လှေစီးဘင်္ဂါလီ ၂,၅၀၀ ကျော် အတွက် နေရာ စီစဉ်ပေးပြီးသည်နှင့် လက်ခံမည်
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)
စစ်တွေကမ်းခြေ၊ ဘင်္ဂလားပင်လယ်ဝရှိ ဖရုံကာကျွန်းများတွင် ယာယီခိုလှုံကာ စစ်တွေ့မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ ခိုလှုံခွင့် တောင်းခံ ထားသော လှေစီး ဘင်္ဂါလီ ၂,၅၀၀ ကျော်အတွက် သဲချောင်း ရပ်ကွက်အနီးတွင် နေရာထိုင်ခင်းများ စီစဉ်ပြီးပါက လက်ခံ သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဇွန် ၂၂ ရက်နံနက်တွင် မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။
"သဲချောင်းမှာရှိတဲ့ ဒုက္ခသည်စခန်း မှာ ဘင်္ဂါလီဦးရေက သုံးသောင်းကျော် ရှိသွားပါပြီ။ ဒါကြောင့် ခိုလှုံခွင့် တောင်းလာတဲ့ စက်လှေ ၂၀ က လူတွေကို လက်ခံရေး၊ လက်မခံရေးအတွက် ညှိနှိုင်း ကြရတာပါ။ သူတို့အတွက် နေရာတွေ စီစဉ်ပြီးရင်တော့ လက်ခံသွားဖို့ ရှိပါ တယ်။ လောလောဆယ်မှာ အဲဒီလူ ၂,၅၀၀ ကျော်အတွက် သုံးရက်စာ ဆန်တွေပို့ထားပါတယ်။ ပင်လယ်ဝ- အနောက်ဖရုံကာ ကျွန်းနဲ့ အလယ်ဖရုံ ကာ ကျွန်းတွေမှာ သူတို့စက်လှေတွေ ယာယီခိုနေကြပါတယ်"ဟု ၎င်းက ဖြေ ကြားခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရ၏ ဇွန်လ ၁၄ ရက်နေ့၊ ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားခဲ့ရာ၌ သဲချောင်း စခန်းတွင် ဘင်္ဂါလီ ဦးရေ ၁၈,၈၈၄ ဦးရှိကြောင်း၊ သို့ရာတွင် ယခု ဇွန်လ တတိယပတ်၌ အခြားသော ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့လာသူများနှင့် အရေး အခင်းကာလက ထွက်ပြေးသွား သော ဘင်္ဂါလီများ ရောက်ရှိသဖြင့် သုံးသောင်းကျော်အထိ တိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုခိုလှုံခွင့် တောင်းခံလာသော စက်လှေစီး ဘင်္ဂါလီ ၂,၅၀၀ ကျော် တို့မှာလည်း စစ်တွေမြို့ကမ်းနားဘက်၊ ကုလားတန်မြစ်အနောက်ဘက်ကမ်းရှိ မြို့သူကြီးရပ်ကွက်၊ တရားသီးစုရပ်ကွက်၊ ရွှေပြာရပ်ကွက်တို့ မီးသင့်လောင်ချိန် တွင် ရေလမ်းမှ ထွက်ပြေးသွားခဲ့သော ဘင်္ဂါလီများ ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အဆိုပါ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များနှင့်ပတ်သက်ပြီး ဆောင် ရွက်ထားမှုများအပါအ၀င် ထပ်မံ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အပေါ် ကောလာဟလအမျိုးမျိုးထွက်ပေါ် လျက်ရှိခြင်းကို မီဒီယာတို့က အမှန် အတိုင်းဖော်ပြနိုင်စေရန် ဇွန်လ ၂၁ ရက် နေ့ ညနေ ပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သတင်းစာရှင်းလင်းပွဲ တစ်ကြိမ် ထပ်မံပြုလုပ်ခဲ့ကြောင်း ဦးဝင်းမြိုင်က ပြောကြားခဲ့သည်။
"အဓိကပြောကြားလိုတာက ဒုက္ခ သည် စခန်းတွေမှာ ဆန်တွေမရသေးဘူး ဆိုတာမျိုး၊ နောက်ထပ်ဖြစ်ပွားတဲ့ ပဋိပက္ခ တွေမှာလည်း တစ်ဖက်ဘက်က အရမ်း ဆိုးနေတယ်၊ ရမ်းကားနေတယ်ဆိုတဲ့ ကောလာဟလမျိုးတွေကို အမှန်အတိုင်းသိပြီး မီဒီယာတွေက ဖော်ပြနိုင်အောင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ "နောက်ပြီး ဒုက္ခသည်စခန်းတချို့မှာ ၀မ်းရောဂါဖြစ်လို့ ကလေးငယ်နှစ်ဦး သေဆုံးတယ်ဆိုတဲ့ သတင်းမျိုးကလည်း မမှန်ပါဘူး။ မိုးတွင်းမှာ ဖြစ်နေကျ ၀မ်းဖောဝမ်းရောင်ဖြစ်ပြီး အအေးလည်း မိပြီး ရောက်လာတဲ့ကလေးတွေပါ။ အခု ဆေးရုံက ဆင်းသွားတာ သုံးရက်ရှိပါပြီ။ ဆေးဝါးဆိုင်ရာနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ အတွက်လည်း အခက် အခဲမရှိအောင် စီစဉ်ထားပါတယ်"ဟု ၎င်းက ရှင်းပြသည်။ စစ်တွေမြို့ပေါ်ရှိ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက် တို့ကဲ့သို့ မီးသင့်လောင် ရာ ဒေသများအား ရှင်းလင်းသန့်ရှင်း ရန် ဇွန်လ ၁၆ ရက်နေ့က ရောက်ရှိခဲ့ သော မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း မှ အသင်းသား ၄၀ တို့ကို ယခုအခါ ဒေသတွင်းသန့်ရှင်းရေးများတွင် တာဝန် မပေးတော့ဘဲ ရန်ကုန်မြို့မှ မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ စေလွှတ်သော ဆရာဝန် ၁၅ ဦး၊ ဒေသခံဆရာဝန်များ၊ တပ်မတော်ဆရာဝန်များနှင့် ပူးပေါင်း စေကာ ဒုက္ခသည် စခန်းများသို့ လှည့် လည်ပြီး ကျန်းမာရေးစောင့်ရှောက်မှု များအတွက် တာဝန်ပေးထားကြောင်း၊ ဆေးဝါးများအတွက်လည်း ရပ်နီး ရပ်ဝေး မှ အလှူရှင်များရှိကြောင်း ၎င်းက ရှင်းပြသည်။
ထို့ပြင် "၀မ်းရောဂါမဖြစ်ဖို့အတွက် ဒုက္ခသည်စခန်းတွေမှာ အိမ်သာတွေကို ၁၅ ဦး တစ်လုံး၊ ၃၀ ဦး တစ်လုံး အချိုးနဲ့ ပြီးခဲ့တဲ့ သုံးရက် လောက်ကစပြီး ဆောက် ပေးနေပါပြီ။ ဒါပေမယ့် ဒုက္ခသည်စခန်း အများစုက ဘုန်းကြီးကျောင်းတွေဖြစ်လို့ စောစောပိုင်းတုန်းက ချက်ချင်းမဆောက် ပေးနိုင်ခဲ့တာပါ။ တချို့စခန်းတွေကျ တော့လည်း နေရာကျဉ်းတဲ့အတွက် ဆောက်ဖို့နေရာ အခက်အခဲဖြစ်တဲ့ အတွက် ၃၀ ဦး တစ်လုံးအချိုးနဲ့ ဆောက် ပေးနေရပါတယ်"ဟုလည်း ဦးဝင်းမြိုင်က ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရ၏ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီသို့ အရပ်ရပ်မှရရှိသော အလှူ ငွေကျပ် သိန်း ၆,၁၂၀ နှင့်လေးသောင်း (၆၂၁,၀၄၀,၀၀၀) ပေးလှူထားပြီး ကြောင်းနှင့် ယခင်ရှိနှင့်ပြီးသော သွပ် အချပ်ရေ သုံးသောင်းခွဲခန့်နှင့် ဆန်အိတ် လေးထောင်တို့အပြင် ထပ်မံရောက်ရှိ လာသော သွပ်များ၊ WFP က ပေးပို့ သောဆန်များလည်း ရှိနေသဖြင့် ရခိုင် ပြည်နယ်တစ်ခု လုံးရှိ ဒုက္ခသည်စခန်း များအတွက် ဆန်အလုံအလောက်ရှိ ကြောင်း၊ ဘင်္ဂါလီလူမျိုး ဒုက္ခသည်စခန်း များကိုသာ ဆန်ပေးခြင်း မဟုတ်ဘဲ စခန်း အားလုံးသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
မိုးရာသီဖြစ်၍ ဒုက္ခသည်တို့အတွက် အိပ်ရာခင်းများ အရေးပေါ်လိုအပ်နေ သည့် အတွက် တာပေါ်လင် ပိတ်စ ပေ အလျား ၁၀၀ ထ အနံရှစ်ပေ အစများကို လည်း စခန်းများအနှံ့ ပြီးခဲ့သည့် သုံးရက် ကပင် ပေးပို့ထားကြောင်း၊ အ၀တ် အထည်အလှူရှင်များ ပေးပို့သော ဘေထုပ်ပေါင်းလည်း ရာဂဏန်းမျှရှိ ကြောင်းနှင့် ပြည်နယ်အစိုးရက ၀ယ်ယူ ပြီးဝေငှသည့် ကျားဝတ်၊ မ၀တ်အထည် များလည်း ပေးပို့ထားပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
"အလှူရှင်တွေအနေနဲ့ ကြိုက်ရာစခန်းကို ကိုယ်တိုင်တိုက်ရိုက် လှူနိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတစ်ဆင့် လှူမယ်ဆိုရင် လည်း လှူနိုင်ပါတယ်"ဟု လည်း ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးက ပြောကြားသည်။
