ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မည့်သူများ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်မည်
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်နေရာအတွက် သရုပ်ဆောင် ရွေးချယ် ပွဲတွေရဲ့ ရလဒ်ကို ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က ပဏာမ
ရွေးချယ်ကြေညာခဲ့ပြီး နောက်ဆုံးအဆင့် ရွေးချယ် ပွဲကိုတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အကဲဖြတ်ဒိုင်အဖွဲ့နဲ့အတူ ဇူလိုင်လ ၂၀ ရက်နေ့မှာ ရွေးချယ် ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
အာရှ ကလေးရုပ်ရှင်ပွဲတော် မြန်မာ ကလေးများကို ကမ်းလှမ်း
ဂျပန်နိုင်ငံ၊ မီနာမီရာဝါဂျီမြို့တော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အာရှနိုင်ငံတကာ ကလေး ရုပ်ရှင်ပွဲတော် The Asian Inter-national Children's Film Festival အတွက် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ကလေးတွေကို ဖိတ်ခေါ်ထားတယ်လို့ သိရ ပါတယ်။
Me N Ma Girls အဖွဲ့ ကမ္ဘာ့တေးဂီတ ဈေးကွက်ကို စတင်လျှောက်လှမ်းတော့မယ်
အနုပညာ တင်ဆက်မှုပုံစံအမျိုးမျိုးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ Tiger Girls တစ်ဖြစ်လဲ Me N Ma Girls အဖွဲ့ဟာ အမေရိကန်နိုင်ငံ Power Music, Inc ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Mr Daniel Hubbert ရဲ့ ကမ်းလှမ်းမှုနဲ့အတူ နိုင်ငံတကာကို ဖြန့်ချိမယ့် တေးသီချင်းတွေကို တစ်နှစ် ခွဲစာချုပ်နဲ့ သွားရောက်ထုတ်လုပ်ခွင့်ရမယ်လို့ သိရပါတယ်။
မိုးသည်းပေမယ့် ပရိသတ်နဲ့ တစ်သားတည်း ဖြစ်ခဲ့တဲ့ ဟစ်ပ်ဟော့ရှိုး
လူငယ်အကြိုက် ရှိုးပွဲတွေဆို ညနေပိုင်းမှာ ကျင်းပတာများပေမယ့် ညဘက် အိမ်အပြင် မထွက်သူတွေအတွက် နေ့ခင်းဘက်မှာ ပွဲစီစဉ် တယ်ဆိုကတည်းက လူများပါ့မလား၊ မိုးတွင်းကြီးဆိုတော့ မိုးသည်းလာရင် ပရိသတ် ရော မြဲပါ့မလား စိတ်ပူခဲ့ပေမယ့် တကယ်တမ်း ရှိုးပွဲကို ရောက်ချိန်မှာတော့ အထင်နဲ့ အမြင်တက်တက်စင်အောင် လွဲခဲ့ရပါ တယ်။
ဒေသခံအနုပညာရှင်တွေရဲ့ လက်ရာတွေနဲ့ တောက်ကြွားနေတဲ့ ဘန်ကောက် အနုပညာစင်တာ
ဘန်ကောက်မြို့ရဲ့ ပန်းချီပြခန်းကျယ်တွေမှာ လိုအပ်နေတဲ့ အနုပညာ လက်ရာတွေ၊ မျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးနိုင်သလို ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ ခေတ်ပြိုင်ပန်းချီဆရာတွေရဲ့ အနုပညာ ဖန်တီးမှုတွေကို ပရိသတ်တွေ ဝေမျှခံစားနိုင်မယ့် ဘန်ကောက်အနုပညာနှင့် ယဉ်ကျေး မှုစင်တာ (The Bangkok Art and Culture Center) ကို ၂၀၀၈ ခုနှစ်၊ ဇူလိုင်လက ဖွင့်လှစ်ခဲ့ပါတယ်။
ဘီဘာနဲ့အတူ စင်မြင့်တစ်ခုတည်းမှာ တွေ့ရတော့မယ့် ဂျေးပက်
ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် World Stage Live in Malaysia 2012 အမ်တီဗီပွဲမှာ Jay Park က ကိုရီးယား နိုင်ငံ ကိုယ်စားပြု အဖြစ် ပါဝင်တင်ဆက်မှာဖြစ်တဲ့အတွက် ဂျပ်စတင် ဘီဘာနဲ့အတူ ဂီတပွဲဖျော်ဖြေရေးစင်မြင့် တစ်ခုတည်းမှာ တွေ့ခွင့်ရ တော့မှာပါ။
ဧရာဝတီ ဓာတ်ပုံ၊ပန်းချီနှင့် ဟောပြောပွဲ ကျင်းပမည်
ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်းနဲ့ တခြား ဂီတစာပေအနုပညာရှင်တွေ ပူးပေါင်း စီစဉ်တင်ဆက်တဲ့ "Why we must protect Our Ayeyarwady" ဓာတ်ပုံ၊ ပန်းချီနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲကို ဒဂုံမြို့နယ်၊ ယောမင်းကြီး လမ်းပေါ်က "Gallery 65" မှာ ဇူလိုင်လ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပ သွားမယ်လို့ သိရပါတယ်။
ရုပ်သေးရုပ်လို ကြိုးကိုင်ခြယ်လှယ်ခံခဲ့ရတဲ့ ကေတီဟုမ်း
မကြာခင်မှာ ခင်ပွန်းဟောင်းဖြစ်တော့မယ့် တွမ်ခရုစ် ဟာ သူ့ဇနီး ကေတီ့အပေါ် စက်ရုပ်တစ်ရုပ်လို ဆက်ဆံခဲ့ပုံ ရပြီး သူမဘ၀ကို ရုပ်သေးရုပ်တစ်ရုပ်ကို ကြိုးကိုင်သလို ခြယ်လှယ်ခဲ့ပါတယ်လို့ ကေတီဟုမ်းက ပြောခဲ့ပါတယ်။
ရုံဝင်ခ အများဆုံးရဇာတ်ကား စပိုက်ဒါမန်း
ပြီးခဲ့တဲ့စနေ တနင်္ဂနွေပိတ်ရက်မှာ The Amazing Spider-Man ဇာတ်ကားဟာ ရုံဝင်ခဒေါ်လာ ၆၅ သန်း ရရှိခဲ့ပြီး သီတင်းပတ်ကုန် ပိတ်ရက် အတွင်း ၀င်ငွေအများဆုံးရဇာတ်ကား နေရာကို ရသွားခဲ့ပါတယ်။
စိတ်လှုပ်ရှားစရာအပြည့်နဲ့ "Brave"
ဒါရိုက်တာ Brenda Chapman နဲ့ Mark Andrews ရဲ့ လက်ရာ အင်နီမေးရှင်းရုပ်ရှင် Brave ကို ဇွန်လ ၂၂ ရက်နေ့က ရုံတင်ရင်း ကာတွန်းချစ်ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။
သားပိုက်ကောင်ကျွန်းပေါ်မှာ တစ်နေ့တာ
ဒီကျွန်းပေါ်ကနေ ထွက်ခွာမယ်ဆိုရင် ကိုယ့်ရဲ့ခြေရာတွေကလွဲလို့ ဘာကိုမှ ချန်ထားခွင့်ရမှာ မဟုတ်ပါဘူး။
နက်ရှိုင်းပြာလဲ့တဲ့ ပင်လယ်ရယ်၊ ရေခဲ မုန့်နှစ်လိုသဲပြင်တွေ၊ မြင်တွေ့နေကျ မဟုတ်တဲ့သစ်ပင်တွေနဲ့ ကျွန်း ကလေးရဲ့
ရှုခင်းဟာ စနစ်ကျတဲ့ပတ်ဝန်းကျင်
ထိန်းသိမ်းမှု အောက်မှာ ရှိနေတယ်ဆိုတာ သိသာလှပါတယ်။
တာချီလိတ်မြို့တွင် အခန်း ၂၂ ခန်းပါ ဟိုတယ်သစ်တစ်လုံး ဖွင့်လှစ်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ မြို့လယ်အမှတ်(၁)တွင် Las Vegas Hotel သစ်တစ်လုံးကို ဇွန်လ ၂၇ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့သည်။
