အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ မိုးထိမိုးမိမှ အလုပ်သမားများအား တရားစွဲဆို

နော်စေးဖောဝါး
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှ မိုးထိမိုးမိ ရွှေလုပ်သားအလုပ်သမား ခေါင်းဆောင် ဥက္ကဋ္ဌကိုရဲရင့်ထွန်း အပါ အ၀င် အလုပ်သမား ခေါင်းဆောင် ၁၇ ဦးကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ မိုးထိမိုးမိမှ ၀တ္တရားနှောင့်ယှက် မှု၊ ရိုင်းပျမှု တို့ဖြင့် ယခုလ ၂ ရက်နေ့ တွင် အမှုဖွင့်အရေးယူထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်က ပြောသည်။

စက်တင်ဘာ ၂ ရက်နေ့တွင် မိုးထိမိုးမိ ရွှေလုပ်ကွက်ဇုန် (၈)၌ ကုမ္ပဏီမှ ခန့်ထား သည့် လုံခြုံရေးများက ရှာဖွေရေး ၀င်ရောက်လုပ်ခဲ့ ကြသည်ကို ရွှေလုပ် သားများက ထိုသို့မလုပ်ရန်နှင့် လုပ်ချင် လျှင်လည်း ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စနစ်တကျလုပ်ဆောင်ရန် ပြောဆို ကန့်ကွက်ခဲ့ရာမှ စကားများ အချေ အတင်ဖြစ်ကာ ကုမ္ပဏီ၏တွဲဖက် လုံခြုံ ရေးတာဝန်ခံ ဦးမြင့်သိန်းမှ အဆိုပါ အလုပ်သမား အချို့ကို ပုဒ်မ ၂၉၄ (မချေ မငံဆက်ဆံမှု၊ ရိုင်းပျမှု)၊ ၅၀၆ (၀တ္တရား နှောင့်ယှက်မှု) တို့ဖြင့် တရားစွဲဆိုထား ခြင်းဖြစ်ကြောင်း ကိုဟန်ဝင်းအောင် က ပြောသည်။

ရမည်းသင်းမြို့နယ် တီးကုန်း ရဲစခန်း မှ ပ ၅၇/၂၀၁၂ ဖြင့် ယခုလ ၄ ရက်နေ့ တွင် အကြောင်းကြားစာ ပေးပို့ခဲ့ ပြီး ယခု လ ၆ ရက်နေ့တွင် အလုပ်သမား ခေါင်းဆောင်များ ဖြစ်သော ကိုအောင် ကြီး၊ ကိုရဲရင့်ထွန်း၊ ကိုလှိုင်ဝင်း၊ ကိုအောင် ရှိန်တို့သွားခဲ့ကာ အလုပ်သမား ခေါင်းဆောင် စုစုပေါင်း ၁၇ ယောက်ကို မြို့နယ်ရဲစခန်းမှ ယခု ၁၄ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်နဒီလွင်က ယခုကဲ့သို့အလုပ်သမား ၁၇ ဦးကို တရားစွဲဆို ထားသည်မှာ ဟုတ်မှန်သော်လည်း ထိုအထဲမှငါးဦး ခြောက်ဦးသာ ၎င်းတို့ ကုမ္ပဏီတွင် အလုပ် လုပ်နေပြီး ကျန်သောသူများမှာ ဆူဆူ ပူပူဖြစ်အောင် သွေးထိုးလှုံ့ဆော်သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြား တရားစွဲ ဆို ထားခြင်းဖြစ်သည်ဟု မြန်မာတိုင်း(မ်)သို့ ပြောသည်။

"သူတို့က ဆူဆူပူပူဖြစ်အောင် လုပ် တာပေါ့။ သူတို့က အပြင်က လူတွေပါ။ အလုပ်သမားတွေကို ဦးဆောင်တဲ့သူ တွေပါ။ အစ်မတို့ ကုမ္ပဏီမှာ လုပ်နေတာ မဟုတ်ပါဘူး။ သူတို့က စည်းမဲ့ကမ်းမဲ့ ဖြစ်လို့ ဥပဒေအရ အရေးယူခိုင်းတာ ပါပဲ။ သူတို့က အလုပ်မလုပ်ဘဲ ရန်မူ တယ်။ အလုပ် လုပ်နေသူတွေကို အလုပ် မလုပ်အောင် လိုက်ပြောတယ်။ အဲလို သွေးထိုးလှုံ့ဆော်လို့ သက်ဆိုင်ရာကို အကြောင်း ကြားပြီး တရားစွဲဆိုထား တာပါ" ဟု ၎င်းက ပြောသည်။