ပန်းဈေးကွက် လည်ပတ်မှုနှေးကွေးနေ၍ ဈေးနှုန်းကျဆင်းပြီး အရောင်းအေးလျက်ရှိ
ယခုနှစ်တွင် ပန်းစိုက်တောင်သူများပြားလာမှုကြောင့် မန္တလေးတိုင်း ဒေသကြီး အတွင်း စိုက်ပျိုးရောင်းချ သူများမှာ ပန်းဈေးနှုန်း ကျဆင်းမှု ဒဏ်ခံနေရကြောင်း ပန်းမျိုးစုံလက်ကား အရောင်းဆိုင်များက မြန်မာတိုင်း(မ်) ကို ပြောသည်။
နှစ်သိန်းတန်ဖုန်းများ လက်ကျန်နည်းလာသဖြင့် ဈေးအနည်းငယ်မြင့်တက်လာ
ယခုနှစ် ဧပြီလမှ စတင်ရောင်းချခဲ့သော ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲတန် ဖုန်းလိုင်းများမှာ မန္တလေးမြို့တွင် လက်ကျန်နည်း နေသဖြင့် ဈေးနှုန်းလည်း အနည်း ငယ်မြင့်တက်သွားကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်တွင် ၀င်ဆံ့နိုင်ရန် ကျောက်အချောကိုင်သင်တန်းများ ပို့ချရန် ကျောက် ကုန်သည်များ မျှော်လင့်
မန္တလေးမြို့ ကျောက်ဝိုင်းရှိကျောက် လုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့၏
ကျောက်ဝိုင်းပတ်ဝန်းကျင်တွင် ကျောက်
အချောကိုင် သင်တန်းများ ပို့ချမှုများ
ရရှိရန်မျှော်လင့်နေကြကြောင်း ဖားကန့်
ကျောက်ကုန်သည် ဦးကျော်ကျော်က ပြောသည်။
ဧရာဝတီရေရှည်တည်တံ့ရေး သုတေသနလုပ်ငန်း လိုအပ်
ဧရာဝတီမြစ်ကြီး အဓွန့်ရှည် တည်တံ့နိုင်ရေးအတွက် ပြည်သူတစ်ရပ် လုံးပါဝင်သော သိပ္ပံနည်းကျ သုတေသနများ ပြုလုပ်သွားရန် လိုအပ်နေကြောင်း ပညာ ရှင်များက သတိပေးပြောကြားသည်။
ရာသီဥတုကြောင့် ကျောက်ကုန်သည်များနားရပြီး ကျောက်ဝိုင်းတွင် ကျောက်စိမ်းလွှာချပ် အလုပ်ဖြစ်
မန္တလေး မဟာအောင်မြေကျောက်ဝိုင်း အတွင်း ကျောက်စိမ်းလွှာချပ်သားမှာ အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ရာသီ ဥတုကြောင့် ကုန်သည်များ ဖားကန့်ရှိ ကျောက်လုပ်ကွက်များသို့ တက်၍ ကျောက်ဝယ်ယူခြင်းကို ရပ်ဆိုင်းထားကြောင်း ကျောက်ကုန်သည်များက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဈေးချိုဝန်းကျင် ဆိုင်းဘုတ်များ ကန့်သတ် စိစစ်သွားမည်
မန္တလေးဈေးချိုတော် ၀န်းကျင်ရှိ စီးပွား ရေးကြော်ငြာဆိုင်းဘုတ်များကို မြို့တော် စည်ပင်က ဖြုတ်သိမ်းသွားပြီး တစ်ပြေးညီ အရွယ် အစားသတ်မှတ်ကာ အကန့် အသတ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
မန္တလေးမြို့လယ်တွင် ဓာတ်ဆီဆိုင်ဖွင့်မည်ကို ကန့်ကွက်နေ
မန္တလေးမြို့လယ်တွင် ဓာတ်ဆီဆိုင်ဖွင့်
လှစ်မည်ကို ပိတ်ပင်တားဆီး ကာကွယ်
ပေးပါရန် သမ္မတကြီးထံ တင်ပြထားကြောင်း ဓာတ်ဆီဆိုင် ဖွင့်လှစ်မှုကို
ကန့်ကွက်ကြသည့် သီရိမာလာ
အနောက်အကွက် (၂၃၉) ရပ်ကွက်နှင့်
အနီးရှိ ရပ်ကွက်သူရပ်ကွက်သားများက ပြောသည်။
ဖုန်းငှားရမ်းခြင်းနှင့် အထွေထွေဝန်ဆောင်မှုများ စတင်လုပ်ဆောင်
ရန်ကုန်မြို့ အခြေစိုက် Yadanarpon Call Center က မန္တလေးမြို့တွင်လည်း
မိုဘိုင်းဖုန်းငှားရမ်းခြင်းနှင့် အခြား အထွေထွေဝန်ဆောင်မှု လုပ်ငန်းများကို စတင်
လုပ်ဆောင်ပေးနေပြီဖြစ်သည်။
လူငယ်သတင်းသမားများ မြခနောက်တောင်တက်လမ်းရှိ
ကျောင်းများသို့ စာရေးကိရိယာနှင့်
ဆေးဝါးများ လှူဒါန်း
မန္တလေးမြို့ရှိ လူငယ်သတင်းသမား
များစုပေါင်းပြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြခနောက်တောင်တက်လမ်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများသို့ ယခုလ ၁၄ ရက်နေ့က စာရေး ကိရိယာနှင့် ဆေးဝါးများ သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်အသင်းခွဲ ညီလာခံ ကျင်းပမည်
မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆရာဝန်အသင်းခွဲ၏ ပထမအကြိမ် ညီလာခံကို လာမည့် ဩဂုတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ တို့တွင် မန္တလေး၊ Oriental House ခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။
သွေးလှူဒါန်းသူများကို ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေး
မန္တလေးမြို့ရှိ အမျိုးသားသွေးလှူဘဏ်သို့ လာရောက်သွေးလှူဒါန်းသူများကို အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးနေကြောင်း တာဝန်ရှိသူများက ပြောသည်။
ဘန်ဂလိုပုံစံ သပ်ရပ်တဲ့ တိုက်
ပြင်ဦးလွင်မြို့တွင်းမှာ ဘန်ဂလိုပုံစံ ဆောက်လုပ်ထားပြီး မိသားစု ကျစ်ကျစ် လှစ်လှစ်နေထိုင်နိုင်မယ့် တစ်ထပ်တိုက် ဖြစ်ပါတယ်။
လူနေခွင်အိမ်မြေဈေးနှုန်းတွေ ဣနြေ္ဒရဆဲ မန္တလေးအိမ်ခြံမြေဈေးကွက်
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အခြေချနေထိုင်မှု မများသေးတဲ့၊ လူနေခွင်အဖြစ် ပီပီပြင်ပြင်ရုပ်လုံး မပေါ်သေးတဲ့ အိမ်ခြံမြေအကွက် အကွင်းတွေမှာ ထိုက်သင့်တဲ့ အတိုင်းအတာနဲ့ ဈေးနှုန်း လျှော့ပေါ့ ရောင်းချ သူတွေရှိလာပေမယ့်
လူနေအခြေကျပြီးဖြစ်တဲ့ အပိုင်းတွေ မှာတော့ အိမ်မြေဈေးနှုန်းဟာ တည်ငြိမ်နေဆဲဖြစ် ကြောင်း သိရပါတယ်။
ဒီမိုကရေစီလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းချိန်မှစ၍ ကျောက်စိမ်းဝယ်ယူမှုအပေါ်
တရုတ်ဘက်မှ ကန့်သတ်မှုရှိလာ
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း လာချိန် မှစ၍ မြန်မာ့ကျောက်စိမ်း ၀ယ်ယူမှုအပေါ် တရုတ်နိုင်ငံဘက်မှ ကန့်သတ်
ချက်များ ရှိလာခဲ့ကြောင်း မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း ရှိ ၀ါရင့် ကျောက်ကုန်သည်၊ ပွဲစားများက သုံးသပ်သည်။
ရခိုင်နှင့် ကချင်ပြည်နယ် အေးချမ်းရေးအတွက် ဘာသာစုံ ဆုတောင်းပွဲကျင်းပ
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ကဦးစီး၍ ငြိမ်းချမ်းရေးကိုလိုလားသူများက ရခိုင်ပြည်နယ်နှင့် ကချင်ပြည် နယ်တွင် လတ်တလောကြုံတွေ့နေရသော အခက်အခဲများ ပြီးစီးချုပ်ငြိမ်းသွား စေရေးအတွက် ဆုတောင်းပွဲတစ်ခုကို ယခုလ ၇ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။
ပြင်ဦးလွင်တွင် သုံးမြွှာပူးကလေး အောင်မြင်စွာမွေးဖွား
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ချမ်းသာသုခ အထူးကု ဆေးရုံကြီးတွင် သုံးမြွှာပူး ရင်သွေးငယ် များအား ဇူလိုင်လ
၉ ရက်နေ့တွင် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း အဆိုပါဆေးရုံမှဆရာဝန်တစ်ဦး
က ပြောသည်။
အထောက်အထားမရှိဘဲ ၀ယ်၊ ရောင်းခြင်း မပြုလုပ်ရန် အသိပေးကြေညာ
နိုင်ငံတော်က တရားဝင် လန/၃၉ ချထား
ပေးပြီးသောမြေကွက်များကို ပိုင်ဆိုင်မှု
အထောက်အထားမရှိဘဲ ၀ယ်ယူ/ ရောင်းချသူများကို ဥပဒေ အရ အရေးယူ
မည်ဖြစ်သည့်အတွက် အကျိုးဆောင်၊
ပွဲစားများ ပါဝင် ပတ်သက်ခြင်း မပြုကြရန် မြို့သစ် ၆၅ လမ်းရှိ အိမ်မြေပွဲစားဝိုင်းတွင် အသိပေးကြေညာချက် ထုတ်ပြန်
ထားသည်။
