မင်္ဂလာဝတ်စုံရှိုးပွဲ ကျင်းပမယ့် ပါ့ခ်ရွိုယ်ရယ်ဟိုတယ်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
မင်္ဂလာဝတ်စုံပြပွဲ အခမ်းအနားကို ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီခွဲအထိ ကျင်းသွားမှာဖြစ်ပါတယ်။
ဟိုတယ်မှ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မသီ ရိကြာညိုက ရှိုးပွဲကျင်းပရတဲ့ရည်ရွယ် ချက်ကို "ဟိုတယ်မှာ မင်္ဂလာဆောင် မယ့် စုံတွဲတိုင်း ဒီပွဲကိုလာပြီး ဟိုတယ်နဲ့ booking comfirm လုပ်လိုက်တာနဲ့ တစ်နေ့တည်း တစ်နေရာတည်းမှာ စီစဉ် စရာကိစ္စအ၀၀ကို ပြီးပြည့်စုံစေချင် တယ်" လို့ ပြောပါတယ်။
အရင်တွေထက်ပိုပြီး ထူးခြားတဲ့ မင်္ဂလာအစီအစဉ်တွေကို စီစဉ်ထားတယ် လို့လည်း သူကဆိုပါတယ်။ မင်္ဂလာဝတ်စုံ ရှိုးပွဲရဲ့စပွန်ဆာတွေဖြစ်ကြတဲ့ မိတ်ကပ် ခင်စန်းဝင်း၊ ဒီဇိုင်နာလတ်လတ်၊ ကောင်းမြတ်နဲ့ ပြည်စိုးအောင်၊ 7 Picture ဓာတ်ပုံနဲ့ တခြားစပွန်ဆာတွေက ရက်ရက်ရောရော ပေးထားတဲ့ အထူး လျှော့ဈေးနှုန်းများနဲ့ ကံစမ်းမဲတွေကို လည်း ပေးသွားမယ်လို့ ဆိုပါတယ်။
ထိုင်ခုံအရေအတွက် ကန့်သတ်ထား တာကြောင့် ပွဲလာရောက်ကြည့်ရှုချင်သူ တွေဟာ ဖုန်းနံပါတ် ၂၅၀၃၈၈ (လိုင်းခွဲ-၈၁၀၂ နဲ့ ၈၁၀၃ )တို့ကို ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းရမှာ ဖြစ်ပါ တယ်။
