ပြောပြလိုက်ရမလား

မို့မို့သော် ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

လူတစ်ယောက်ဟာ အပြစ်တစ်ခုကို ၀န်ခံချင်တာ ကြောင့် ခရစ်ယာန် ဘုန်းတော်ကြီးဆီကို သွားပါတယ်။

"ကျွန်တော်အပြစ်လုပ်မိပါတယ်။ ခွင့်လွှတ်ပေးပါ .. ဖာသာ။ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ကျွန်တော့အိမ် ထပ်ခိုးမှာ ဒုက္ခသည် တစ်ယောက်ကို ၀ှက်ပေးထား မိပါတယ်"လို့ ပြောလိုက်ပါတယ်။

ဘုန်းကြီးက "ဒါဟာ ..အပြစ်မဟုတ်ပါဘူးကွယ်"လို့ နှစ်သိမ့်ပြောဆို လိုက်တဲ့အခါ "ဒါပေမယ့် ကျွန်တော် သူ့ဆီကနေ နေထိုင်ခအဖြစ် တစ်ပတ်ကို ဒေါ်လာ ၂၀ အမြဲ တောင်းတယ်" လို့အမျိုးသားက ထပ်ပြောလိုက်ပါတယ်။

"ဒီလိုလုပ်တာ မကောင်းဘူးဆိုတာတော့ ဟုတ်တာ ပေါ့လေ။ ဒါပေမယ့် မင်းက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပဲလေ"လို့ ဘုန်းကြီးက ပြန်ပြောလိုက်ပါတယ်။

"ကျေးဇူးပါပဲ ..ဖာသာရယ်။ ကျွန်တော့စိတ်ကို တကယ့်ပဲ သက်သာရာ ရစေပါတယ်။ ဒီလိုဆိုရင် မေးခွန်း တစ်ခုလောက် ထပ်မေးလို့ရမလား ခင်ဗျာ"လို့ အမျိုးသား က ပြောလိုက်ပါတယ်။

"ဘာများလဲ ..ငါ့သားရယ်"လို့ ဘုန်းကြီးက မေးလိုက် တဲ့အခါ အမျိုးသား မေးတဲ့ မေးခွန်းက "စစ်ပွဲ ပြီးသွားပြီဆိုတာ သူ့ကို ပြောပြ လိုက်ရမလား"တဲ့။