက် မီဒီယာများထံမှ အကြံပြုချက်ရယူ
မကြာမီကျင်းပတော့မည့် လွှတ်တော် အစည်းအဝေးများတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ပုံနှိပ်ဥပဒေကြမ်းကို တင်ပြတော့မည်ဖြစ်ရာ အဆိုပါဥပဒေနှင့်ပတ် သက်ပြီး အကြံပေးဆွေးနွေးချက်များ ရယူသည့် တွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦး အိမ်အမွေမှု တရားရုံးမှ အမိန့်ချမှတ်
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ရှိ နေအိမ်နှင့် ခြံဝင်းကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေပုံပစ္စည်း စီမံ ခန့်ခွဲပေးစေ လိုမှုဖြင့် ဒေါ်အောင်ဆန်း စုကြည်အပေါ် စွပ်စွဲခဲ့မှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ဒုတိယ ခရိုင် တရားသူကြီး ဒေါ်ခင်နုသာ၏ ရုံးက ကြားနာစစ်ဆေးပြီး မြန်မာ့ထုံးတမ်း ဓလေ့ ဥပဒေအရ တစ်ဝက်စီ ရထိုက်ကြောင်း ပဏာမဒီကရီကို ဇွန်လ ၂၂ ရက် နေ့က ချမှတ်လိုက်သည်။
လယ်ယာကဏ္ဍအတွက် သတင်းကောင်း
လယ်ယာကဏ္ဍတွင် မြန်မာနိုင်ငံရှိ လုပ်သားအင်အားစု အများအပြား ပါဝင်လျက်ရှိသလို တိုင်းပြည်အတွက် ၀င်ငွေအများအပြား ရှာဖွေပေးလျက်ရှိသော ကဏ္ဍာဖြစ်ရာ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲလျက်ရှိသော လုပ်ငန်း စဉ်များနှင့်အညီ ထိုသို့လုပ်သား အင်အားစုများ ပါဝင်လျက်ရှိသော လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုကို ပိုမို အထောက်အကူရရှိစေရန်အတွက် လယ်ယာသုံး ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး၊ လယ်ယာသုံးကိရိယာများနှင့် စက်ပစ္စည်းများအပေါ် ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့် ပြုနိုင်ရေးအတွက် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အစိုးရအဖွဲ့သို့ လေ့လာ သုံးသပ်တင်ပြခဲ့ပြီး အစိုးရအဖွဲ့၏ သဘောတူညီချက် အမိန့်ကြော်ငြာစာ အမှတ် ၂၈၈/၂၀၁၂ ဖြင့်ထုတ်ပြန် ကင်း လွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
လမ်းများပေါ် သစ်လုံးတင်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ထုတ်ပြန်လိုက်သည့် မိုးတွင်းကာလ၊ လမ်းခံနိုင်ဝန် ကျဆင်းနေသည့် အချိန်တွင် သစ်လုံး တင်ကားများ ဖြတ်သန်းသွားလာခွင့်မပြုရန် တိုင်းဒေသကြီးများသို့ ညွှန်ကြားချက်ကို ဇွန်လ ၁၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
မီးဘေးကြိုတင်ကာကွယ်ရေး စီစီတီဗီကင်မရာများ မီးသတ်တပ်ဖွဲ့မှ တပ်ဆင်ရန်စီစဉ်နေ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးလောင်မှုများကို ဆောလျင်စွာ သိရှိနိုင်ရန် CCTV ကင်မရာများကို တပ်ဆင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
အလယ်တန်းကျောင်းသားများအတွက် သဘာဝဘေးလျော့ပါးရေး သင်ကြားပေးနေ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေး အန္တရာယ်လျော့ပါးရေးကို အထောက်အကူဖြစ်စေမည့် တွဲဖက်သင်ရိုးသစ်ကို အောက်မြန်မာနိုင်ငံရှိ အခြေခံ ပညာအလယ်တန်း ကျောင်းသားများအား ယခုပညာ သင်နှစ်မှစတင်ခါ ပို့ချလျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လေးအိမ်စုကျေးရွာ မင်္ဂလာ ဗုဒ္ဓဘာသာသင်တန်း ကျောင်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်၊ လေးအိမ်စုကျေးရွာ မင်္ဂလာဗုဒ္ဓ ဘာသာ သင်တန်းကျောင်းတွင် ယခု ဇွန်လမှစတင်၍ သင်တန်းများ သင်ကြား ပေးနေကြောင်း လေးအိမ်စု ကျေးရွာ မင်္ဂလာ ဗုဒ္ဓဘာသာအသင်းမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်ခရီး
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ၆၇ နှစ်မြောက်မွေးနေ့ကို စိတ်ခံ စားမှုများနှင့် ပြည့်လျှမ်းနေသော ဗြိတိန်ခရီးတွင်
ကျောင်းနေဖက် သူငယ်ချင်းဟောင်းများက ကျင်းပပေးခဲ့ကြသည်။
မအူပင် မိဘမဲ့ ကလေးကျောင်း တည်ဆောက်နေ
မေတ္တာရှင်ဆရာတော် အရှင်ဇ၀နက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် မိဘမဲ့မိန်းကလေးကျောင်းကို ဆောက်လုပ်လျက် ရှိကြောင်းသိရသည်။
စစ်တွေဒေသ လုပ်ငန်းများပြန်လည်ပတ်နိုင်ရေး အကြံဉာဏ်နှင့် ထောက်ပံ့မှုများ အမြန်လိုအပ်
ခါးသီးခက်ခဲလှသည့် ဇွန်လ ဒုတိယ ပတ်၏ အိပ်မက်ဆိုးများကို ဖြတ်သန်းခဲ့ရသော စစ်တွေမြို့သည် ဇွန်တတိယပတ် အကုန်တွင် ပြန်လည်တည်ငြိမ်စပြုလာသော်လည်း ဒေသတွင်း အဓိကစီးပွား ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းကာ ဒုက္ခသည်စခန်း ၄၀ ခန့်တွင် သမိုင်း အမွေဆိုးဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက် ထားဆဲဖြစ်သောကြောင့် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ကျွမ်းကျင်သူ ပညာရှင်များ၏ အကြံဉာဏ်များ အပါအ၀င် ကူညီထောက်ပံ့မှုအမျိုးမျိုးတို့ အမြန်လိုအပ်လျက်ရှိကြောင်း သိရ သည်။
ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာက အကူအညီ တိုးမြှင့်ပေးရန်စီစဉ်
ဒေသတွင်း ပဋိပက္ခများကြောင့် လူပေါင်း ၉၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေထိုင်နေကြရသည့် ရခိုင်ပြည် နယ်တွင် အကူအညီ ပေးရေးလုပ်ငန်း များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု နိုင်ငံတကာအကူအညီပေးရေး အေဂျင် စီများက ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး မိုးပွင့်အဆင့်(၃)စီမံချက် ရန်ကုန်မြို့တွင် စတင်
လူမှုဝန်ထမ်းကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက မြန်မာနိုင်ငံသားများအားလုံး နိုင်ငံသားစိစစ်ရေး ကတ် အလျင်အမြန် ရရှိစေရေးအတွက် ယခုနှစ် ဇွန်လ နှင့် ဇူလိုင်လ နှစ်လအတွင်း မိုးပွင့်အဆင့်(၃)စီမံချက်ကို နိုင်ငံတစ်ဝန်းတွင် လုပ်ဆောင်လျက် ရှိသည်။
မြို့ပြဒေသစီမံကိန်းတွင် ဂျာမနီနှင့်ပူးပေါင်းမည်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနနှင့် ဂျာမနီ နိုင်ငံ ကိုလုံးတက္ကသိုလ် ပထ၀ီဝင်ဌာနတို့ သည် မြန်မာနိုင်ငံမြို့ပြဒေသစီမံကိန်း အတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ယဉ်ကျေးမှုနှင့် အားကစား အစီအစဉ်များ ကျင်းပမည်
ဂျပန်အစိုးရ၏ ယဉ်ကျေးမှုနှင့် အာကစားဖလှယ်ခြင်းလုပ်ငန်းအဖွဲ့မှ ယဉ်ကျေးမှုနှင့် အားကစားဖလှယ်မှုအစီ
အစဉ်များကို ဇွန်လ ၂၈ ရက်မှ ၃၀ ရက်
နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်သံရုံးမှထုတ်ပြန်သော သတင်းအရ သိရသည်။

