တယ်လီကွန်အော်ပရေတာ နှစ်နေရာအတွက် ယှဉ်ပြိုင်မည်

ကျော်ဆုမွန်နှင့် ဇော်ဝင်းသန်း
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကို ပုဂ္ဂလိကလုပ်ငန်းများသို့ လွှဲအပ် ဆောင်ရွက်ရန်အတွက် နိုင်ငံတကာမှ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားရာ အနည်းဆုံး ၆၅ ဖွဲ့ခန့် ရှိမည်ဖြစ်ကြောင်း Myanmar ComBiz Group ၏ ဥက္ကဋ္ဌ ဦးအောင်စိုးသာက မြန်မာတိုင်း(မ်)ကို ယခုလ ၁၂ ရက်နေ့က ပြောသည်။

ဆက်သွယ်ရေးကဏ္ဍကို အစိုးရက လုပ်ကိုင်နေရာမှ ပုဂ္ဂလိကလုပ်ငန်းရှင် များက တာဝန်ယူလုပ်ကိုင်စေရန် မြန်မာ အစိုးရက ခွင့်ပြုလိုက်ပြီးနောက် ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့အပြင် နောက်ထပ် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များထဲမှ နှစ်ဦးကို လည်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သော ကြောင့် နှစ်ဖက်စလုံးက ကြိုးစားနေကြ ကြောင်း ၎င်းကပြောသည်။

"တယ်လီကွန်အော်ပရေတာအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက လေးခုကို လုပ်ကိုင်ခွင့်ပြုပါတယ်။ နှစ်နေရာကျန် နေတာကို ပြည်တွင်းကော ပြည်ပကော ကို ဖွင့်ပေးလိုက်တဲ့အတွက် တစ်ကမ္ဘာ လုံးမှာရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ပြည်တွင်းကသူတွေ ပြိုင်ရပါလိမ့်မယ်" ဟု ဦးအောင်စိုးသာက ပြောသည်။

အဆိုပါ ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံ တကာကိုပါ ဖွင့်လှစ်ပေးလိုက်ခြင်းသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်သာ ဆက်စပ်နေသည်မဟုတ်ဘဲ နည်းပညာ ဖလှယ်မှုများပါ ပါဝင်နေသည်ဟု ၎င်းက ဆိုသည်။

"ပြည်တွင်းအတွက် စိန်ခေါ်မှုတွေဆို တာက ကျွန်တော်တို့မှာ အခုထိ အော် ပရေတာလုပ်တဲ့အတွေ့အကြုံ မရှိသေး ဘူး။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တောင် အစိုးရ၀န်ကြီးဌာနအနေနဲ့ လုပ် ထားတာဖြစ်တဲ့အတွက် ၀န်ဆောင်မှု ပေးတဲ့အချိန်မှာ စိန်ခေါ်မှုတွေအများ ကြီး ရှိပါတယ်"ဟု ဦးအောင်စိုးသာက ပြောသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့် ပါက မြန်မာနိုင်ငံ၏ လုပ်နိုင်စွမ်းအား သည် ပိုမိုနည်းသွားမည်ဖြစ်သည်ဟုဆို သည်။

"ကျွန်တော့တစ်ဦးတည်းအမြင်ဆို ရင်တော့ နည်းပညာအရရော၊ စီးပွားရေး အရကော အရမ်းကို အားနည်းပါတယ်။ ဒါကြောင့် ပါတနာကောင်းကောင်း လို တယ်။ ပါတနာတွေနဲ့က ဖက်စပ်လုပ်ဖို့ သေချာတယ်"ဟု ဦးအောင်စိုးသာက ပြောသည်

ယခုလို နိုင်ငံတကာက တယ်လီကွန် ကုမ္ပဏီများ ပါဝင်လာနိုင်သောကြောင့် မြန်မာနိုင်ငံ၌ တန်ဖိုးနည်း မိုဘိုင်းဖုန်း များ အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ မကြာမီ အချိန်တိုအတွင်း အသုံးပြုနိုင် မည်လားဆိုသည်ကိုမူ ၎င်းအနေဖြင့် တိကျစွာပြောကြားနိုင်သေးခြင်း မရှိ ကြောင်း ဆိုသည်။

"အဲဒီအချိန်အထိဖြစ်ဖို့အတွက် သွား ရမှာပေါ့။ ဒီလိုဟာက ပိုက်ဆံချရောင်း တိုင်းလည်း မဖြစ်ဘူး။ Cells သေချာမရှိ ဘဲနဲ့ 4G ပဲ ချဲ့နေလို့လည်း မပြီးဘူး။ ဖုန်းတွေ လိုင်းကျသွားလိုက်၊ ဖုန်းတွေ ခေါ်လို့မရလိုက် ဖြစ်လာရော" ဟု ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုအချိုးနှင့် ဖုန်းဝယ်နိုင်မှု အချိုးပေါ်မူတည်ပြီး တကယ်လုပ်နိုင် သည့်အချိန်ကာလရောက်မှသာ ပြောဆို ကြလျှင်ကောင်းမည်ဟုလည်းဆိုသည်။

၂၀၁၃ တွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပွဲနှင့် ၂၀၁၄ တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်း အဝေးပွဲများ၌ အခြားအာဆီယံနိုင်ငံ များကဲ့သို့ မိုဘိုင်းဖုန်းဆင်းန်ကတ်များ ဖြစ်လာနိုင်မည်လားဆိုသည်မှာ ခန့်မှန်း ရခက်ခဲကြောင်း ၎င်းက ပြောသည်။