'ထာဝရမန္တလေး' မြန်မာဇာတ်လမ်းတွဲ လာမယ့်တောင်ပြုန်းပွဲတော်တွင် စတင်ရိုက်ကူးသွားမည်

ထိုင်းနိုင်ငံ အခြေစိုက်ရုပ်သံလွှင့်ကုမ္ပဏီ တစ်ခုဖြစ်တဲ့BEC-TERO နဲ့ မြန်မာ နိုင်ငံမှ Forever ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်တင်ဆက်တဲ့ မြန်မာရုပ်သံဇာတ် လမ်းတွဲ 'ထာဝရမန္တလေး' (Forever Mandalay)ကို ဩဂုတ်လ ၂၈ ရက်နေ့ မှာ တောင်ပြုန်းပွဲတော် (ချိုးရေတော်သုံး ပွဲနေ့) မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

News 

အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း)ရဲ့လူအစုလိုက်အပြုံလိုက်သတ်မှုနဲ့ပတ်သက်ပြီး လူထုကို အသိပေးလိုက်တဲ့စာအုပ်တစ်အုပ်

အရင်တုန်းက တစ်ခါမှ အပြည့်အစုံ မဖော်ပြခဲ့ဖူးတဲ့ အဖြစ်အပျက် တွေနဲ့ ပတ်သက်ပြီး လူထုကို စေတနာနဲ့ အသိပေးထားတဲ့ ဖြစ်ရပ်မှန် စာအုပ်တစ်အုပ် ပြီးခဲ့တဲ့ မေလထဲမှာ ထွက်ရှိခဲ့ပြီး စာဖတ်သူ တော် တော် များများရဲ့ရင်ကို နက်နက် နဲနဲ ထိမှန်ခံစားစေခဲ့ပါတယ်။

News 

ဩဂုတ်၊၂၆ မှာ ပြုလုပ်မယ့် ဟစ်ပ်ဟော့ရှိုး

တင်းနစ်အဖွဲ့ချုပ် ရန်ပုံငွေ ဂီတပွဲ အဖြစ် လူငယ်ကြိုက်အဆိုတော်များနဲ့ ဟစ်ပ်ဟော့ဖျော်ဖြေပွဲကို ဩဂုတ်လ ၂၆ ရက်နေ့၊ အမ်စီစီခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

News 

ပရိသတ်ကို အချိန်ပြည့် အံ့ဩစရာတွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ ဖိုးချစ်ဇာတ်ပွဲ

ဆိုင်းဆရာ မြန်မာပြည်ကျောက်စိမ်းရဲ့ 'ဗြုန်း'ခနဲ တီးခတ်မှုနဲ့အတူ မြန်မာ့ဆိုင်း ၀ိုင်းကြီးက ထွက်ပေါ်လာတဲ့ ပရိသတ် နားစွဲပြီးသား နာမည်ကျော် ဇာတ်သီချင်း တွေနဲ့ ဂီတဆရာဓိရာမိုရ်ရဲ့ အနောက်တိုင်း သံစဉ်တွေရဲ့ပေါင်းစပ်မှုက လှုပ်လှုပ် ရွရွဖြစ်နေတဲ့ ပရိသတ်ကို ကိုယ့် နေရာ ကိုယ်ထိုင်စေပြီး စင်ပေါ်က ကတ္တီပါ လိုက်ကာစကြီး ပွင့်လာပြီး ဘာတွေများ ပထမဆုံးထွက်လာမလဲဆိုပြီး စိတ်ဝင်တစား ငြိမ်ငြိမ်လေး ထိုင်ကြည့် နေအောင် ညှို့ယူဖမ်းစားလိုက်ပါတယ်။

News 

နှစ်၂၀ ကျော်အကြာမှာ မိခင်တစ်ဦးက ဖော်ထုတ်ပေးခဲ့တဲ့ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း)စခန်းရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံ

သူမရဲ့ မြေညီထပ်တိုက်ခန်း အရှေ့ပိုင်း မှာ သင်္ကန်းပရိက္ခရာဆိုင် ဖွင့်ထားတဲ့ ဒေါ်မြင့်မြင့်ကြည် (၆၂ နှစ်)ဟာ ဘာသာတရားကို အလွန် ရိုသေကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။

News 

မန္တလေးမြို့မှ ဘန်ကောက်နှင့် ဂါယာသို့ အမ်အေအိုင်ဆွဲမည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)သည် လာမည့် အောက်တိုဘာလမှ စတင်ခါ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အိန္ဒိယနိုင်ငံ ဂါယာမြို့များကို တိုက်ရိုက်ပြေးဆွဲမည် ဟု လေကြောင်းလိုင်းမှ တာဝန်ရှိသူ ဒေါ်အေးမရသာ ကပြောသည်။

News 

ပုဂံမြို့သစ်တွင် ဟိုတယ်သစ်တစ်လုံးဖွင့်လှစ်ရန် ပြင်ဆင်နေ

ပုဂံမြို့သစ်၌ အခန်း ၂၂ ခန်းပါ Crown Prince ဟိုတယ်သစ်ကို လာမည့် အောက်တိုဘာလတွင် ဖွင့်လှစ်မည်ဟု ဟိုတယ်ပိုင်ရှင် ဦးသန်းရွှေက ပြောကြားသည်။

News 

ထိုင်းလေကြောင်း တစ်နေ့သုံးကြိမ်အထိတိုးချဲ့

ထိုင်းလေကြောင်းလိုင်း (တီဂျီ)သည် လွန်ခဲ့သော သီတင်းပတ်မှစတင်ခါ တစ်နေ့နှစ်ကြိမ် ပျံသန်းပြေးဆွဲနေသော ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား တစ်နေ့သုံးကြိမ်အထိ တိုးချဲ့ပြေးဆွဲ နေသည်။

News 

ဟီးရိုးအသစ်တစ်ဦးတိုးလာတဲ့ "The Bourne Legacy"

ရုံဝင်ခ အမေရိကန်ဒေါ်လာ တစ်ဘီလျံ လောက် သိမ်းကျုံးယူနိုင်ခဲ့တဲ့ လူကြိုက် များ သူလျှိုဇာတ်လမ်းဖြစ်တဲ့ "Bourne" ရုပ်ရှင်ဇာတ်လမ်းတွဲ တွေကို ဖန်တီးခဲ့သူ ဒါရိုက်တာ Tony Gilroy ဟာ "The Bourne Legacy" လို့ အမည်ပေးထား တဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ထပ်မံ ရိုက်ကူးပေးပြီးသွားတာမို့ အနောက် နိုင်ငံတွေမှာ ရုံတင်ပြသနေပါပြီ။News