ဘတ်စ်လိုင်းပြေးဆွဲခြင်း ဂျပန်က သင်တန်းပေးမည်
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)
လူဦးရေထူထပ်သည့် ရန်ကုန်မြို့တော် တွင် အဆင့်မြင့်ဘတ်စ်ကားလိုင်းများ လိုအပ်လျက်ရှိရာ ကုန်းလမ်းပို့ဆောင်ရေး၊ ညွှန်ကြား ရေးမှူးဦးစီးဌာနနှင့် ဂျပန် နိုင်ငံ၏ အများပိုင်ကားကုမ္ပဏီတို့ ပူး ပေါင်း၍ အဆင့်မြင့်ယာဉ်လိုင်းက မကြာမီတွင် ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
ကွန်ပျူတာစနစ်သုံး အဆင့်မြင့် မော်တော်ကားများ ပြင်ဆင်နိုင်ရေး အတွက် ဂျပန်နိုင်ငံက ကျွမ်းကျင်အင်ဂျင် နီယာများက သင်တန်းလာရောက်ပို့ချ မည်ဟု စက်မှု ၀န်ကြီးဌာနတွင် ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် မီဒီယာတွေ့ဆုံ ပွဲ၌ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပြောသည်။
ရန်ကုန်နေပြည်သူများဘတ်စ်ကားစီး ရာတွင် စောင့်ဆိုင်းချိန်ကြာမြင့်မှု၊ ဂုဏ် သိက္ခာရှိရှိနှင့် သက်သောင့်သက်သာစီး နိုင်ရေး၊ လုံခြုံစိတ်ချစွာစီးနင်းနိုင်ရေးနှင့် ကုန်ကျစရိတ်သက်သာစွာ စီးနင်းနိုင်ရေး တို့အတွက် ပြေးဆွဲပေးမည်ဖြစ်သည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ကုန်ကျစရိတ်သက်သာသည့် ဘတ်စ်လိုင်းပြေးဆွဲပေးမည့် ဂျပန်ကား ကုမ္ပဏီကို ကားစီးရေ ၃,၀၀၀ ခွင့်ပြုထား ကြောင်းသိရသည်။
"ကုန်ကျစရိတ် သက်သာဖို့အတွက် က ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ မရဘူး။ ဂက်စ်နဲ့ တင်သွင်းနိုင်မယ်ဆိုရပြီ။ ပြေးဆွဲရာမှာ လည်း စီးမယ့်သူရှိမရှိ ပြေးဆွဲပေးနေရ မယ်။ ဒါမှလည်း ခရီးသည်က အချိန်မရွေး ပြေးဆွဲပေးတယ်ဆိုပြီး တိုက်ရိုက်သွား လာနိုင်မှာပါ။ လက်ရှိက ရန်ကုန်ဘတ်စ် ကားတွေက အမောင်းကြမ်းတယ်၊ စပယ်ယာတွေကလည်း ရမ်းကားတယ်။ နောက်ဆိုဒါတွေကို စနစ် တကျဖြစ် အောင် လုပ်သွားမှာပါ"ဟု အသစ်ပြေးဆွဲ ပေးမည့် ဘက်စ်လိုင်းနှင့် ရန်ကုန်နေ ခရီးသွားတို့ လက်ရှိအချိန် ကြုံတွေ့ရ သည်များကို ၎င်းက ပြောသည်။
"ဂျပန်က ပထမတစ်ခေါက်လာတယ်။ ဘာတွေလိုအပ်လဲဆိုတာတွေ ဆွေးနွေး ကြတယ်။ နောက်တစ်ခေါက် လာရင် တိကျတဲ့အခြေ အနေတွေရမှာ ဖြစ်ပါ တယ်"ဟု ဂျပန်အများပိုင်ကားကုမ္ပဏီ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကို ဦးသန့်ရှင်းက ပြောသည်။
အဆင့်မြင့်မော်တော်ယာဉ်များ စနစ်တကျ ပြင်ဆင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ မှ အင်ဂျင်နီယာ ၇၀ ဦးက ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာနများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ တွင် သင်ကြားသွားမည်ဖြစ်သည်။
