၂၀၁၂ အိုလံပစ်အိမ်ရှင် ဂရိတ်ဗြိတိန်ရဲ့ မျှော်လင့်ခြင်းများ

၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်ကနေ ဩဂုတ် ၁၂ ရက်နေ့အထိ ကျင်းပတော့မှာဖြစ်ပါတယ်။ ယူနိုက်တက် ကင်းဒမ်းရဲ့ မြို့တော်လန်ဒန်ဟာ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ၁၉၀၈ ခုနှစ်မှာ တစ်ကြိမ်။ ၁၉၄၈ ခုနှစ်မှာ တစ်ကြိမ်၊ ယခင်က ကျင်းပခဲ့ပြီး ယခု အကြိမ်က တတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါတယ်။

News 

ဂရိတ်ဗြိတိန် ဘောလုံးအသင်း ခေါင်းဆောင်အဖြစ် ဂစ်ကို ခန့်အပ်

၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဂရိတ်ဗြိတိန် ဘောလုံးအသင်း၏ အသင်းခေါင်း ဆောင်အဖြစ် မန်ယူ ကစားသမား ရိုင်ယန်ဂစ်အား ခန့်အပ်လိုက်သည်။ ဂစ်သည် ဂရိတ်ဗြိတိန်ဘောလုံး အသင်းတွင် ရွေးချယ်ထားသည့် အသက်ကျော် ကစားသမား သုံးဦး အနက်မှ တစ်ဦးလည်းဖြစ်သည်။

News 

အပြောင်းအရွှေ့ဈေးကွက်နဲ့ လာလီဂါအသင်းများ

ယူရိုပြိုင်ပွဲပြီးသွားပေမယ့် ဒီရာသီရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ သွေးအေး နေတုန်းပါပဲ။ ဗန်ပါစီ၊ မိုဒရစ်တို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေ တာမှန်ပေမယ့် လက်ရှိအချိန်အထိတော့ ဘယ်လိုအသင်းကြီးမျိုးကမှ ငွေပုံပေး ခေါ်ယူတာမျိုး လုပ်လာတာ မတွေ့ရ သေးဘူး။

News 

ပြင်သစ်အသင်း နည်းပြသစ်အဖြစ် ဒက်ချမ့်စ်အား ခန့်အပ်

ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်း၏ နည်းပြသစ်အဖြစ် မာဆေးလ် နည်းပြဟောင်း ဒက်ချမ့်စ်အား ခန့်အပ် လိုက်ပြီဖြစ်ကြောင်း ပြင်သစ် ဘောလုံး အဖွဲ့ချုပ်က ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ကြေညာ လိုက်သည်။

News 

အိုလံပစ်ပြိုင်ပွဲတွင် ပိုလန်နိုင်ငံအလံ ရာဝန်စကာ သယ်ဆောင်မည်

လန်ဒန်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲတွင် ပိုလန်နိုင်ငံအသင်း ချီတက်သည့်အခါ၌ နိုင်ငံအလံအား တင်းနစ်မယ် ရာဝန်စကာ က သယ်ဆောင် မည်ဖြစ်ကြောင်း ပိုလန် အိုလံပစ်ကော်မတီက ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ကြေညာလိုက်သည်။

News 

၂၀၁၂ MFF AYA ဖူဆယ်ဖလား အေစီအီးအသင်းဗိုလ်စွဲ

MFF AYA ဖူဆယ်ဖလား ၂၀၁၂ ၏ ဗိုလ်လုပွဲအဖြစ် အေစီးအီးအသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ ဇူလိုင် ၆ ရက်က သုဝဏ္ဏမိုးလုံ လေလုံ အားကစားရုံ (၁)၌ ယှဉ်ပြိုင်ကစားကြရာ အေစီအီးအသင်း မှ ရန်ကုန် စီးတီး အသင်းကို ၆-၃ ဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

News 

ပထမတန်း ဆီမီးပရိုဘောလုံးပြိုင်ပွဲများ ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဆုကြေးစား ဘောလုံး ပြိုင်ပွဲ များဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကို ၂၀၀၉ ခုနှစ်မှ စတင်၍ ကြီးမှူး ကျင်းပပြုလုပ်ခဲ့ပြီး တန်းဆင်းတန်းတက် စနစ်များ ကျင့်သုံးနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ စတင်၍ ပထမတန်း ဆီမီးပရိုဘောလုံးပြိုင်ပွဲများကို ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

News 

အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များရွှေ့ဆိုင်း

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှု များရရှိရန်ရည်ရွယ်ချက်ဖြင့် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Champion Challenge Cup ပြိုင်ပွဲ များကျင်းပမည့် နေရက်နှင့်တိုက်ဆိုင်နေ သည့်အတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကျင်းပနေသည့် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို နေ့ရက် များ ပြောင်းလဲကျင်းပသွားမည်။

News 

ခေတ်သစ်အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အငြင်းပွား ဖွယ်ရာများနဲ့ အမှတ်ရစရာ သမိုင်းဝင်ဖြစ်ရပ်များ

ခေတ်သစ်အိုလံပစ်ပြိုင်ပွဲတွေကို ၁၈၉၆ ခုနှစ်ကတည်းကစပြီး ဂရိနိုင်ငံ အေသင် မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။ အဲဒီ နောက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ အမေရိကန်ပြည်ထောင်စုရဲ့ စိန်လူးဝစ္စမြို့တို့ မှာ အစဉ်လိုက် ကျင်းပလာ ခဲ့ရာမှာ အခုဆိုရင် ဂရိတ်ဗြိတိန် လန်ဒန်မြို့မှာ ကျင်းပမယ့် အကြိမ်(၃၀)မြောက် အိုလံပစ် ပြိုင်ပွဲအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

News 

ကမ္ဘာ့အဆင့်(၁) ခုနစ်ထပ်ကွမ်းဝင်ဘယ်လ် ဒန်ချန်ပီယံ တင်းနစ်စူပါစတား ဖက်ဒါးရား

လောလောလတ်လတ် အင်္ဂလန်မြေမှာ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာကျော် ၀င်ဘယ်လ် ဒန်အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲကြီးကတော့ ဗြိတိန်ပရိသတ်တွေနဲ့ ဆွစ်ဇာလန်ပရိသတ်တွေ အကြိတ်အနယ် ရင်ခုန်လှိုက်မော အားပေးခဲ့ကြရတဲ့ မမေ့နိုင်စရာ ပွဲကြီးပွဲကောင်းတစ်ပွဲလို့ တင်စားရဦးမှာပဲဖြစ်ပါတယ်။ News