NBA နှင့် WNBA မှ ဘတ်စကက်ဘော ကစားသမားဟောင်းများ တွေ့ဆုံဆွေးနွေး

ကျော်ဇင်လှိုင်နှင့် ယွန်းနှင်းဖြူ
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

အမေရိကန် နိုင်ငံခြားရေးဌာနနှင့် အင်န် ဘီအေတို့က ပူးပေါင်းစီစဉ်နေသော ဘတ်စကက်ဘော သံတမန်ဖလှယ်ရေး အစီအစဉ်တစ်ခု အဖြစ် ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့၊ တော်ဝင်လမ်းရှိ အမေရိကန်စင်တာတွင် လူငယ်များအတွက် လူငယ် နှင့် အားကစားခေါင်းစဉ်အား ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အဓိက အားဖြင့် ကလေးငယ်များအားကစား စတင် ကစားရာတွင်မည့်သည့် အား ကစားအား အသင့်တော်ဆုံး ဖြစ်ပုံ၊ အားကစားမှ လူတို့၏စရိုက်အပေါ် သက်ရောက်ပုံ၊ အသင်းအဖွဲ့လိုက်ကစား ခြင်းနှင့် တစ်ဦးချင်းကစားသော အားကစားများ၏ ကွဲပြားပုံကို အဓိက ဆွေးနွေးဖြေကြားခဲ့ကြသည်။

ထို့ပြင် အားကစားနှင့် ပညာရေးမျှမျှတတဖြင့် ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များ မေးမြန်းသည်ကို ကစားသမားများက ယင်းတို့အ တွေ့အကြုံနှင့် ယှဉ်ကာ ပြောကြားခဲ့ကြသည်။

ချာလော့ဘော့ဘ်ကက်စ်အထွေထွေ မန်နေဂျာ ရစ်ချတ်ချို၊ ဒဗ္ဗလျူအင်န် ဘီအေ ကစားသမားဟောင်း အယ်လီဆင်ဖီဆတာ၊ အင်န် ဘီအေကစားသမား ဟောင်းများဖြစ်ကြသော ဒါဗင်ဟမ်နှင့် မာတီကွန်လွန်တို့ အားကစားသံတမန် များအဖြစ် ဩဂုတ် လ ၂၆ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာ နိုင်ငံနှင့် ပထမဦးဆုံးသောအားကစား သံတမန်ဖလှယ်ရေး အစီအစဉ်အဖြစ် ဘတ်စကက်ဘော လက်တွေ့ကစားပြ ခြင်း၊ အားကစားနှင့်ပတ်သက်သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။

ချာလော့ဘော့ဘ်ကက်စ်အထွေထွေ မန်နေဂျာရစ်ချတ်ချိုသည် မြန်မာနိုင်ငံ တွင် မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကန် နိုင်ငံ၏ အင်န်ဘီအေ ကဲ့သို့ အဓိက အားကစားအသင်းကြီးတွင် ပထမဦးဆုံး အထွေထွေမန်နေဂျာ ဖြစ်လာသည့် အာရှ-အမေရိကန် တစ်ဦးဖြစ်သလို ဒါဗင် ဟမ်သည်လည်း ယခင်က ဗင်နီ ဇွဲလားနိုင်ငံတွင် အားကစားသံတမန် တစ်ဦးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

စပို့ယူနိုက်တက်နှင့် ပူးပေါင်း၍ အင်န်ဘီအေနှင့် ဒဗ္ဗလျူအင်န်ဘီအေမှ က စားသမားဟောင်းများနှင့်နည်းပြများ သည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး နိုင်ငံပေါင်း ၂၀ ကျော်သို့သွားရောက်ကာ အားကစား သံတမန်ကိစ္စများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုနိုင်ငံများတွင်ရှိသော လူငယ်များနှင့် နည်းပြများအား ဘတ်စကက်ဘောလက်တွေ့ကစားပွဲများ ကစားပြခြင်း၊ လမ်းညွှန်သင်ကြား ပြသမူ များပြုလုပ်ခဲ့ကြကြောင်းသိရသည်။