မိုးသီးဇွန်နှင့် ကျောင်းသား ဟောင်းအချို့ စက်တင်ဘာ ၁ ရက် ပြန်လာမည်
၂၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဝင် ရောက်ခွင့်ကို အစိုးရက ခွင့်ပြုလိုက်သည့် အတွက် အေဘီအက်စ်ဒီအက်ဖ် ကျောင်း သားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန် အပါအ၀င် အဖွဲ့ဝင်ရှစ်ဦးတို့သည် စက်တင်ဘာလ ၁ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ထိုင်းနိုင်ငံမှ တစ်ဆင့် ရောက်ရှိ လာကြမည်ဖြစ်သည်။
အသက်မပြည့်သော စစ်မှုထမ်းကလေးငယ် ၆၀၀ ကျော်အား နုတ်ထွက်ခွင့်ပေးခဲ့ပြီး ၄၀ ကျော်ကို ထပ်မံနုတ်ထွက်ခွင့်ပေးမည်
လွန်ခဲ့သည့် ရှစ်နှစ်တာကာလအတွင်း အသက်မပြည့်သေးသည့် ကလေး ၆၀၀ အား စစ်တပ်များတွင် စစ်မှုထမ်းခြင်းမှ နုတ်ထွက်စေခဲ့ ကာ မိဘရပ်ထံ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး အသက် ၁၈ နှစ် အောက် စစ်မှုထမ်းကလေး ၄၀ ကျော်အား ထပ်မံနုတ်ထွက်ခွင့် ပေးမည် ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့အား အရေးယူဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်၌ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
ဩဂုတ် ၂၉ ရက်တွင် ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ၃၅ ရက် မြောက်နေ့တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပေးပို့လာသော သ၀ဏ်လွှာအရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။
တွံတေးမြို့နယ်မှ လယ်သမားများက လွန်ခဲ့သောနှစ် ၂၀ အတွင်း ဆုံးရှုံးခဲ့ရသော လယ်ယာမြေများ အတွက် ပြန်လည်တောင်းဆို
၁၉၇၈ ခုနှစ်က တွံတေးမြို့နယ်၌ ဖွဲ့စည်းခဲ့သော
ထော်ကူး အဆင့်မြင့် ရှေ့ပြေးသမ၀ါယမ
လယ်ယာအသင်း၏ လယ်မြေများ ကျူးကျော်ခံရ
ခြင်း၊ အသင်းအမှုဆောင်များ ပြောင်းလဲဖွဲ့စည်းခံ ရခြင်း၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရခြင်း တို့ကြောင့် အဆိုပါ သမ၀ါယမအသင်းကို ပြန်လည်ဖွဲ့စည်း လိုကြောင်း အဆိုပါလယ်သမားများက ဩဂုတ်လ ၂၉ ရက်နေ့တွင် ပြောသည်။
မန္တလေး တမ္ပ၀တီရပ်ကွက် လူသတ်မှုအား စစ်ဆေးဆောင်ရွက်နေ
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်က တမ္ပ၀တီ ခတ္တန်းရပ်၌ ကြေးသွန်း လုပ်ငန်းရှင်တစ်ဦး နေအိမ်တွင် အသတ် ခံရမှု ကို အမှတ်(၁၀)ရဲစခန်းမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေဆဲဖြစ် ကြောင်း သိရသည်။
"ကိုယ့်အမြင်နဲ့ မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီး စွပ်စွဲလို့ မရပါဘူး" - ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင် တို့ ပြည်ထောင်စုအဆင့် ရှိ၊ မရှိနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား ညှိနှိုင်း မရဘဲ အငြင်းပွားလျက် ရှိကြရာ 'နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မိမိမှားယွင်း ဆုံးဖြတ်မိခဲ့ကြောင်း ကြေညာ ချက် ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန်' အဆိုအား လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ ပါဝင်ဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးရှုထောင့်မှ ကြည့်ပါက မိမိနှင့် အမြင်မတူသူအားလုံး မှားသည်ဟု စွပ်စွဲ၍ မရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်တွင် မဲခွဲရာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အနိုင်ရ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်များအား ဖောက်ဖျက် ကျူးလွန် ခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင် သည့်အဆိုကို ယခုလ ၂၈ ရက်က အမျိုးသားလွှတ်တော်၌ ထောက်ခံမဲ ၁၆၃ မဲဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့သည် ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို သန်းခေါင်းစာရင်း ထည့်သွင်းကောက်ယူရန် ကုလသမဂ္ဂက တိုက်တွန်း
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးတွင် မြန်မာနိုင်ငံအတွင်း နေထိုင် လျက် ရှိသော မည်သူ ကို မဆိုကို ထည့်သွင်း စာရင်းပြုစုရန် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ ရာတွင် တိုက်တွန်း ပြောကြားခဲ့ သည်ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့ (UNFPA) မှ အမှုဆောင် ဒါရိုက်တာ Dr. Babatunde Osotimehin က ပြောကြားသည်။
စက်တင်ဘာတွင် မုတ်သုံလေ ဆုတ် ခွာမည်ဟုခန့်မှန်း
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းမှ အောက်တိုဘာလ ပထမ၁၀ရက်ပတ်အတွင်း ဆုတ်ခွာဖွယ် ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်များ စက်တင်ဘာအတွင်း ရခိုင်သို့သွားမည်
သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင်သည် စက်တင် ဘာလအတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်ရန် လျာထားသည့် တံတားဦးမြို့သစ် စီမံကိန်းအတွက် ကျပ်ဘီလျံ ၂၀၀ ခန့် ရရှိထားဟုဆို
အမေရိကန် ဒေါ်လာနှစ်ဘီလျံ အကုန်အကျခံ တည်ဆောက်ရန် လျာထားသည့်
မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့သစ်စီမံကိန်းအတွက် လက်ရှိအချိန် အထိ အစုရှယ်ယာငွေကျပ်ဘီလျံ ၂၀၀
ကျော်ရရှိထားပြီး ဖြစ် သည်ဟု သမ၀ါယမ
ဘဏ်လီမိတက်နှင့် ကောင်းမြန်မာအောင်
ကုမ္ပဏီ လီမိတက်အုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်အေးက ဩဂုတ်လ ၂၁ ရက် နေ့တွင် ပြောကြားသည်။
ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို ပြန်လည်လက်ခံပြီး ငွေပြန်အမ်းရန် မဖြစ်နိုင်ဟုဆို
ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်း များကို အသုံးပြုနေသူများက ငှားရမ်း ပေးထားသည့် မြန်မာဆက်သွယ်ရေး လုပ်ငန်းသို့ ပြန်လည် ပေးအပ်ကာ ပေးသွင်းထားသည့် ကျပ် ၁၅ သိန်းကို ပြန်လည်ထုတ်ယူလိုသည်ဟု ပြောကြားနေ မှုမှာ မဖြစ်နိုင်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုလိုက်သည်။
သတ္တုတွင်းဝန်ကြီးဌာနနှင့် သည်ဗွိုက်စ်အမှု စွဲချက်မြောက်မမြောက် စက်တင်ဘာတွင် ဆုံးဖြတ်မည်
သတ္တုတွင်းဝန်ကြီးဌာနက သည်ဗွိုက်စ် သတင်းစာစောင်အပေါ် အသရေဖျက် မှုဖြင့် စွဲဆိုထားမှုသည် စွဲဆိုချက် မြောက်မမြောက်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။
လူမှုရေး အဖွဲ့အစည်းများအတွက် ကိုက်ညီမည့် ဥပဒေပြုစုရန် လူမှုရေးအဖွဲ့များနှင့် လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
ပြည်တွင်း၌ လူမှုရေးလုပ်ငန်းများလုပ် ကိုင်နေကြသည့် အစိုးရမဟုတ်သော ပြည်တွင်း လူမှုအဖွဲ့အစည်း (အင်န်ဂျီအို) ၂၆ ခုနှင့် ပြည်သူ့ လွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင်များနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများသည် လူမှု အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြုမှုအတွက် ဆွေးနွေးရန် လွန်ခဲ့သည့် ရက်သတ္တပတ်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် ကုလသမဂ္ဂ ၀န်ထမ်းသုံးဦးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်
ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားစဉ် ကာလက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ ကာ ဩဂုတ်လ ၂၄ ရက်နေ့က မောင်တောတရားရုံး၌ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရသည့် ကုလသမဂ္ဂနှင့် နိုင်ငံ တကာ အကူအညီပေးရေးအဖွဲ့အစည်း မှ ၀န်ထမ်းသုံးဦးကို နိုင်ငံတော်သမ္မတ က ဩဂုတ်လ ၂၉ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့သည်။
နေရှင်နယ်လိဂ် နှင့် ဂျေလိဂ်တို့ ပူးပေါင်း
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ် ကျင်းပသော မြန်မာနေရှင်နယ်လိဂ်နှင့် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စီစဉ် ကျင်းပနေသော ဂျပန်ပြည်တွင်းလိဂ်ဖြစ် သည့် ဂျေလိဂ်တို့ အကျိုးတူပူးပေါင်း ရန် သဘောတူညီမှု ရယူခဲ့ကြသည်။
လွှတ်တော်သို့ လယ်ယာကိစ္စများ တင်ပြရန် ကော်မရှင် ဖွဲ့စည်း
အမျိုးသားဒီမိုကရေစီအင်အားစု (အင်န်ဒီအက်ဖ်) ပါတီက လွှတ်တော်သို့ တင်ပြလိုသော လယ်သိမ်း၊ ယာသိမ်းကိစ္စများကို စုစည်း တင်ပြနိုင်ရန်အတွက် မြေယာပြဿနာများ ဖြေရှင်းရေး ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ယခုလ ၂၂ ရက်နေ့က ရန်ကုန်မြို့ စီးတီး စတားဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယခုနှစ်မိုးရာသီတွင် ရာသီတုပ်ကွေး ဘီအမျိုးအစား ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုများပြား
၂၀၁၂ ခုနှစ် မိုးရာသီတွင် ရာသီတုပ်ကွေး ဘီအမျိုးအစား ဗိုင်းရပ်စ်ပိုး ပိုမိုဖြစ်ပွားမှု တွေ့ရကြောင်း ရန်ကုန် သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီး ရင်ခေါင်းရောဂါဆေးကုဌာနမှ ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဌာနမှုး ဒေါက်တာဒေါ်ရတနာကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ဗေဒါ နိုင်ငံရေးသိပ္ပံကျောင်း (၁၂)ကြိမ်မြောက် ကျောင်းဆင်း
နိုင်ငံရေးနှင့်ဆက်နွှယ်သော ဘာသာ ရပ်များကို အခကြေး ငွေမယူဘဲ နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်များအား သင်ကြား ပေးသော နိုင်ငံရေး သိပ္ပံကျောင်း တစ်ကျောင်းဖြစ်သည့် ဗေဒါနိုင်ငံရေး သိပံ္ပကျောင်း၏ (၁၂)ကြိမ်မြောက် ကျောင်းဆင်းပွဲကို ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းအိမ်ရာရှိ သင်တန်းတည်ရှိရာတွင် ဩဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည်။
သဘင်ပညာရှင်များအစည်းအရုံး ပြန်လည် ရွေးကောက်မယ့်အစီအစဉ် ရက်ရွှေ့ဆိုင်းလိုက်
မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံးရဲ့ အမှုဆောင်သစ်များ ပြန်လည်ရွေးကောက်မယ့် အစီ အစဉ်ကို ဩဂုတ်လထဲမှာ ပြုလုပ်သွားဖို့ သတ်မှတ်ထား ရာက မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု တိုင်းရင်းသား ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲအပြီး ၂၀၁၂ ခုနှစ်၊ နှစ်ကုန် ပိုင်းအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် မြန်မာလုပ်သားများအား သင်တန်းပို့ချ
မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့စီမံကိန်းအတွက် မြန်မာ လုပ်သားများအား ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL) ၌ တရုတ် နှင့် အင်္ဂလိပ်ဘာသာ သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ သည်။
ဒုတိယအကြိမ် နိုင်ငံရေး သင်တန်းဖွင့်
၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့ နှင့် SANDHI ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတို့ ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက် ခြောက် ရက်ကြာ နိုင်ငံရေး သင်တန်းကို ဩဂုတ်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ ကားအစီးရေ ၁၀၀ ကို AA တက္ကစီယာဉ်များအဖြစ် ပြေးဆွဲမည်
ဂျပန်နိုင်ငံမှ အသစ်ထပ်မံတင်သွင်းလာ သော Toyota Corolla အမျိုးအစား ကားအစီးရေ ၃၀ နှင့် Toyota Belta အမျိုးအစား ကား အစီးရေ ၇၀ တို့အား AA အက္ခရာ တက္ကစီယာဉ်များအဖြစ် ပြေးဆွဲ ရန် စီစဉ်ထားကြောင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက် မှ သိရသည်။
ကုန်သေတ္တာခွံ ၅,၀၀၀ ခန့် ထားသိုနိုင်မည့် ကုန်းတွင်း ကုန်သိုလှောင်စခန်းဖွင့်လှစ်
ကုန်သေတ္တာခွံ ၅,၀၀၀ ခန့်နှင့် ကုန်သေတ္တာယာဉ် အစီး ၁,၂၀၀ ခန့် ထားသို
နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကုန်းတွင်း သိုလှောင် ရေးစခန်းနှင့် ကုန်
သေတ္တာ ယာဉ်ရပ်နားစခန်းကို ရန်ကုန်
မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဩဂုတ်လ ၂၂ ရက်နေ့က ဖွင့်လှစ် လိုက် သည်။
ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့ကို ငါးနှစ်အတွင်း အာဆီယံအဆင့်မီရန် ရည်မှန်း
ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့အား Centre of Excellence (COE) များ အနေဖြင့် ယခု ၂၀၁၂ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ကာ အင်ဂျင်နီယာဘွဲ့ တိုက်ရိုက်ရယူနိုင်မည်ဖြစ်ပြီး ငါးနှစ် အတွင်း နိုင်ငံတကာအဆင့်မီရန် မဖြစ် နိုင်သေးသော်လည်း အာဆီယံအဆင့်မီ ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ဘားအံမြို့ရှိ ကော့ဂွန်း သဘာဝလိုဏ်ဂူကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာအနီးတွင် တည်ရှိ သော ကော့ဂွန်း သဘာဝလိုဏ်ဂူကို ယဉ် ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့် ရှောက်လျက်ရှိကြောင်း သိရသည်။
မြစိမ်းရောင် ငွေစုငွေချေးအသင်းက ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေ
နိုင်ငံတော်သမ္မတဦးသိန်းစိန် မတည် ထူထောင်ထားသည့် မြစိမ်းရောင် ငွေစုငွေချေးအသင်းက နေပြည်တော်ရှိ ကျေးလက်ပြည်သူ များကို စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍများ၌ အများဆုံး ထောက်ပံ့လျက်ရှိသည်ဟု သိရသည်။
