ဦးသန့်မှတ်တမ်းကားရိုက်ကူးဖို့အတွက် သုတေသနလေ့လာမှုများ ဒါရိုက်တာဝိုင်း ပြုလုပ်နေ
ဒါရိုက်တာ၊၀ိုင်းက ကမ္ဘာ့ကုလသမဂ္ဂ မှာ ၁၉၆၁ ကနေ ၇၁ ခုနှစ်အထိ အထွေ
ထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်
ထမ်းဆောင်ခဲ့တဲ့ ဦးသန့် အကြောင်းကို မှတ်တမ်းကားရိုက်ကူးဖို့အတွက်၊သုတေသနလေ့လာမှု တွေ ပြုလုပ်နေတယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
'မအိမ်ကံ'၀တ္ထုကို ဇာတ်လမ်းတွဲရိုက်ကူးဖို့ ဇာတ်ညွှန်းပြိုင်ပွဲ ဖိတ်ခေါ်နေ
မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြစဉ် ကတည်းက စာဖတ်ပရိသတ်တွေကို အထူး ဆွဲဆောင်နိုင်ခဲ့ပြီး လုံးချင်းဝတ္ထု အဖြစ် ထုတ်ဝေပြန် တော့လည်း အောင်မြင်ခဲ့တဲ့ စာရေးဆရာမ ခင်ခင်ထူး ရဲ့ 'မအိမ်ကံ' စာအုပ်ကို မိုးဆမ်းပန်း မီဒီယာမှ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူး သွားမယ်လို့ သိရပါတယ်။
ပန်းချီမောင်မောင်သိုက် နှစ်ပတ်လည်အမှတ်တရ၊စာအုပ်ဖြန့်ချိ
စာနယ်ဇင်း သရုပ်ဖော်ဒီဇိုင်းနဲ့ ပန်းချီ ဆရာ မောင်မောင်သိုက်ရဲ့ ကွယ်လွန် ခြင်း တစ်နှစ်ပတ်လည်အခမ်းအနားကို ဩဂုတ်လ ၂၄ ရက်နေ့က ဥမခ့ငိ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်း စည်းကမ်းချက်တွေပြင်ဆင်ပြီး ဖွင့်လှစ်မည်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နှစ်စဉ်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်း ကို ဒီနှစ်မှာလည်း လာမယ့်စက်တင်ဘာ လထဲမှာ ဖွင့်လှစ် သွားမှာဖြစ်ပြီး သင် တန်းတက်ရောက်မယ့်သူများ လိုက်နာ ရန်အတွက် ယခင်က ချမှတ်ထားတဲ့ စည်းကမ်းချက်သုံးခုကို ပယ်ဖျက်ပေး လိုက်တယ်လို့ သိရပါတယ်။
ပြဿနာများစွာနဲ့ ဂီတအစည်းအရုံးအမှုဆောင်သစ် ရွေးချယ်ပွဲ နောက်ဆုံးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့
ရွေးကောက်ပွဲကို ဂီတလောကသား တွေ စည်းစည်းရုံးရုံး၊ အေးအေး ချမ်းချမ်းနဲ့ ကျင်းပနိုင်ပါ့မလားလို့တောင် တွေးမိတဲ့အထိ အပြောင်း အလဲတွေ များခဲ့ရတဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ရဲ့ အမှုဆောင်သစ် ၂၀၁၂ ခုနှစ်
ရွေးချယ်တင်မြှောက်ပွဲကြီးဟာ ဩဂုတ် လ ၂၀ ရက်နေ့ကစတင်ပြီး ငါးရက်အကြာ အလွှာလိုက်ရွေးချယ်မှု အပြီး ၂၄ ရက် နေ့မှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ ပါပြီ။
ဒုတိယအကြိမ် ၀ဿန်ရုပ်ရှင်ပွဲတော် ဆန်ခါတင်ကား ၂၀ ရွေးချယ်ပြီးစီး
ဒုတိယအကြိမ် ကျင်းပမယ့် ၀ဿန် ရုပ်ရှင်ပွဲတော်အတွက် မြန်မာဒါရိုက်တာ တွေ ပေးပို့ယှဉ်ပြိုင်ကြတဲ့ မှတ်တမ်းကား နဲ့ဇာတ်ကားတို ပေါင်း ၄၅ ကားထဲမှ ဆန်ခါတင်ကား ၂၀ ကို ရွေးချယ်ထားပြီး ပွဲတော်ရက်အတွင်းပြသကာ အကောင်း ဆုံးဇာတ်ကားတွေကို ထပ်မံရွေးချယ် သွားမယ်လို့ သိရပါတယ်။
သူခိုးလို့ အစွပ်စွဲခံရပြန်တဲ့ လင်ဆေးလိုဟန်
လင်ဆေးလိုဟန်ဟာ ခံဝန်ချုပ်ကာလ
အတွင်းမှာ အနေအထိုင်မတတ် ဘူးဆိုရင်တော့ ပြဿနာတစ်ခုခု ထပ်ဖြစ်သွားကောင်း
ဖြစ်သွားနိုင် တယ်လို့ တွေးမိရုံရှိသေး ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ် ဟေးလ်က နေအိမ်တစ်အိမ်မှာ မကြာသေးခင်ကမှ
ဖြစ်ပွားခဲ့တဲ့ ပစ္စည်း ပျောက်မှုနဲ့ပတ်သက်ပြီး မသင်္ကာသူစာရင်းထဲမှာ ပါနေပြန်ပါပြီ။
နောက်ဆက်တွဲဇာတ်လမ်းမှာ သရုပ်ဆောင်ကြေးပိုရဖို့ မျှော်လင့်နေတဲ့ "Hunger Games" မင်းသမီး ဂျနီဖာလောရင့်စ်
"Hunger Games" ဇာတ်ကား ထဲမှာ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျနီဖာလောရင့်စ်ဟာ နောက်ထပ် ရိုက်ကူးမယ့် ဇာတ်လမ်းမှာ သရုပ်ဆောင်ကြေး တိုးရဖို့အတွက် မျှော်လင့်နေပါ တယ်။
ခရစ္စဘရောင်းရဲ့ "Fortune"
ခရစ္စဘရောင်းဟာ ရန်ဖြစ်တာတွေ၊ ရိုက်နှက်
တာတွေစတဲ့ သူနဲ့ ပတ်သက်တဲ့ မကောင်းတဲ့
သတင်းတွေ ပလူပျံအောင် ထွက်ခဲ့ပေမယ့် မနှစ်က ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် "F.A.M.E"
ကိုကြည့်ခြင်းအားဖြင့် ဘရောင်းဟာ စီးပွားရေး
လောကမှာတော့ အောင်မြင်မှုရနေဆဲပဲလို့ သုံးသပ်ရပါမယ်။
ယခုနှစ်၏ ပထမခုနစ် လအတွင်း နိုင်ငံခြားဧည့်သည် အ၀င် ၃၇ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်လာ
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက် အရ ယခုနှစ် ပထမ ခုနစ်လအတွင်း ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်စပ်မှ
ဝင်ရောက်ခဲ့သော နိုင်ငံခြားခရီးသွား ဧည့်သည် အ၀င်မှာ သိသိသာသာ မြင့်တက်သွားသည်ကို တွေ့ရသည်။
ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်
အေဒီ ၁၀ ရာစုမှ ၁၄ ရာစုအတွင်း တည်ဆောက်ခဲ့သော ရှေးဟောင်း
အဆောက်အအုံပေါင်း ၃,၀၀၀ ကျော် တည်ရှိနေသေးသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင် ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်းဆောင်ရွက်သွား
မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေ
သန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ သိရသည်။
