Avatar ဒါရိုက်တာ ကင်မရွန် တရားစွဲဆိုခံရ

(icelebiz) သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ဟာ သူ့ရဲ့ Avatar ရုပ်ရှင်နဲ့ပတ်သက်ပြီး ဒေါ်လာ နှစ်ဘီလျံတန် တရားစွဲဆိုမှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ Bryant Moore က ကင်မရွန်ဟာ ဒီရုပ်ရှင်ဇာတ်လမ်းမှာ သူ့ရဲ့ အိုင်ဒီယာ ကို မောင်ပိုင်စီး အသုံးပြု ထားပါတယ်လို့ပြောပြီး ဒီဇင်ဘာလမှာ တရားစွဲ ဆိုထားပါတယ်။

ကင်မရွန်ရဲ့ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ရှူရှိုက်လို့မသင့်တဲ့လေထု၊ အလင်းဖြာထွက်တဲ့ သစ်ပင်တွေ၊ ဂြိုဟ်သား တွေရဲ့ပတ်ဝန်းကျင်နဲ့ စိတ်ချင်းဆက် သွယ်လို့ရတယ်ဆိုတဲ့ အချက်တွေနဲ့ တခြားအချက်တွေ ဟာ သူ့ရဲ့အိုင်ဒီယာ တွေပါလို့ စွပ်စွဲထားပါတယ်။

ဒါပေမယ့် ကင်မရွန် ကတော့ Na'vi လူသားတွေ၊ ဒါမှမဟုတ် ဂြိုဟ်သား တွေ ကတော့ Moore ရဲ့လူတွေနဲ့မတူဘဲ သူ့ရဲ့ Pollinators သို့ Gavadeen Alliance လိုမျိုး ဇာတ်ကားတွေထဲက လူတွေနဲ့တူပါ တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ နောက်ထပ် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရဦးမှာပါ။