ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ထပ်မံတိုးချဲ့မည်
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့ ၌ ပြီးခဲ့သည့်ဇွန်လအတွင်းက ဖြစ်ပွား ခဲ့သည့် ဆူပူအကြမ်းဖက်မီးရှို့ဒဏ်ခံစားခဲ့ရသည့် ဖြစ်ရပ် ပြဿနာများ ထပ်မံ မဖြစ်ပွားရန် စီစဉ်ဆောင်ရွက်နေပြီး ရဲစခန်း ၃၀ ကို ထပ်မံတိုးချဲ့မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဇူလိုင်လ ၃၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး တွင် ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လုံခြုံမှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၂၂ ရက်တွင် ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် အဖွဲ့ကို ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ သည်ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လူမျိုးများ ရောထွေးနေထိုင်သည့် နေရာများတွင် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန် လုံခြုံရေးတာဝန်ချ ထားရန် လိုအပ်သည့် လက်ရှိရဲစခန်း ၇၅ ခုအနက် ရှစ်ခုကို အဆင့်မြှင့်တင်ခြင်း၊ ရဲစခန်း အသစ် ၃၀ ကို တည်ဆောက်မည်ဟု ၎င်းက ပြောသည်။
