ဒန်နီဂါဆီယာက အေမာရ်ခန်းကို လေးချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရ
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
လာ့စ်ဗေးဂတ်စ် - ဒဗ္ဗလျူဘီစီချန်ပီယံ ဒန်နီဂါဆီယာသည် ဗြိတိန်မှ အေမာရ် ခန်းကို စတုတ္ထအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရကာ ဒဗ္ဗလျူဘီအေ၏ လိုက် ၀ယ်လ်တာဝိတ်ချန်ပီယံခါးပတ်ကိုပါ စနေနေ့က ရယူသွားသည်။ ဂါဆီယာသည် သုံးကြိမ်တိုင်အောင် လဲအောင်ထိုးနိုင်ခဲ့ပြီး စတုတ္ထအချီ ပြီးဆုံးဖို့ ၃၂ စက္ကန့်အလိုတွင် ဒိုင်လူကြီး ကင်နီဘေးလက်စ်က ပွဲရပ်အနိုင်ပေး လိုက်သဖြင့် ချန်ပီယံဖြစ်သွားခြင်းဖြစ် သည်။
ဒဗ္ဗလျူဘီစီ၏ လက်ရှိချန်ပီယံ ဂါဆီယာသည် ထိုးသတ်ခဲ့သော ၂၄ ပွဲ စလုံးတွင် ရှုံးပွဲမရှိ အနိုင်ရထားသူဖြစ် သည်။ ယင်းတို့အနက် ၁၅ ပွဲမှာ အလဲထိုး အနိုင်ယူခဲ့ခြင်းဖြစ်သည်။ တတိယအချီတွင် ခန်းသည် ဂါဆီယာ ၏ ဘယ်ဝိုက်လက်သီးချက်မိကာ ညာဘက် နားရွက် သွေးခြင်းခြင်းနီသွားခဲ့သည်။
အမေရိကန်လူမျိုး ဂါဆီယာ(၂၄ နှစ်) သည် လွန်ခဲ့သောလေးလတုန်းက အဲရစ် မိုရားလ်အား ၁၂ ချီတွင် ဒိုင်လူကြီး အားလုံးက တညီတညွတ်တည်းအဆုံး အဖြတ်ဖြင့်အနိုင်ရခဲ့သူဖြစ်သည်။ ခန်းသည် သူ၏လက်ဝှေ့သမား သက်တမ်းကာလအတွင်း တတိယ မြောက်ရှုံးပွဲကြုံသွားခဲ့ခြင်းဖြစ်သည်။ (အေအက်ဖ်ပီ)
