မာဒီဖစ်ရှ်ပြိုင်ပွဲမှ ထွက်သွား၍ ဖက်ဒါးရား ၀မ်းနည်း

တင်ဦး ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

မာဒီဖစ်ရှ်

နယူးယော့ခ် - ရော်ဂျာဖက်ဒါးရားက ယူအက်စ်အိုးပင်း ၁၆ ဦးကျန် အဆင့်၌ ကျန်းမာရေးအကြောင်းကြောင့် မာဒီ ဖစ်ရှ်ပြိုင်ပွဲမှ ထွက်သွား ရခြင်းအတွက် ၀မ်းနည်းကြောင်း ပြောကြားလိုက်သည်။

ဖစ်ရှ်ထွက်သွားသဖြင့် ဖက်ဒါးရားသည် ကွာတားဖိုင်နယ်သို့ အလွယ် နှင့်ပင် တက်သွားနိုင်ခဲ့သည်။

ကမ္ဘာနံပါတ်(၁)နေရာတွင်ရှိသူ ဖက်ဒါးရားသည် သူ၏ (၃၈)ကြိမ် မြောက် ဂရင်းဆလမ် ကွာတားဖိုင်နယ်တွင် ချက် နိုင်ငံမှ သောမတ်စ် ဘားဒစ်ရှ်နှင့် တွေ့ရ မည်ဖြစ်သည်။

ကွာတားဖိုင်နယ်တွင် သူနှင့်တွေ့ရ မည့် ပြိုင်ဘက်နှင့်ပတ်သက်၍ "ကျွန်တော် သောမတ်စ်ကို ခက်ခက်ခဲခဲ ရိုက်ရမှာပါ။ အရင်က ကျွန်တော်တို့ နှစ်ဦး အကြိမ်အများကြီး ကစားဖူးခဲ့ရာမှာ သူဟာ တကယ်အကြိတ်အနယ်ရိုက်ရ တဲ့ ပြိုင်ဘက်တစ်ဦးဖြစ်ခဲ့ပါတယ်"ဟု ဖက်ဒါးရားက ပြောသည်။

ဖစ်ရှ်(၃၀ နှစ်)သည် ယခုနှစ်ရာသီ စောစောပိုင်းကလည်း နှလုံးပြဿနာ ကြောင့် နှစ်လမကစားနိုင်ခဲ့ပေ။ မတ်လတုန်းက ကျင်းပသော မိုင်ယာမီ မာစတာပြိုင်ပွဲအပြီးတွင် သူ၏ နှလုံး ခုန်နှုန်းအရေအတွက် ပုံမှန်ထက် သုံးကြိမ်ပိုလာသဖြင့် ဆေးရုံတက်ခဲ့ရ ခြင်းဖြစ်သည်။

ဖစ်ရှ်သည် မေလ ၂၃ ရက်တွင် လော့ဆန်းဂျလိစ်၌ ကုသမှုခံယူခဲ့ရ သည်။ သူပြိုင်ပွဲမှထွက်လိုက်ခြင်းမှာ မည်သည့် ကျန်းမာရေး အ ကြောင်းကြောင့် ဟု ဖစ်ရှ်က တိတိကျကျမပြောသော် လည်း မိုက်ဘရိုင်ယန်ကမူ "သူကြည့်ရ တာ ကျန်းမာရေးကောင်းပုံမရပါဘူး"ဟု ပြောသည်။

(အေအက်ဖ်ပီ)