မန္တလေးမြို့တွင် 'မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ'မှ ရှယ်ယာများကို ဩဂုတ်လ အတွင်းရောင်းချရန်စီစဉ်လျက်ရှိ

မန္တလေးမြို့မှ ရွှေလုပ်ငန်း စိတ်ဝင်စားသူများနှင့် ရွှေလုပ်ငန်းရှင်များ အတွက် ဩဂုတ်လအတွင်းတွင် 'မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများ ပိုင် ကုမ္ပဏီ'မှ အစုရှယ်ယာများကို ရောင်းချသွားရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ဇူလိုင်လ နောက်ဆုံး ပတ်က ပြောသည်။

News 

ပျိုးပင်ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိနိုင်ရေး တင်ပြမည်

မန္တလေးတိုင်းဒေသကြီးရှိ ပျိုးပင် လုပ်ငန်းများက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ၀င်ရောက်လာမည်ကို ကြိုတင်ပြင်ဆင်မှုအဖြစ် ပျိုးပင် လုပ်ငန်းများ ပိုမို တိုးတက်လာစေရန် မန္တလေးမြို့ပြင်တွင် ပျိုးပင်ဇုန် တည်ထောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

News 

ဆွမ်းဦးပုညရှင် နှစ် ၇၀၀ ပြည့် ဆွမ်းလောင်းပွဲ ကျင်းပမည်

စစ်ကိုင်းဆွမ်းဦးပုညရှင်စေတီတော် နှစ် ၇၀၀ ပြည့် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကို ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဆွမ်းဦးပုညရှင် စေတီပြုပြင်စောင့်ရှောက်ရေး ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

News 

အထက်မြန်မာပြည်၏ အကြီးဆုံးဒိုင်းမွန်းပလာဇာ ဩဂုတ်၊ ၁၅ ရက်နေ့၊ ဖွင့်မည်

အထက်မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်လာမည့် အမေရိကန်ဒေါ်လာ သန်း ၄၀ ရင်းနှီးမြှုပ်နှံတည်ဆောက်ထား သည့် မန္တလေးမြို့၊ ချမ်းအေး သာစံ မြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက်၊ ၇၇x၇၈ လမ်းကြား၊ ၃၃x၃၄ လမ်းကြားရှိ ရတနာပုံဒိုင်းမွန်းပလာဇာကို ဩဂုတ် လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ် မည်ဖြစ်သည်။

News 

မြို့တော်ဥယျာဉ်မှ ပန်းပျိုးပင်ဆိုင်များ အချိန်တိုအတွင်း ပြောင်းရွှေ့ပေးရသဖြင့်သိန်းပေါင်း ရာချီ ဆုံးရှုံး

မြို့တော်ဥယျာဉ် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အရ ဥယျာဉ်အတွင်းရှိ ပန်းပျိုးပင်ဆိုင်များ ကာလတိုအတွင်းပြောင်း ရွှေ့ရသောကြောင့် သိန်းပေါင်း ရာနှင့် ချီ ဆုံးရှုံးကြရကြောင်း ခါတော်မီပျိုးဥယျာဉ် မှ ဦးလှထွန်းအောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။

News 

ဦးမင်းဆွေနှင့်ဒေါ်ခင်ထွေးဖောင်ဒေးရှင်းကို ကျပ်သိန်းပေါင်းခြောက်ထောင် ထပ်တိုး မတည်မည်

၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့ သော ကျန်းမာရေး၊ ပညာရေး၊ ဘာသာ ရေးတို့ကို အဓိကထား ထောက်ပံ့ခဲ့သော ဦးမင်းဆွေနှင့် ဒေါ်ခင်ထွေးဖောင်ဒေး ရှင်း မတည်ငွေကို ကျပ်သိန်း ၆,၀၀၀ ထပ် တိုးကာ မတည်သွားမည်ဖြစ်ကြောင်း သိရသည်။

News 

သစ်သီးဝလံဈေးကွက် စီမံခန့်ခွဲမှု စိတ်ဝင်စားသူများ

သစ်သီးဝလံ အခြေခံစားသောက်ကုန် ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှု နည်းပညာသင်တန်းကို စိတ်ဝင်စားသူ ပိုမိုများပြားလာပြီး အသေး စားစက်မှု၊ လက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ကြောင်း တာဝန်ရှိသူက ပြောသည်။

News 

အများပိုင်ကုမ္ပဏီဖွဲ့စည်းသွားရန် ကျောက်စိမ်း လုပ်ငန်းအများစုမှာ အဆင်သင့်မဖြစ်နိုင်သေး

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာခြင်းအတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် အများပိုင်ကုမ္ပဏီများဖွဲ့စည်းကြသော်လည်း မြန်မာ့ ကျောက်စိမ်းလောကတွင် ထိုသို့ဖွဲ့စည်းရန် အဆင်သင့်မဖြစ်သေးကြောင်း မန္တလေးမဟာအောင်မြေ ကျောက်ဝိုင်းရှိ ကျောက်ကုန် သည် များက မြန်မာတိုင်း(မ်)ကို ပြောသည်။

News 

ရာသီဥတုဖောက်ပြန်မှုကြောင့် အုတ်ဈေးနှုန်းများကျဆင်း အခြားအိမ်ဆောက်ပစ္စည်းများ
ဈေးတည်ငြိမ်လျက်ရှိနေ

မန္တလေးမြို့ရှိ အုတ်လုပ်ငန်းများမှာ ယခုနှစ် ရာသီဥတုဖောက်ပြန်မှုကြောင့် အုတ်ဈေးများ ကျဆင်းသည့်ဒဏ်ကိုခံ နေကြရပြီး ထုံး၊ သဲ၊ ကျောက်ရောင်း ၀ယ်မှုမှာ ပုံမှန်အနေအထားတွင်ရှိကြောင်း တီကေ အုတ်လုပ်ငန်းမှ အုတ်သူကြီးဦးကျော်တင့်က ပြောသည်။

News 

Ve Ve စက်ရုံလုပ်သားများ လုပ်ငန်းလိုအပ်ချက် တောင်းဆို

မန္တလေး စက်မှုပန်းခြံလမ်းရှိ Ve Ve အချိုရည်စက်ရုံမှ လုပ်သားများ လုပ်ငန်းလိုအပ်ချက်များနှင့် အခြေခံလုပ်ခလစာများအတွက် ယခုလ ၂၂ ရက်နေ့ နံနက် ပိုင်းမှ စတင်တောင်းဆိုကြရာလုပ်ငန်း တွင် အသက်မပြည့်သေးသည့် ကလေး များလည်းပါဝင်ကြောင်း သိရသည်။

News 

နှုတ်ခမ်းမွှေးပါပါလေး လူရွှင်တော်အဖွဲ့တွင် အနုပညာအမွေ ဆက်ခံရန် မျိုးဆက်သစ်
မရှိတော့ဟုဆို

နိုင်ငံရေး နောက်ခံပြက်လုံးများဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ထင်ရှားသော မန္တလေးမြို့မှ နှုတ်ခမ်းမွှေးပါပါ လေး လူရွှင်တော် အဖွဲ့မှာ ၎င်းတို့အနုပညာကို အမွေဆက်ပေးရမည့် ရင်းချာ မျိုးဆက်သစ် မရှိ တော့ဘဲ ၎င်းတို့မှာ နောက်ဆုံးအဖွဲ့သာဖြစ်ကြောင်း ပြောသည်။

News 

မြစ်သားဒေသခံမှ ဆန္ဒဖော်ထုတ်မှု လွှတ်တော် ကိုယ်စားလှယ်မသိဟုဆို

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ အနီး ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ထားသော စမာရေလွှဲဆည်နှင့် ပန်းလောင်တံတား အနီးရှိ သဲထုတ် ရေတံခါး ဖျက်သိမ်းပေးရန်ဆန္ဒဖော် ထုတ်တောင်းဆိုရေးအတွက် သက်ဆိုင်ရာသို့ လျှောက်ထားခြင်းကို တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်က မသိရှိပါကြောင်း ပြောသည်။

News 

ဆေးကျောင်းသား၊ ကျောင်းသူများ နွမ်းပါးလူနာများကိုလစဉ်ငွေလှူဒါန်းမည်

မန္တလေး ဆေးတက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူများစုပေါင်းကာ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူ နေကြသော နွမ်းပါးလူနာ များအား လစဉ် ငွေကြေးထောက်ပံ့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

News 

ပြုပြင်ဖန်တီးနေနိုင်မယ့် နှစ်ထပ်တိုက်

ဒီတစ်ပတ်တော့ ကိုယ့်စိတ်ကြိုက် အဆင်ပြေသလို အရောင်၊ အခန်းနဲ့ အပြင်အဆင်တွေကို ပြုပြင်ပြီးနေနိုင်မယ့် ပြည်ကြီးတံခွန် မြို့နယ်ထဲက နှစ်ထပ်တိုက် လေးကို စိတ်ကြိုက်အိမ် အဖြစ် ရွေးချယ်ထားပါတယ်။

News 

မြေကွက်လွတ် ကိုင်ထားသူတွေ မျက်ခုံးလှုပ်လာရတဲ့အိမ်ခြံမြေ

အမြင့်ဈေးနှုန်းမှာ ကာလကြာငြိမ်နေ ခဲ့တဲ့ မန္တလေးအိမ်ခြံမြေ ဈေးကွက် မှာ လူနေကျဲပါးသေးတဲ့ မြို့ကွက်သစ် အပိုင်းတွေမှာ မြေကွက်လွတ် တွေကို များများ ကိုင်ထားသူတွေဟာ ဒီလအတွင်း မျက်ခုံး လှုပ်စရာ အနေအထားကို ရင်ဆိုင်နေရ တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေက ပြောပါတယ်။

News 

သစ်ခွပန်းဖြင့် အိမ်တွင်းအလှဆင်မှုကို ပိုမိုစိတ်ဝင်စားလာ

မြန်မာနိုင်ငံတွင် အိမ်တွင်းအလှဆင် လုပ်ငန်းများသည် သစ်ခွပန်းနှင့် အလှဆင်ခြင်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစိတ်ဝင်စားလာပြီး သစ်ခွ ပန်း သက်ရှည်မျိုးမှာ လူကြိုက်အများဆုံးဖြစ်ကြောင်း ပြင်ဦးလွင်ရှိ သစ်ခွစိုက်ပျိုးရေးခြံလုပ် ကိုင်သူများက ပြောသည်။

News 

ကွန်ပျူတာ တပ်ဆင်မှု ပြိုင်ပွဲ စစ်ကိုင်းတွင် ကျင်းပမည်

ပထမဆု ကျပ်နှစ်သိန်းခွဲ ဆုအပါအ၀င် ဆု ငါးခု ချီးမြှင့်မည်ဖြစ်သည့် အကောင်း ဆုံး ကွန်ပျူတာတပ်ဆင်မှု ပြိုင်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် ဩဂုတ် ၅ ရက်နေ့တွင် ကျင်းပ ပြုလုပ် မည် ဖြစ်သည်။

News 

ပုလဲ ပရဟိတ ဖောင်ဒေးရှင်း ရုံးခန်းသစ် ဖွင့်ပွဲကျင်းပ

ပုလဲ ပရဟိတဖောင်ဒေးရှင်း(ရုံးခွဲ) ပြင်ဦးလွင် နှစ်ပတ်လည် အခမ်းအနားနှင့် ဇီးပင်ကြီး ခုတင် ၅၀ ဆံ့ဆေးရုံတွင် လိုအပ်လျက်ရှိသည့် ဆေး ပဒေသာပင်၊ လေအေးစက်လှူဒါန်းပွဲကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည်။

News 

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများကို အသင်းဝင်ကတ် ပြုလုပ်ရန်နှိုးဆော်

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းကို ပြီးခဲ့သောဇူလိုင်လက ရန်ကုန်မြို့တွင် ဖွဲ့စည်း လိုက်ပြီဖြစ်ရာ မန္တလေးမြို့တွင်းမှ အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်းများနှင့် အခြားအကျိုး ဆောင်များသည် မန္တလေးတိုင်းဒေသကြီး အသင်းရုံးခွဲတွင် အသင်းဝင်ကတ်များ ပြု လုပ် နိုင်ကြောင်း ဇူလိုင်လ နောက်ဆုံးပတ်က အသိပေးကြေညာထားသည်။

News 

တမုတ်ရှင်ပင်ရွှေဂူကြီးဘုရား ဖန်အုပ်ဆောင်း အမိုးဒီဇိုင်း ပြောင်းလဲရန်စီစဉ်လျက်ရှိ

ကျောက်ဆည်မြို့၏ အနောက်ဘက် ခြောက်မိုင်အကွာရှိ ပုဂံခေတ် တမုတ်ရှင် ပင်ရွှေဂူကြီး ဘုရားအား ရေ ရှည်တည် တံ့စေရန်နှင့် အဝေးမှ ဖူးမျှော်နိုင်စေရန် သံမဏိ အမာခံ ဖန်အုပ်ဆောင်းဒီဇိုင်း အစား ဒီဇိုင်း အသစ်ဖြင့် ပြန်လည် ဆောက်လုပ်သွားရန် စီစဉ် ထားကြောင်း ရွှေဂူ ပရဟိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ က မိန့်ကြား သည်။

News 

ကြယ်ဖြူဆေးခန်းများ ထပ်မံဖွင့်လှစ်သွားမည်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အခမဲ့ဆေးကုသနိုင်သော ကြယ်ဖြူဆေးခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြယ်ဖြူဆေးခန်းကို ဦးစီးလုပ်ကိုင်နေသော ကိုထွန်းထွန်းဝင်းက ယခုလ ၂၈ ရက်နေ့က ပြောသည်။

News 

မဟာအောင်မြေမြို့နယ် လွှတ်တော် ကိုယ်စားလှယ်မှ ၀န်ကြီးချုပ်နှင့်တွေ့ဆုံပြီး ဒေသလိုအပ်
ချက်များ တောင်းဆိုသွားမည်

မန္တလေးတိုင်းဒေသကြီး မဟာအောင် မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် (အင်န်အယ်လ်ဒီ ပါတီ)က ဒေသ လိုအပ်ချက်များအတွက် ၀န်ကြီးချုပ်နှင့် တွေ့ဆုံနိုင်ရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

News 

မီးရထားစက်ခေါင်းမောင်း ၀န်ထမ်း ၄၄ ဦးအား တာဝန်မှ ရပ်ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး မိုးညှင်းမြို့နယ် တွင် စက်ခေါင်းမောင်းဝန်ထမ်း ၄၄ ဦး အား ဇူလိုင်လ ၁၉ ရက်နေ့မှစပြီး တာဝန်မှ ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း မိုးညှင်း စက်ခေါင်းရုံးထံမှ စုံစမ်းသိရှိရသည်။

News 

ဆေးကုရမှာ ကြောက်တဲ့ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံ ထက်က သံသယမုန်တိုင်း

သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး တစ်ယောက်အဖြစ် တာဝန်ထမ်း ဆောင် ရင်း၊ ဆေးကျောင်းသားတွေကို စာသင်ပေးရင်း လက်တွေ့ ဘ၀ ထဲမှာရင်ကို ရိုက်ခတ်ခံစားလာရတဲ့ အဖြစ်အပျက် တွေ၊ လူနာတွေရဲ့ တကယ့်ဘ၀ထဲက အဖြစ်အပျက်တွေကို စာဖတ်သူရဲ့ အာရုံမှာ ငြိသွား အောင်ရေးတတ်တဲ့ ဒေါက်တာ စိုးလွင်ရဲ့ စာအုပ်သစ်ဖြစ်ပါ တယ်။News