ခေတ်သစ်အလွှာထည့်သွင်းပေးခြင်းနှင့်ပတ်သက်ပြီး စွပ်စွဲချက်ကို ပြည်သူ့လွှတ်တော်မှ
ပြန်လည်ဖြေရှင်း

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ် ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီသည် ဩဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်၊ ပြည်သူ့လွှတ် တော်အဆောက်အအုံ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)တွင် လူငယ်များ အတွက် ခေတ်သစ်ဂီတအလွှာ ထပ်တိုး ခွင့်ပြုရသည့်အကြောင်းရင်းကို ရှင်းလင်း ပြောပြခဲ့သည်။

News 

တိုက်တန်းနစ် သရီးဒီဇာတ်ကား ဒဂုံစင်တာ(၂)တွင် ပြသမည်

သရီးဒီအဖြစ် ပုံစံပြောင်းလဲထားတဲ့ "Titanic" ဇာတ်ကားကို ဩဂုတ်လ ၁၇ ရက်နေ့ကစတင်ပြီး ဒဂုံစင်တာ(၂)ရှိ သရီးဒီရုပ်ရှင်ရုံမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

News 

ရုပ်ရှင်အစည်းအရုံးက ပြင်သစ် နိုင်ငံသား အနုပညာနည်းပြဖြင့် အခမဲ့သင်တန်းပေးမည်

ပြင်သစ်နိုင်ငံသား နည်းပြဆရာ သင် ပြပေးမယ့် အဆင့်မြင့်သရုပ်ဆောင် သင်တန်းကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ကုန်ပိုင်းအတွင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ရုံးချုပ်)မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

News 

မြအေးရဲ့အခြေခံလူတန်းစားများဘ၀ကို၊ပုံဖော်ထားတဲ့ 'မိုးကောင်းကင်၌တိမ်တိုက်များ' လုံးချင်းထွက်ရှိ

အခြေခံ လူတန်းစားတွေရဲ့ဘ၀ကို ခြယ်မှုန်းရေးသားထားပြီး 'မိုးကောင်း ကင်၌ တိမ်တိုက်များ'လို့ အမည်ပေးထား တဲ့ မြအေးရဲ့ လုံးချင်းဝတ္ထုကို ဩဂုတ်လ ပထမအပတ်ကစပြီး အင်းလျားစာပေ ကနေ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။

News 

မင်္ဂလာဝတ်စုံရှိုးပွဲ ကျင်းပမယ့် ပါ့ခ်ရွိုယ်ရယ်ဟိုတယ်

မင်္ဂလာဝတ်စုံပြပွဲ အခမ်းအနားကို ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီခွဲအထိ ကျင်းသွားမှာဖြစ်ပါတယ်။

News 

၁၃ နှစ်ပြည့်အမှတ်တရ အဖြစ် ကျင်းပနေတဲ့ စိတ်ကူးချိုချို စာအုပ်အရောင်းပွဲတော်

စိတ်ကူးချိုချို စာအုပ်တိုက် ၁၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာအုပ် အရောင်းပွဲတော်ကို ပန်းဆိုးတန်းလမ်းမမှာရှိတဲ့ လောကနတ်ပြခန်းမှာ ကျင်းပလျက်ရှိပါတယ်။

News 

ရခိုင်ပြည်နယ်ပညာရေးအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲ

ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွား တဲ့ စာသင်ကျောင်းတွေနဲ့ စာသင်သား ကလေးငယ်များကို ထောက်ပံ့ပေးနိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဩဂုတ်လ ၁၉ ရက်နေ့၊ အမျိုးသားဇာတ်ရုံ မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

News 

မြ၀တီရုပ်သံလိုင်းခွဲဖြစ်သည့် Shopping လိုင်းတွင် ပရိုဂရမ်အသစ်များ မကြာမီထုတ်လွှင့်မည်

မြ၀တီ ရုပ်မြင်သံကြားမှ ထုတ်လွှင့် လျက်ရှိသည့် ရုပ်သံလိုင်းခွဲများထဲမှ Shopping လိုင်းတွင် အားဖြည့်ထုတ် လွှင့်ပြသရန်အတွက် ပရိုဂရမ်အသစ် များစွာကို ရိုက်ကူးနေပြီး မကြာမီ တင်ဆက်သွားမယ်လို့ သိရပါတယ်။

News 

အချစ်အကြောင်းတွေသာ ရေးဖွဲ့ထားတဲ့ ဓိရာမိုရ်ရဲ့ 'လမင်းဖမ်းပွဲ'

အချစ်သီချင်း သီဆိုလေ့မရှိသူ ဂီတ ဖန်တီးရှင် ဓီရာမိုရ်က သူ့ရဲ့ တတိယ မြောက်တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ် တဲ့ 'လမင်းဖမ်းပွဲ'ထဲ မှာတော့ အချစ်နဲ့ နှလုံးသားရေးရာအကြောင်းတွေကို ရေးသားသီဆို ထားပါတယ်။ ဒီအခွေကို ဩဂုတ်လ ၁၃ ရက်နေ့က စတင်ပြီး ဖြန့်ချိ လိုက်ပြီမို့ တေးချစ်ပရိသတ်တွေ နားဆင်နိုင်ကြပါပြီ။

News 

ဂျနီဖာအနစ္စတန်တော့ စေ့စပ်လိုက်ပြီ ဂျိုလီ-ပစ်တို့ပွဲမတိုင်ခင်၊အရင်မင်္ဂလာဆောင်မလား

မင်းသမီး ဂျနီဖာအနစ္စတန် နောက် ထပ်တစ်ကြိမ် လက်ထပ်ဖို့ စေ့စပ် လိုက် ပြီဆိုတဲ့သတင်းဟာ ခင်ပွန်းဟောင်း ဖြစ်တဲ့ ဘရတ်ပစ်နဲ့ ကွာရှင်းခဲ့ပြီး ခုနစ် နှစ်လောက် အကြာမှာ ပထမဆုံးအကြိမ် ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

News 

အချစ်ဟာသဇာတ်ကားဖြစ်တဲ့ 'ခွချက်စ်'

မျက်နှာများလွန်းလို့ ဒဿဂီရိ လက်သစ် ဆိုပြီး အမည်ပေးခံရသူမှာ ကျော်ကိုကို (ကျော်ကျော်ဗို)ဖြစ်ပါတယ်။ သူ့အကျင့်က ရုပ်ချောပြီး လန်းတဲ့မိန်းကလေးတွေကို ကြိုက်ချင်၊ ချစ်ချင်တာပဲ ဖြစ်တယ်။

News 

ဆိုက်ရောက်ဗီဇာစနစ်ကို နှစ်နိုင်ငံ ထပ်မံတိုးချဲ့

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ဆိုက်ရောက် ဗီဇာကို မကာအိုနှင့် ဟောင်ကောင်နှစ် နိုင်ငံမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ များအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယခုလမှ စတင်ထုတ်ပေးနေ ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း က ဩဂုတ်လ ၈ ရက်နေ့တွင် ပြော ကြားသည်။

News 

နိုင်ငံသားပိုင် ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများ ညှိနှိုင်း

တိုင်းရင်းသားပိုင် ဟိုတယ်များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် စာချုပ်ချုပ်ဆို သွားမည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရာတွင် လိုအပ်သည့် အချက်အလက်များကို ခရီးသွားလုပ်ငန်းများနှင့် ညှိနှိုင်းဆောင် ရွက်သွားမည်ဟု မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင် ၀င်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြော ကြားသည်။

News 

ရန်ကုန်ဆီဒိုးနားဟိုတယ်၏ စီနီယာ မန်နေဂျာကို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်

ရန်ကုန်ဆီဒိုးနားဟိုတယ်မှ စီနီယာမန်နေဂျာ Mr Saman Sarathchandra အား ၀န်ကြီးဌာနမှချမှတ်ထားသည့် လမ်းညွှန်ချက် များကိုမလိုက်နာသည့် အတွက် သတိပေးသည့်အနေဖြင့် ၎င်း ၏ ပြည်ဝင်ခွင့် re-entry visa ကို ကန့် သတ်ရန်အတွက် ဆုံးဖြတ် ဆောင်ရွက် ခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ယခုလ ၈ ရက်နေ့တွင် ပြောကြားသည်။News