လျှပ်စစ်မီးပေးချိန် အလှည့်ကျစနစ်ကို ထပ်မံပြောင်းလဲ
ပြီးခဲ့သော သင်္ကြန်မတိုင်မီကာလက ၂၄
နာရီအချိန်ပြည့်နီးပါး လျှပ်စစ်မီး ရနေခဲ့သော မန္တလေးမြို့ရှိ ရပ်ကွက်များတွင်
ယခုအခါ လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ပြန်လည်ရရှိနေသည်။
ပထမဆုံးအကြိမ်အဖြစ် အမျိုးသားမော်ဒယ် ရွေးချယ်ပွဲကြီးကို မန္တလေးမြို့တွင် ကျင်းပသွားမည်
မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားမော်ဒယ်ပြိုင်ပွဲကြီးကို Myanmar Model Management က ဦးစီးပြီး မေလ ၃၁ ရက်နေ့ မန္တလေး ဟေးလ်ရီဆော့ ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
သရက်စိုက်တောင်သူများ ပြည်ပဈေးကွက်ကောင်း ရရှိနိုင်ရန် ဂျီအေပီလက်မှတ်လိုအပ်လျက်ရှိနေ
သရက်စိုက် တောင်သူများသည်
ထွက်ကုန်သရက်သီးများ ဈေးကောင်း ရရှိရန် အာဆီယံစံချိန်စံညွှန်းမီ Goods Agricultural Practice (GAP) လက်မှတ်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
မ၀င်ရောက်မီကာလအတွင်း ရရှိရန် လိုကြောင်း သရက်စိုက်တောင်သူများနှင့် တာဝန်ရှိသူများက ပြောသည်။
အာဆီယံဒေသတွင်း ပို့ဆောင်ရေးကဏ္ဍ အဆင့်မြင့်တင်ရန်လို
အာဆီယံဒေသတွင်း ဘက်စုံပို့ဆောင်ရေး ကဏ္ဍတစ်ရပ်တွင်ပါဝင်သည့် ကုန်း လမ်းသယ်ယူပို့ဆောင်ရေးအတွက် အဆင့်မီကုန်တင် မော်တော်ယာဉ်ကြီးများ ထောက်ပံ့ဖြည့်ဆည်းကာ သယ်ယူပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးအောင်ခင်က ပြောသည်။
မျိုးဆက်ပွား ကျန်းမာရေး အစီအစဉ် ပြုလုပ်
မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်းက IUD Workplace Project အရ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ စက်ရုံများတွင် နေထိုင်သူများ၊ ၀န်ထမ်းများ၊ အနီးပတ်ဝန်းကျင်ရှိ ဆရာဝန်များအတွက် ဟောပြောပွဲများ ပြုလုပ် ပေးခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၈ ရက်က Ethernal Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
မဟာမုနိဘုရားကြီးတွင် ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံခြင်းအတွက် ဩ၀ါဒစရိယ ဆရာတော်ကြီးများ၏ ဩ၀ါဒခံယူရန်မလိုဟုဆို
မန္တလေးမဟာမုနိဘုရားကြီးအတွင်းရှိ ဆိုင်ခန်းအခွန်တော်များ တိုးမြှင့်
ကောက်ခံခြင်းအတွက် ဩ၀ါဒစရိယ ဆရာတော်ကြီးများ၏ ဩ၀ါဒ ခံယူရန် မလိုဟု ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ပြောကြားသည်။
လိုင်စင်မဲ့ ပြိုင်ကား တစ်စီးဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး ယာဉ်စည်း ကမ်းလမ်းစည်းကမ်း ပူးပေါင်းစစ်ဆင်ရေးအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ကန်ပတ်လမ်းမှ မှတ်ပုံတင်မဲယ့် ပြိုင်ကား တစ်စီးကို ဖမ်းဆီးရမိကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးထံမှ သိရသည်။
ငါး၊ ပုစွန်များ စနစ်တကျထိန်းသိမ်းရန်ပြော
သဘာဝရေပြင်များတွင်ရေသယံဇာတများဖြစ်သော ငါးနှင့်အခြားရေနေ သတ္တ၀ါများကို ဖမ်းဆီးရာတွင် စည်းကမ်းမဲ့ဖမ်းဆီးထုတ်လုပ်ပါက နောက်ပိုင်းတွင် ကုန်ခမ်းမျိုးတုံးမှုများ ဖြစ်လာနိုင်သဖြင့် သယံဇာတ ထိန်းသိမ်းရေးအတွက်
ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်
လိုအပ်ကြောင်း သမ၀ါယမ၀န်ကြီး
ဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။
ရေနံတွေ့ဆုံပွဲကျင်းပ
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ကုန်းတွင်းလုပ်ကွက်များ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ကိုအိန္ဒိယမှ Jubilant နှင့် မတ်လကုန်၌ လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း Parami Energy Development Co Ltd မှ ဘူမိဗေဒအရာရှိ ဦးနု က ပြောသည်။
အကောင်းဆုံးအနေအထားနဲ့ ၆၂ လမ်း အိမ်ခြံမြေဈေးကွက်(၁)
မန္တလေးမြို့ရဲ့ အရှေ့ဖျားမှာ တောင်-
မြောက်သွယ်တန်းတည်ရှိနေတဲ့ ၆၂ လမ်းမကြီးပေါ်က အိမ်ခြံမြေအကွက် အကွင်းဟာ အချိန်ကြာလေ မြို့ပြဆိုင်ရာအင်္ဂါရပ်တွေနဲ့ ပိုမို ရုပ်လုံးကြွလေဖြစ်နေပြီး လက်ရှိမှာ မြို့ရဲ့အိမ်ခြံမြေ ဈေးကွက်မှာ အလားအလာအကောင်းဆုံးအနေ အထားနဲ့ ရပ်တည်နေကြောင်း အကျိုးဆောင်တွေက သုံးသပ် ပါတယ်။
မြို့သစ်က အဆင့်မြင့်ပြင်ဆင်ထားတဲ့တိုက်
မန္တလေးမြို့ရဲ့ အလားအလာကောင်းတဲ့
မြို့သစ်ရပ်ကွက်ကြီးထဲမှာရှိပြီး အဆင့်
မြင့်ပြင်ဆင်ပြီးဖြစ်တဲ့ အာရ်စီ နှစ်ထပ်
တိုက်တစ်လုံးဖြစ်ပါတယ်။
