MNL တောင့်တင်းမှ လက်ရွေးစင်အသင်း မျက်နှာပန်းလှမယ်
MNL ရဲ့ အန္တိမရည်မှန်းချက်ဟာ
လက်ရွေးစင်အသင်း နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့ပါပဲ။
၂၀၁၂ ခုနှစ် MNL ပြိုင်ပွဲ ပထမ
အကျော့မှာ ထိပ်သီးကလပ်အသင်းတွေ
ဖြစ်ကြတဲ့ ကမ္ဘောဇ၊ ရတနာပုံ၊ နေပြည် တော်၊ ရန်ကုန်၊ ဇေယျာရွှေမြေ၊ ဧရာဝတီ၊
မနောမြေနဲ့ မကွေး အသင်း တွေကစား တဲ့ပွဲတွေဟာ ခြေရည်တူနဲ့ အနိုင်မခံ၊ အရှုံးမပေးကစား ကြတာတွေ့ရတယ်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြောင့် မြန်မာနိုင်ငံမှ ဂေါက်သီးသမားများအတွက် အနာဂတ်ကောင်းကိုတွေ့နေရ
စင်ကာပူ - ဆယ်စုနှစ်များနှင့်ချီ၍ မထင်မရှားဖြစ်နေခဲ့သော မြန်မာနိုင်ငံ သည် ရုတ်တရက် ပြင်ပကမ္ဘာနှင့် လမ်းဖွင့်လာခဲ့သဖြင့် မြန်မာနိုင်ငံ အပေါ် သို့ အလင်းရောင်သစ် ထွန်းလင်းလာခဲ့ ရာ တွေ့မြင်လာရ သည်များအနက် မြန်မာနိုင်ငံသည် ဂေါက်သီးလောက
တွင် အင်အား အကောင်းဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်သည့်အချက်လည်း အပါ အ၀င်ဖြစ်သည်။
ဘ၀သစ်၏ အရသာကို ထိတွေ့ခံစားနေရပြီဟု ချန်ပီယံဟောင်းဟတ်တန်ပြော
ဟောင်ကောင် - ကမ္ဘာ့ချန်ပီယံဟောင်း ရစ်ကီဟတ်တန်က မိမိသည် ကြိုးဝိုင်း ပြင်ပတွင် ပွဲဖြစ်မြောက်ရေး ကမကထ ပြုသူအဖြစ် ဘ၀သစ်၏အရသာကို တွေ့ထိခံစားနေရပြီဖြစ်သဖြင့် မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ အရက်သောက်ခြင်း နှင့် စိတ်ဓာတ်ကျခြင်းတို့ကို အတိတ်မှာ ပြည်ဖုံးကားချထားရစ်ခဲ့ပြီဟု ပြောကြား လိုက်သည်။
အင်္ဂလန်မန်နေဂျာရာထူးအတွက် ရွိုင်းဟော့ဆန်ကို ကမ်းလှမ်းထား
လန်ဒန် - အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ၀က်စ်ဘရွန်း အသင်း မန်နေဂျာ ရွိုင်းဟော့ဆန်နှင့်စကားပြော ဆိုရန် တရားဝင် ကမ်းလှမ်းထားကြောင်း
တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြား လိုက်သဖြင့် ဟော့ဆန်သည် အင်္ဂလန် အသင်းမန်နေဂျာဖြစ်လာနိုင်မည့် အခြေ အနေရှိလာသည်။
ဖာဂူဆန်ရဲ့ ချဉ်းကပ်ပုံအမှားကြောင့် အမှတ်ပေးဇယားကို မန်စီးတီးဦးဆောင်
ပရီမီယာလိဂ်ရာသီ ကုန်ဆုံးခါနီးမှာ ပရီမီယာလိဂ်ချန်ပီယံဆုအတွက် မန်ချက်စတာနှစ်သင်း အပြိုင်ဖြစ်သွားသလို ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက်လည်း အာဆင်နယ်၊ စပါး၊ နယူးကာဆယ်၊ ချယ်လ်ဆီး တို့အပြိုင်ဖြစ်လျက် ရှိနေခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ဗြိတိသျှစစ်တပ် အစမ်းလေ့ကျင့်မည်
လန်ဒန် - ဗြိတိန်နိုင်ငံစစ်တပ်သည် အိုလံပစ်အားကစား ပြိုင်ပွဲများ အတွက် လုံခြုံရေးအစီအစဉ်များကို စစ်သင်္ဘောများ၊ အလွန် လျင်မြန်သော ဂျက် လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒုံးပျံအတုများပါ ပါဝင်သော စစ်ရေး လေ့ကျင့်မှုအစမ်းပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာသည်။
ကျူဗီလီကို အနိုင်ရရှိပြီး လိုင်ယွန် ပြင်သစ်ဖလားရ
ပါရီ - လိုင်ယွန်သည် စနေနေ့က စတက်ဒီဖရန့်စ်ကွင်းတွင် ယှဉ်ပြိုင်ရ သော ဗိုလ်လုပွဲ၌ တတိယတန်းအဆင့် အသင်း ကျူဗီလီကို အာဂျင်တီးနား တိုက်စစ်မှူးလီဆန်ဒရိုပက်ဇ်၏ သွင်းဂိုး ဖြင့် ၁-၀ နှင့် အနိုင်ရကာ ပြင်သစ် ဖလားကို ရယူခဲ့သည်။
အပျော်တမ်းလိဂ်ပြိုင်ပွဲ ACE ဗိုလ်စွဲ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော MFF New Holland Amature League ၂၀၁၂ အမှတ်ပေး ပြိုင်ပွဲတွင် အေစီအီး အသင်းက ရမှတ် ၃၃ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။
Double Strong ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြီး
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ ဘရူဝရီလီမိတက်မှ အဓိက ကူညီပံ့ပိုးသည့်
Double Strong Champion ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏရှိ ပိုက်ကျော် ခြင်းအဖွဲ့ချုပ် အားကစားရုံ၌ ဧပြီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပခဲ့သည်။
