ဖော်ပြခဲ့သော သတင်းကြောင့် The First Weekly ကိုတရားစွဲဆို
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )
ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက The Frist Weekly ဂျာနယ်တွင် ဖော်ပြခဲ့ သော သတင်းဆောင်းပါးနှင့် ပတ်သက် ၍ အသရေဖျက်မှု၊ ထိခိုက်နစ်နာစေမှုတို့ နှင့် အပြန်အလှန် တရားစွဲဆိုထားကြရာ ဒုတိယရုံးချိန်းကို ကျောက်တံတားမြို့ နယ် တရားရုံးတွင် ဇူလိုင်လ ၂၄ ရက်နေ့ က ကြားနာခဲ့သည်။
The Frist Weekly ဂျာနယ်၏ မေလတတိယပတ်က ထုတ်ဝေခဲ့သော 'ဒလဆိပ်ကမ်း၌ ယာဉ်ရပ်နားခများကို တိုးမြှင့်ကောက်ခံခြင်းအား ကားသမား အများစု မကျေနပ်' ခေါင်းစဉ်ဖြင့် သတင်း ဆောင်းပါးအတွက် ယာဉ်ရပ်နားဝင်း လေလံပိုင်ရှင် ဒေါ်သစ်သစ်ဆွေက တရားလိုအဖြစ်The Frist Weekly ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးအောင်စိုးသူနှင့် ရေးသားသူ ဦးထူးသစ် တို့အား အသရေဖျက်မှု (ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀)ဖြင့် လည်းကောင်း၊ ထိခိုက်နစ်နာစေသောကြောင့် လျော် ကြေး ကျပ်သိန်း ၂၀၀ ရလိုမှုဖြင့် တရားစွဲထားခြင်းဖြစ်သည်။
တစ်ဖန် ဦးအောင်စိုးသူကလည်း မေလ ၃၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်း စာတွင် ပါရှိခဲ့သော 'အမှုဆောင်အရာရှိ ချုပ် ဦးအောင်စိုးသူ၊ ဆောင်းပါးရှင် ထူးသစ်နှင့် အများသိစေရန်' ကြော်ငြာ ကြောင့် ဂျာနယ်အပေါ် ထိခိုက်နစ်နာစေ သည်ဆိုကာ ဒေါ်သစ်သစ်ဆွေအား လျော်ကြေးငွေ ကျပ်သိန်း ၃၀၀ ရလိုမှုဖြင့် လည်းကောင်း နစ်နာကြေးအပြန်အလှန် ရလိုမှုဖြင့် စွဲဆိုထားသည်။
"ဒီကိစ္စက သတင်းဆောင်းပါးကို ရေး တဲ့ သတင်းထောက်ဟာ တစ်ဖက်လုပ်ငန်း ရှင်ကို ဆက်သွယ်မေးမြန်းခြင်းမရှိ၊ ခွင့်ပြုချက်တောင်းခြင်းမရှိဘဲ လုပ်ငန်း ရှင် ဒေါ်သစ်သစ်ဆွေရဲ့ အမည်ရော၊ မှတ်ပုံတင်နံပါတ်ကိုပါ ဂျာနယ်မှာ ဖော်ပြ သုံးစွဲခဲ့လို့ ဖြစ်ပါတယ်" ဟု ဒေါ်သစ်သစ် ဆွေဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေဦးလှမြင့် (ဒဂုံ)က ဇူလိုင်လ ၂၄ ရက်နေ့က ပြောသည်။
The Frist Weekly ဂျာနယ် အမှု ဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ် ဖြစ်သူ ဦးအောင်စိုးသူက ၎င်းသည် အောက်ခြေလူတန်းစားများအား ပံ့ပိုး ကူညီခြင်းသာဖြစ်သည်ဟု ဆိုသည်။
"ကျွန်တော်တို့အနေနဲ့ ကန်ထရိုက် တာကို မမေးဘဲ ရေးလိုက်မိတယ်။ ဒါပေ မယ့် အဲဒီသတင်းကို အပိုင်းတစ်အနေနဲ့ ထည့်ခဲ့တာပါ။
သတင်းမထည့်ခင်လည်း ဟိုဘက်ကလူတွေကို ပြောထားတယ်။ ဂျာနယ်ကို ကန်ထရိုက်တာဘက်က တစ်စုံတစ်ရာပြောလာခဲ့ရင် သူ့ဘက်က စကားသံကိုလည်း အပိုင်းနှစ်အဖြစ် ထည့်ပေးရမှာလို့ ပြောထားပြီးသားပါ။
ဒါပေမယ့် ပြဿနာက ကျွန်တော်တို့ဆီ ကို တိုက်ရိုက်မလာဘဲ တရားရုံးကို ရောက်သွားတာပါ။ ကျွန်တော့်အနေနဲ့ ကလည်း မကျေမနပ်ဖြစ်နေကြတဲ့ အောက်ခြေကလူတွေရဲ့ နစ်နာချက်၊ ခံစားချက်တွေကို သက်ဆိုင်ရာလူကြီး တွေသိအောင် မီဒီယာအနေနဲ့ ပံ့ပိုးကူညီ လိုက်တဲ့သဘောပါပဲ" ဟု ဦးအောင်စိုးသူ က တရားရုံးမှထွက်လာစဉ် သတင်းမီဒီ ယာများကို ပြောသည်။
ဦးအောင်စိုးသူနှင့် ဦးထူးသစ်တို့ နှစ်ဦးအား ကျပ်သိန်း ၂၀ စီဖြင့် အာမခံ ပေးထားကြောင်းလည်း သိရသည်။ ဒေါ်သစ်သစ်ဆွေသည် ဒလမြို့နယ်၊ ဆိပ်ကမ်းယာဉ်ရပ်နားဝင်းအား ကျပ် သိန်း ၁၉၀ ဖြင့် လေလံအောင်ကာ ၂၀၁၂ ဧပြီလမှ ၂၀၁၃ မတ်လအထိ တစ်နှစ်တာ လုပ်ကိုင်ခွင့်ရရှိထားသူ ဖြစ်သည်။
"စည်းကမ်းချက်အရ တိုးမြှင့်ကောက်ခံ နေတယ်ဆိုတာ ကြားသိရရင် လေလံကို ပြန်ရုပ်သိမ်းမယ်လို့ ရှိပါတယ်။ ဒီသတင်း ကြောင့် လေလံပြန်သိမ်းခံရမယ့် အနေ အထားဖြစ်နေတယ်"ဟု ယာဉ်ရပ်နား စခန်းတာဝန်ခံ ဦးကိုကိုသက်က ပြော သည်။
ဇွန်လ ၅ ရက်နေ့မှ စတင်၍ ဒေါ်သစ် သစ်ဆွေက The Frist Weekly အား စတင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တတိယ ရုံးချိန်းအား ဩဂုတ်လ ၇ ရက်နေ့တွင် ချိန်းဆိုထားကြောင်း သိရသည်။
