ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် မြန်မာလုပ်သားများအား သင်တန်းပို့ချ
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့စီမံကိန်းအတွက် မြန်မာ လုပ်သားများအား ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL) ၌ တရုတ် နှင့် အင်္ဂလိပ်ဘာသာ သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ သည်။
အဆိုပါသင်တန်းတွင် မြန်မာလုပ် သား ၆၀ တက်ရောက်ခဲ့ကြပြီး မြန်မာ- တရုတ် ရေနံပိုက်လိုင်းအတွက် မြန်မာ လုပ်သားများအား ပထမဆုံးအကြိမ် ခန့်အပ်မှုလည်းဖြစ်ကာ အကြိုလုပ်ငန်း ခွင်သင်တန်းအဖြစ် ကိုးလ တက်ရောက် ရမည် ဖြစ်ပြီး ပထမ သုံးလ အနေဖြင့် ယင်း တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားများ ကို သင်ကြားခြင်းဖြစ်သည်။
ဒုတိယသုံးလတွင်မူ တရုတ်ဘာသာ စကားကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားရုံ သာမက အနောက်တောင် တရုတ်ရေနံ ဆိုင်ရာ တက္ကသိုလ်တွင် သင်ကြားမည် ဖြစ်သည်။ တတိယသုံးလကိုမူ ရေနံပိုက် လိုင်းတွင် အလုပ်သင်အဖြစ် လုပ်ကိုင်ရ မည်ဖြစ်သည်။
ထို့ပြင် YUFL အနေနှင့်လည်း ယင်းကဲ့ သို့ နိုင်ငံခြားကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင် ခြင်းမှာ ပထဆုံးအကြိမ်ဖြစ်သည်။ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ လုပ်သားများကိုလည်း နောက်နှစ်အစောပိုင်းကာလတွင် ခန့်အပ်ရန်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာ-တရုတ် ရေနံပိုက် လိုင်းစီမံကိန်းတွင် မြန်မာလုပ်သားပေါင်း ၄,၄၈၆ ဦး ခန့်အပ်ထားရာ လုပ်သားဦး ရေ စုစုပေါင်း ၏ ၅၂ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
South-East Asia Pipeline Co.Ltd သည် ရေနံပိုက်လိုင်း၌ လုပ်သားများအား ခန့်အပ်ရာ တွင် အမျိုးသားများကိုသာ ရွေးချယ်ပြီး အသက် ၂၀ နှင့် ၂၅ နှစ် အတွင်းဖြစ်ကာ အင်ဂျင်နီယာဘာသာဖြင့် ဘွဲ့ရရှိကြသူများ ဖြစ်ကြ သည်ဟု သိရသည်။
ယခုပထမအကြိမ်တွင် လူ ၆၀ ခေါ် ယူထားကာ ဆက်လက်ပြီး ဒုတိယ အကြိမ်တွင် ၆၀နှင့် တတိယအကြိမ်တွင် ၈၀ အသီးသီး ခေါ်ယူသွားမည်ဖြစ်ကာ ပိုက်လိုင်းဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်း များအတွက် လာမည့် ဆယ်စုနှစ်အထိ ဆက်လက်ခန့်အပ်သွားမည် ဖြစ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိတစ်ဦးဖြစ်သူ့ Yiran Li က ပြော ကြားသည်။
