တားမြစ်ဆေးဝါးအရှုပ်တော်ပုံနွံထဲက ခုနစ်ထပ်ကွမ်း တိုးဒီဖရန့် ချန်ပီယံ
လန့်စ်အမ်းစထရောင်းတဲ့။ ဒီနာမည်ကိုတော့ အားကစားပရိသတ်တွေနဲ့ အထူး တလည်မိတ်ဆက်ပေးနေ ဖို့မလိုလှတာ သေချာပါတယ်။ အထူး သဖြင့်တော့ Cycling ပရိသတ်တွေကြားမှာ ရေပန်း အစားဆုံး ငွေကြယ်ပွင့်တစ်ပွင့်လို့
တင်စားရမယ့်သူတစ်ဦးပဲပေါ့။
အိုလံပစ်၌ ရွှေဆုနှစ်ခု ရရန်ရည်မှန်း
ယူဂျီးန် - ယခုနှစ်တွင် မီတာ ၂၀၀ နှင့် ၄၀၀ တွင် အမြန်ဆုံးအပြေးသမားဖြစ်သူ ဆန်ညာ ရစ်ချတ်ရော့စ်သည် အမေ ရိကန်အိုလံပစ် ပြေးခုန်ပစ်လူရွေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းအနေဖြင့် လန်ဒန် အိုလံပစ်တွင် ထိုပြိုင်ပွဲနှစ်ခုစလုံး၌ ရွှေ တံဆိပ်နှစ်ခုရနိုင်သည်ဟု ယုံကြည်ထားသည်။
မေ၀ဲသားနှင့် ပက်ကွီယိုတို့ ၀င်ငွေအကောင်းဆုံး
နယူးယော့ခ် - ပရိသတ်များက ကြိုးဝိုင်း ပေါ်တွင် မြင်တွေ့လိုကြသည့် လက်ဝှေ့ ကျော်များဖြစ်ကြသော ဖလွိုက်မေ၀ဲသား နှင့် မန်နီပက်ကွီယိုတို့သည် တနင်္လာနေ့က ဖို့ဘ်မဂ္ဂဇင်းက ထုတ်ပြန်လိုက်သော ၀င်ငွေအကောင်းဆုံးအားကစားသမား ၁၀၀ စာရင်းတွင် ထိပ်ဆုံးက ပါဝင်လာကြသည်။
၂၀၁၃ အေအက်ဖ်စီ ယူ-၂၂ ခြေစစ်ပွဲ မြန်မာအသင်း နိုင်ပွဲဆက်
လက်ရှိကျင်းပလျက်ရှိသော ၂၀၁၃ အေအက်ဖ်စီ ယူ-၂၂ ခြေစစ်ပွဲတွင် မြန်မာအသင်းမှာ နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ရမှတ်ခြောက်မှတ် ဂိုးကွာ ခြားချက်ဖြင့် အုပ်စုတွင်း အဓိကပြိုင်ဘက် တောင် ကိုရီးယား အသင်းနောက် အုပ်စု ဒုတိယ နေရာတွင် ရပ်တည်နေသည်။
ဝါးတာပိုလို ပြိုင်ပွဲ ကာကွယ်ရေးအသင်း ပထမဆုရရှိ
မကျင်းပသည်မှာ နှစ်ပေါင်း ၄၀ မျှ ကြာမြင့်ပြီဖြစ်သော water polo ပြိုင်ပွဲကို အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၃ မှ ၂၅ ရက်ထိ ရန်ကုန်မြို့၊ အမျိုးသား ရေကူးကန်တွင် ကျင်းပခဲ့သည်။
ဂွာဒီယိုလာခေတ်လွန် ဗီလာနိုဗာရဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ ဂွာဒီယိုလာနဲ့အတူ တောက်ပတဲ့အချိန်တစ်ခုကို ပိုင်ဆိုင် ခဲ့ပါတယ်။ ဂွာဒီယိုလာဟာလည်း ဘာစီလိုနာနဲ့အတူ တောက်ပတဲ့အချိန် တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။
ရင့်ကျက်တဲ့စိတ်ဓာတ်၊ သမ္ဘာခြေစွမ်းနဲ့ ထိုက်တန်တဲ့နေရာ တစ်ခုရခဲ့တဲ့ အီတလီအသင်း
ခံစစ်ကစားပုံကောင်းမွန်တဲ့ အီတလီ ဟာ ဆီမီးဖိုင်နယ်ကို တက်ရောက် သွား ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ လုပ်ပွဲအရှုပ် တော်ပုံတွေကြောင့် ဖိအားဝင် နေတဲ့ အီတလီအဖို့တော့ ကောင်းသတင်း တစ်ရပ်လို့ဆိုနိုင်ပါတယ်။
ဆော်ဒီအာရေဗျက လန်ဒန်အိုလံပစ်သို့ အမျိုးသမီးအားကစားသမား စေလွှတ်မည်
လန်ဒန် - အမျိုးသမီးများ အားကစား ပြိုင်ပွဲများတွင် ပါဝင်ခွင့်ကို ပိတ်ပင်ထား ခဲ့သော ဆော်ဒီအာရေဗျသည် ပထမ ဦးဆုံးအကြိမ် အဖြစ် အမျိုးသမီးအား ကစားသမားများအား လန်ဒန်အိုလံပစ် ပြိုင်ပွဲသို့ စေလွှတ်တော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် လန်ဒန်မြို့ရှိ ဆော်ဒီ သံရုံးက ကြေညာချက်ထုတ်ပြန်သည်။
ဒရော့ဘာအရွေ့နှင့် ခြေလှမ်းကျဲ တရုတ်ဘောလုံး
တရုတ်ဟာ မဟာအင်အားကြီးဘ၀ကို ရည်မှန်းနေတဲ့နိုင်ငံပါ။ ဒါပေမယ့် တရုတ်
ဘောလုံးလောကတော့ မပါဝင်ပါဘူး။ တရုတ်ရဲ့ ဘောလုံးအား ကစား ဆိုတာ သူ့မှာရှိတဲ့ မှီတင်းနေထိုင်သူ လူဦးရေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တဲ့ အဆင့် သာရှိတဲ့ အနေအထားပဲဖြစ်ပါတယ်။
နာဆရီ၏အပြုအမှုကြောင့် ပြင်သစ်အသင်းတွင် အနာဂတ်မရေရာဖြစ်လာ
ဒိုးနက်စ် - စနေနေ့က ယှဉ်ပြိုင်ရသည့် ယူရို ၂၀၁၂ ကွာတားဖိုင်နယ်ပွဲစဉ်တွင် စပိန်က တစ်ဖက်သတ် ဖိကစားကာ အနိုင်ယူသွား သဖြင့် ရှုံးပွဲကြုံကာ အငြင်း ပွားဖွယ်ဖြစ်ခဲ့လေရာ ထိုအထဲတွင် နာဆရီကလည်း တစ်မှောင့်ဖြစ်သည်။
