မနိုးလို့ -

မို့မို့သော် ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)

အဘိုးအိုသုံးဦးဟာ သူတို့ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှု ဝေဒနာ တွေကို အပြန်အလှန် ဆွေးနွေးပြောဆိုနေကြပါတယ်။

အသက် ၇၅ နှစ်အရွယ် အဘိုးအိုက

"ကျွန်တော့ပြဿနာ ကဗျာ၊ မနက်ဆိုရင် ၇ နာရီလောက်နိုးတယ်။ ပြီးရင် ကျင်ငယ်သွားဖို့ကိုဗျာ၊ မိနစ် ၂၀ လောက် ကြိုးစားရတယ်"လို့ ပြောလိုက်ပါတယ်။

အဲဒီအခါ အသက် ၈၀ အရွယ်အဘိုးအိုက

"ကျွန်တော့ ပြဿနာက ဒီထက်ပိုဆိုးသေးဗျာ။ မနက်ဆို ၈ နာရီလောက် နိုးပြီဆိုရင် နာရီဝက်လောက် တအင့်အင့်နဲ့ ညည်းညူကြိုးစားမှ ကျင်ကြီးနည်းနည်း စွန့်နိုင်တယ်"လို့ ပြောလိုက်ပါတယ်။

အဘိုးအိုနှစ်ယောက် ပြောလို့အပြီးမှာ အသက် ၉၀ အရွယ် အဘိုးအိုက

"ကျုပ်ကတော့ ဒါတွေဖြစ်ပေါင်ဗျာ။ မနက် ၇ နာရီ ဆို ကျင်ငယ်သွား လိုက်တာများ မြင်းလိုပဲ။ ၈ နာရီကျတော့ ကျင်ကြီး သွားတော့လည်း နွားလိုပဲ"လို့ ပြောလိုက်ပါတယ်။

"ဒါဆို ..ခင်ဗျား ရဲ့ ပြဿနာက ဘာလဲဗျ"လို့ အဘိုးအိုနှစ်ဦးက မေးလိုက်တဲ့အခါ

အဖြေ ပြန်ရတာက "မနက် ၉ နာရီအထိ ကျုပ် အိပ်ရာက မနိုးတာပဲဗျ" တဲ့။