မိုရာကို မန်ယူ အသင်းမှ စိတ်ဝင်စား
(အေအက်ဖ်ပီ) တင်ဦး ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
မန်ချက်စတာ - ဘရာဇီးလ် လက်ရွေးစင်လူးကပ်စ်မိုရာအား ခေါ်ယူရန် မိမိစိတ်ဝင်စားမှုရှိကြောင်း မန်ချက်စတာယူနိုက်တက်
မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အတည်ပြုပြောကြားလိုက်သည်။
သို့ရာတွင် ၎င်းနှင့် ပေါင် ၂၆ သန်း (ဒေါ်လာ ၄၃ သန်း)ပေး၍ စာချုပ်ချုပ်ရန် သဘောတူပြီး ဖြစ်ကြောင်း ထွက်ပေါ်နေသည့် သတင်းများကိုမူ တနင်္လာနေ့က ရှန်ဟိုင်းတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဖာဂူဆန်က ငြင်းဆိုလိုက် သည်။
မိုရာသည် လက်ရှိ ဆော်ပေါ်လို အသင်း၏ တောင်ပံကစားသမားတစ်ဦး ဖြစ်သည်။
မန်ယူသည် ယခုနှစ်ရာသီတွင် အသင်းအတွက် လူသစ်များဖြင့် အားဖြည့်ထားရာ ဂျပန်လက်ရွေး စင် ကွင်းလယ်ကစားသမား ရှင်ဂျီကာဂါဝါနှင့် ဆယ်ကျော်သက် ကစားသမားကလေး၊နစ်ပေါင်ဝယ်လ် တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်သည်။
