ထောင်ထဲမှာ နေရတဲ့အချိန်တွေကို အနုပညာဖန်တီးမှုတွေနဲ့ ပြန်လည်ပြောပြတဲ့ ပန်းချီထိန်လင်း

အနုပညာရှင် တစ်ဦးဖြစ်တဲ့ ထိန်လင်း ဟာ သူ့ရဲ့အနုပညာဖန်တီး မှုကို ကြုံရာ ကျပန်းပစ္စည်းတွေနဲ့ ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ၁၉၉၈ ကနေ ၂၀၀၄ ခုနှစ် အတွင်း သူအကျဉ်းကျနေစဉ်မှာ ပန်းချီ ဆွဲပစ္စည်းတွေ အထဲကို ယူဆောင်ခွင့် မရတာကြောင့် မီးခြစ်တွေနဲ့ ဆေးခန်းက ရရှိတဲ့ဆေးထိုးအပ်တွေကို စုပ်တံအဖြစ် လုံချည်စကို ကင်းဗတ်စအဖြစ် ပြောင်း လဲ အသုံးပြုခဲ့ပါတယ်။

News 

တရုတ်အလှမယ်လေး သရဖူဆောင်းသွားတဲ့၂၀၁၂ ခုနှစ် မယ်ကမ္ဘာပြိုင်ပွဲ

၂၀၁၂ ရဲ့ မယ်ကမ္ဘာသရဖူကိုတော့ တရုတ်နိုင်ငံက Yu Wenxia ဆိုတဲ့ အလှ မယ်ကလေးက၊ ဆွတ်ခူးရရှိ သွားပါတယ်။ မယ်ကမ္ဘာ ပြိုင်ပွဲမှာ တရုတ်နိုင်ငံက နေ သရဖူဆောင်းနိုင်ခဲ့တာ နှစ်ကြိမ်ရှိ သွားပါပြီ။ ပထမ တစ်ကြိမ်ကတော့ ၂၀၀၇ ခုနှစ်ပြိုင်ပွဲမှာ Zhang Zilin ဆိုတဲ့ တရုတ် အလှမယ်လေးက ရရှိခဲ့တာ ဖြစ်ပါတယ်။

News 

ဒုတိယအကြိမ် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် အောင်နွေထွေး အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရရှိခဲ့

'အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု - "Behind The Screen" (ပိတ် ကား၏ နောက်ကွယ်)' လို့ ကြေညာလိုက်တော့ ၀ဿန်ရုပ်ရှင်ပွဲတော် အခမ်းအနားကျင်း ပရာခန်းမထဲမှာ လက်ခုပ်သံတွေ ညံညံ စီသွား ပါတယ်။ ဇာတ်ကားကို ကြည့်ပြီး ပုံရတဲ့ ပရိသတ်တချို့ဆို ၀မ်းသာ အားရ နဲ့ မတ်တတ်ရပ်ပြီးတော့တောင် အားရပါးရ ဩဘာပေးလိုက် ကြပါတယ်။

News 

အနုပညာကိုဗန်းပြပြီး လိမ်လည်သူများ ရှိနေသည်ဟု အစည်းအရုံးဥက္ကဋ္ဌပြော

ရုပ်ရှင်၊ ဗီဒီယိုလောကထဲတွင် အနု ပညာလုပ်ငန်းကို ဗန်းပြကာ လိမ်လည် ငွေတောင်းနေသည့် ဒါရိုက်တာများ ရှိနေသည်ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌမှ ပြောသည်။ လိမ်လည်သူများသည် သရုပ်ဆောင် ဖြစ်လိုသူများကို ပညာပေးဇာတ်လမ်းများ ရိုက်ကူး ပေးမည်ဟုဆိုပြီး ဆွဲဆောင် ခဲ့ကြခြင်းဖြစ်သည်ဟု ဦးဇင်ဝိုင်းမှ ပြောသည်။

News 

အာရှဆင်တွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကား ပြည်တွင်းမှာပြသနိုင်ဖို့ နေရာရှာနေ

ဆင်တွေကို ထိုင်းနိုင်ငံမှာဆိုရင် ခရီး သွားလုပ်ငန်းတွေမှာ အသုံးပြုဖို့ အိမ်မွေး တိရစ္ဆာန်အဖြစ် ဆက်ဆံကြသလို သီရိလင်္ကာ နိုင်ငံမှာ၊ ဘာသာရေးအခမ်းအနား စီတန်းလှည့်လည်မှုတွေအတွက် အသုံးပြု ကြပါတယ်။ မြန်မာပြည်မှာတော့ ဆင်တွေဟာ ဟိုးယခင်ကတည်းက အစဉ်အလာဖြစ် တဲ့ သစ်ထုတ်လုပ်ရေးစခန်းတွေမှာ သစ် ဆွဲရတဲ့ အလုပ်တွေကို ယနေ့တိုင် ဆက်လက်လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။

News 

အိန္ဒိယရိုးရာတေးဂီတတွေကို မြည်းစမ်းခွင့်ရခဲ့တဲ့ 'ကာနေတစ်ည' ဖျော်ဖြေပွဲ

အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် စာရေးသူ အနေနဲ့ အိန္ဒိယသံစဉ် တေး သီချင်းတွေ နဲ့စိမ်းသူ မဟုတ် ပါဘူး။ ဒါပေမယ့် စက်တင်ဘာလ ၈ ရက်နေ့က အမျိုးသား ဇာတ်ရုံမှာ ကျင်းပ ခဲ့တဲ့ "Carnatic Music Nite" အိန္ဒိယသံစဉ်တေးဂီတ ဖျော်ဖြေပွဲကတော့ တစ်မူထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ပွဲလာ ပရိသတ် တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

News 

အခမ်းနားဆုံး ကျင်းပမယ့် The Rich Gem ရှိုးပွဲ

ခမ်းနားထည်ဝါမှုတွေနဲ့ ပြည့်နေစေမယ့် "Dressed to the Nines" ဖက်ရှင်ရှိုးပွဲကြီးကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ကမ်းနားလမ်းဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ The Rich Gem ရဲ့ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ် လက်ဝတ် ရတနာဒီဇိုင်း သစ်တွေနဲ့အတူ InSpire (Dress & Dreamwear)၊ ရွေကံ့ကော်ပိုးထည်တိုက်၊ တော်ဝင်သူ (မင်္ဂလာဝတ်စုံ)နဲ့ မိတ်ကပ်လင်းလင်းတို့မှ ပူးပေါင်းပြီး တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။

News 

အာရှနိုင်ငံတကာ ကလေးပွဲတော်ကို မြန်မာလူငယ်ဒါရိုက်တာသုံးဦး တက်ရောက်မည်

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အာရှနိုင်ငံတကာ ကလေးရုပ်ရှင်ပွဲတော်(The Asian International Children Film Festival) မှ လူငယ် ဒါရိုက်တာပြိုင်ပွဲ အတွက် မြန်မာနိုင်ငံမှ လူငယ်ဒါရိုက်တာ သုံးဦး ရွေးချယ်ထားပြီး ပွဲတော်ကို မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးကြပ်သူ တစ်ဦးနဲ့အတူ တက်ရောက်ခွင့်ရမယ်လို့ သိရပါတယ်။

News 

ဂျပန်အစားအစာ ကောင်းကောင်းစားလိုသူတွေအတွက် ဟံသာဝတီလမ်းပေါ်က ဖူဂျီ ခေတ်မီဂျပန်စားသောက်ဆိုင်

ဂျပန်အစားအစာ မြည်းစမ်းချင်သူ တွေ၊ နှစ်သက်သူတွေနဲ့ ဂျပန်စာကို ကြိုက်ပေမယ့် အသားစိမ်းမစားသူတွေ အတွက်ပါ အဆင်ပြေတဲ့၊ ဂျပန် နဲ့ ထိုင်း စတိုင် ရောစပ်ထားတဲ့ အစားအစာတွေ ကို ရောင်းချပေးနေတဲ့ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းပေါ်မှာရှိတဲ့ ဖူဂျီဂျပန် စားသောက် ဆိုင်ကို ပြီးခဲ့တဲ့သီတင်းပတ် က သူငယ်ချင်းတွေနဲ့အတူ တစ်ခေါက် ရောက်ခဲ့ပါတယ်။

News 

ဟိုတယ်ဇုန်များ စတင်ဖော်ထုတ်ရန် ပြင်ဆင်နေ

ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာ မှုနှင့်အတူ ခရီးသွားဒေသများတွင် ဟိုတယ်များ ပိုမိုတိုးချဲ့ တည်ဆောက်ရန် လိုအပ်လာရာ အင်းလေး၊ မန္တလေး၊ ပု ပ္ပား နှင့် ပုဂံညောင်ဦးဒေသများ၌ ဟိုတယ် ဇုန်သစ်များ ထပ်မံဖော်ထုတ်ရန် ဆောင် ရွက်နေကြပြီ ဖြစ်သည်။

News 

စင်ကာပူလေကြောင်းလိုင်း အောက်တိုဘာလတွင် စတင်မည်

စင်ကာပူလေကြောင်းလိုင်းသည် ခရီး သွားဧည့်သည် အသွားများ လာသည် အတွက် စင်ကာပူ-ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ် ကို လာမည့်အောက် တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ နေ့စဉ် ပြေးဆွဲမည်ဟု လေကြောင်းလိုင်းက လွန်ခဲ့သည့်အပတ်က တရားဝင် ထုတ်ပြန်ကြေညာသည်။

News 

"The Expendables 2" လာပြီ။

ကြေးစားစစ်သားတစ်စုဟာ "The Expendables 2" ဇာတ်ကားနဲ့အတူ ပိတ်သားပြင်ပေါ်ကို ပြန်လည်ရောက်ရှိ လာပါပြီ။ အပိုင်း(၁)ဇာတ်ကားလိုပဲ စွန့်စားခန်းအက်ရှင်အမျိုးအစားပဲ ဖြစ်ပြီး ဒါရိုက်တာSimon West ရိုက်ကူး တာဖြစ်ပါတယ်။ ပထမဇာတ်ကားကို တော့ Sylvester Stalloneက ရိုက်ကူး ခဲ့တာဖြစ်ပြီး ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

News