၂၀၁၀ သင်္ကြန်တွင် ဗုံးဖောက်ခွဲသူ သေဒဏ်မှ လွတ်ငြိမ်း
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)
၂၀၁၀ ပြည့်နှစ်သင်္ကြန်ကာလအတွင်းက ရန်ကုန်မြို့ X2O ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးဖောက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်း စသည့် ပြစ်ဒဏ်များ ချမှတ်ထားခြင်း ခံရသော ကိုဖြိုးဝေအောင်ကို ယခုလ ၃ ရက်နေ့ တွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက် ကြောင်း ၎င်း၏ ရှေ့နေဦးကျော်ဟိုးက မြန်မာတိုင်း(မ်)ကိုပြောသည်။
အသက် ၃၂ နှစ် အရွယ်ရှိ ကိုဖြိုးဝေ အောင်မှာ အသည်းကင်ဆာဝေဒနာနှင့် ကိုယ်အောက်ပိုင်း သေဝေဒနာကို ခံစားနေရပြီး အင်းစိန် ဆေးရုံ၌ ဆေးကုသမှု ခံယူနေကာ လွန်ခဲ့သည့် ရက်သတ္တပတ် က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနားနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး နောက်လေးရက်အကြာတွင် လွတ် မြောက်ခဲ့ခြင်းဖြစ် သည်။
"ကိုဖြိုးဝေအောင်ကို ဖမ်းဆီးခဲ့စဉ် ကတည်းက အသည်းရောဂါဝေဒနာ ခံစားနေရတာပါ"ဟု ဦးကျော်ဟိုးက ပြောသည်။
ကိုဖြိုးဝေအောင်ကို ၂၀၁၂ ပြည့်နှစ်၊ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေ ကစား မဏ္ဍပ်ရှေ့၌ ၁၀ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည့် ဗုံးသုံးလုံးဆက်တိုက် ပေါက် ကွဲမှုနှင့် ပတ်သက်၍ ယခုနှစ် မေလက ပုဒ်မ ၃၀၂ပိုဒ်ခွဲ (၁)(ခ)/၁၁၄အရ သေဒဏ်ချမှတ် လိုက်ခြင်းဖြစ်သည်။
မစ္စတာသောမတ်စ်အိုဟေး ကွင်တား နားကမူ ယခုကဲ့သို့ ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းကို ၀မ်းသာမိ ကြောင်းပြော သည်။
"အခုဆို ဖြိုးဝေအောင်ဒုက္ခမခံရ တော့တဲ့အတွက် ကျွန်တော်အရမ်း ၀မ်းသာမိပါတယ်။ သူဟာပြစ်ဒဏ်လွတ် ငြိမ်းခွင့်ရသင့်ရထိုက်တဲ့ သူတစ်ဦးပါ။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ကိုဖြိုးဝေအောင်ရဲ့ အခြေအနေ အနေပေါ်မှာ လူသားချင်းစာနာသော အားဖြင့် ကျွန်တော်ရဲ့တောင်းဆိုချက်ကို လက်ခံလိုက်တဲ့အတွက် လှိုက်လှိုက် လှဲလှဲဝမ်းသာမိပါတယ်။ မြန်မာအစိုးရ အနေနဲ့ အခုလို ဆုံးဖြတ်ချက်ကိုလိုက်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်း သားတွေကို လွှတ်ပေးဖို့ မျှော်လင့်ပါ တယ်"ဟု ၎င်းကပြောသည်။
