လက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် ပူးတွဲသရေများသော်လည်း ပရိသတ်များ စိတ်ကျေနပ်ခဲ့ကြ
ရွှေခါးပတ် ချန်ပီယံ ၀င်းထွန်း(လယ်/ ဆည်)နှင့် စောရန်ပိုင်၊ သားသား နှင့် သပြေညိုတို့၏ လက်ဝှေ့ အထူးစိန်ခေါ် ပွဲများအပါအ၀င် ပွဲစဉ် ၁၀ ပွဲ ပါဝင်သည့်
မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွင် ပူးတွဲသရေပွဲ များခဲ့သော်လည်း လက်ဝှေ့ဝါသနာရှင် များ စိတ်ကြိုက်တွေ့ခဲ့သည့် ပွဲကောင်းများ ဖြစ် ကြောင်း သိရသည်။
ရွှေဆိုင်းလေလံအောင်ထားသူများ ရွှေဈေးတက်မည်ကို စိုးရိမ်
မန္တလေးမြို့ မျက်ပါးရပ်တစ်နေရာတည်း တွင်သာ လုပ်ကိုင်လျက်ရှိ သော ရွှေဆိုင်း လုပ်ငန်းများသည် ရွှေဈေးကျသည့်
အချိန် ဘုရားများ တွင် တစ်လစာချုပ်ဖြင့် လေလံအောင်ထားသည်ဖြစ်ရာ ရွှေဈေး ထပ် တက်မည်ကို စိုးရိမ်လျက်ရှိကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် သတ်မှတ် မြေနေရာအဆင်မပြေပါက စီမံချက် ဖျက်သိမ်းမည်
မန္တလေးမြို့တော်မှ ၁၀ မိုင်ခန့် အကွာ
ရှိ အင်းဝရှေးဟောင်းနယ်မြေ အနီးတွင် မြို့တော်သစ် တည်ထောင် မည်ဖြစ်သည့်
အတွက် မြေနေရာ သတ်မှတ်ထားရာ အဆိုပါ မြေနေရာမှာ မူလပိုင်ရှင်များနှင့် ညှိနှိုင်းမှုများ အဆင်မပြေပါက စီမံကိန်းကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း
အဆိုပါ စီမံကိန်းကို အဓိက တာဝန်ယူ
ဆောင်ရွက်နေသော စီဘီဘဏ် ဥက္ကဋ္ဌ
ဦးခင်မောင်အေးက ယခုလ ၄ ရက်နေ့က
ပြောသည်။
ဆောက်လုပ်ဆဲ အားကစားကွင်းသစ်အနီးတွင် မြို့ပြစီမံကိန်းတစ်ခုဖော်ဆောင်
မန္တလေးမြို့တွင် ဆောက်လုပ်နေဆဲ ဖြစ်
သည့် နိုင်ငံတကာအဆင့်မီ အားကစား
ကွင်းသစ်ကြီးကို ထောက်ကူ ပံ့ပိုးမှု ပေးနိုင်ရန် ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်တွင်
"မင်္ဂလာ မန္တလေး" အမည်ရှိ မြို့ပြ စီမံကိန်း
တစ်ခုကို ဩဂုတ်လ ၁ ရက်နေ့ မှ စတင်
အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း သိရသည်။
စားဖိုချောင်စားကုန်များ ရောင်းအားထက်ဝက်ခန့် ကျ
စားဖိုဆောင်သီးနှံများ ယခုနှစ်တွင်ဈေးနှုန်းပုံမှန်ရှိသော်လည်း နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်ပတင်ပို့မှုအတွက် စောင့်ကြည့် အနေ အထားတွင်ရှိနေပြီး ရောင်းအားမှာ ထက် ၀က်ခန့် ကျဆင်းလျက်ရှိကြောင်း ပွဲရုံ လုပ်ငန်းရှင်များက ပြောသည်။
ထိုင်းနိုင်ငံသား ၉၂ ဦးကို တရားမ၀င် ၀င်ရောက်မှုဖြင့်ထောင်ဒဏ်ချမှတ်
မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်ကြသည့် ထိုင်းနိုင်ငံသား ၁၀၀ ခန့်ကို ထောင်ဒဏ်သုံးနှစ်ခွဲစီကျခံစေရန် သက်ဆိုင် ရာတရားရုံးက အမိန့်ချ မှတ်ခဲ့ကြောင်း မြန်မာအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ဇူလိုင်လ ၂၅ ရက်နေ့က ပြောသည်။
ပွဲကခွင့် ပြန်ပေးပါက ပီတိဖြစ်မိမည်ဟု လူရွှင်တော်ပါပါလေး ပြောကြား
တရားဝင်ပွဲကခွင့်မရဘဲ ပွဲမိန့်ပိတ်ခံထားရသည်မှာ ဆယ်နှစ်ကျော်ရှိပြီ ဖြစ်သည့် မန္တလေးမြို့မှ လူရွှင်တော် ပါပါလေးအဖွဲ့မှာ ယခုအချိန်တွင် ပွဲကခွင့်ပြန်ရခဲ့ပါက ပီတိဖြစ်မိမည်ဖြစ်ကြောင်း ယခုလပထမပတ်တွင် ပြောသည်။
ကုလားပဲ ဈေးမြင့်ကာ အရောင်းအေး
ကုလားပဲဈေးကွက်မှာ ဩဂုတ်လဆန်းပိုင်းတွင် လက်ကျန်နည်းနေသဖြင့် ဈေးနှုန်းမြင့်တက်နေပြီး အရောင်းအ၀ယ်လည်း အေးနေ ကြောင်း သိရသည်။ ဩဂုတ်လ ၇ ရက်နေ့က ထိုင်ဝမ် တစ်အိတ်လျှင် ကျပ် ၆၇,၅၀၀ နှင့် ဘီတူး တစ်အိတ်လျှင် ကျပ် ၆၉,၀၀၀ ထိ ပေါက် ဈေးရှိကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် သကြား စက်ရုံကြီး တည်ဆောက်မည်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတစ်ရက်ကို ကြိတ်ဝါးတန်ချိန် ၄,၀၀၀ မှ ကျပ် ၆,၀၀၀ အတွင်းရှိမည့် သကြားစက်ကြီးကို မြန်မာ့ သကြားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီက တည်ဆောက်မည်ဖြစ်ကြောင်း ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး က ပြော သည်။
ဆောက်လုပ်ရေးပစ္စည်း ယှဉ်ပြိုင်မှုအားကောင်းရန် တာစူနေ
ဆောက်လုပ်ရေးပစ္စည်း အရောင်းအ၀ယ်ဈေးကွက်တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်လာပါက ၀ယ်ယူ သုံးစွဲသူများအတွက် ရွေးချယ်ရန် အခွင့်အလမ်းများ ပိုများလာပြီး ဈေးကွက်၌မူ
ယှဉ်ပြိုင်မှုအား ပိုကောင်းလာ နိုင်ကြောင်း သစ္စာစေတနာ ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ရေးမှ ဦးမျိုးကျော်လွင်က ပြောသည်။
မန္တလေး ကားဈေးကွက်အေးပြီး တံဆိပ်တုများ တပ်ဆင်ကာ လိမ်လည် ရောင်းဝယ်လျက်ရှိ
မန္တလေးကားဈေးကွက်တွင် အရောင်း အ၀ယ်များ အေးလျက်ရှိပြီး ကားပွဲစား အများစုမှာ ကားမော်ဒယ် အသစ်နှင့် အဟောင်းများကို တံဆိပ်အတုများ တပ်ဆင်ကာဈေးမြှင့်ပြီး လိမ်လည် ရောင်းချမှုများရှိနေကြောင်း ကားဝိုင်းရှိ ကားပွဲစားများနှင့် ၀ယ်ရောင်းလုပ်သူ များက မြန်မာတိုင်း(မ်)ကို ပြောသည်။
နှမ်းအသွက်ဆုံး ရောင်းချနေရ
ယခုရက်သတ္တပတ်အတွင်း မန္တလေး ကုန်စည်ဒိုင်တွင် နှမ်းမှာ အရောင်းအသွက်ဆုံးဖြစ်နေပြီး ဈေးနှုန်းမှာလည်း ယမန်နှစ်ကထက် မြင့်တက်နေကြောင်း ဈေးကွက်သတင်းများအရ သိရသည်။
'တို့ရင်ထဲက မန္တလေး' ဆုရဓာတ်ပုံများ တစ်ရက်တာပြသ
Naing Group Construction က ကြီးမှူးကျင်းပသော 'တို့ရင်ထဲက မန္တလေး' ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့သည့်
ပုံများထဲမှ ဆုရဓာတ်ပုံများကို တစ်နေ့တာအဖြစ် ဟိုတယ်မန္တလေး စပယ်ဖြူ
ခန်းမတွင် ယခုလ ၄ ရက် နေ့က ပြသခဲ့သည်။
အရက်ချက်စက်ရုံများမှ ၀ယ်လိုအားမြင့်တက်မှုကြောင့် ဈေးကွက်အတွင်း၌ တင်လဲရည်ဈေးမြင့် တက်လာ
ယခုရက်သတ္တပတ်အတွင်း အရက် ချက်စက်ရုံများ၏ ၀ယ်လိုအားမြင့်တက် လာမှုကြောင့် သကြားစက်ရုံများ၏ ဘေး ထွက်ကုန်ပစ္စည်း တစ်မျိုးဖြစ်သည့် တင်လဲရည်ဈေးနှုန်းများ မြင့်မားလာ ကြောင်း သကြားထုတ်လုပ်ရောင်းချသူ များက မြန်မာတိုင်း(မ်)ကို ပြောသည်။
အမောင်းသင်လိုင်စင် အသက်ကန့်သတ်ချက်ကို တစ်နှစ် လျှော့ချ
ယာဉ်မောင်းလိုင်စင် တစ်ခုရရှိနိုင်ရေးအတွက် စတင်သင်ကြား မောင်း နှင်နိုင်ရန် လျှောက်ထားနိုင်သည့် အမောင်းသင်
လိုင်စင်အတွက် အသက်ကန့်သတ်ချက်ကို ၁၇ နှစ်မှ ၁၆ နှစ်သို့ တစ်နှစ်လျှော့ချ
သတ်မှတ်ပေး သွားမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
တောင်ပြုန်းပွဲတော် နန်းကြီးအတွင်း လုံခြုံရေးကင်မရာများ တပ်ဆင်မည်
မြန်မာနိုင်ငံ၏ ကျော်ကြားသော ပွဲတော်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သည့် တောင်ပြုန်းပွဲတော်ကြီးတွင် ယခုနှစ် မှစ၍ နန်းကြီးအတွင်း လုံခြုံရေး (စီစီတီဗီ)
ကင်မရာများ တပ်ဆင်ထားရှိသွားမည်
ဖြစ်ကြောင်သိရသည်။
ခြံဝင်းကျယ်တဲ့ ပြင်ဦးလွင်ကတစ်ထပ်တိုက်
ဒီတစ်ပတ်တော့ ခြံဝင်းကျယ်ကျယ်နဲ့ သစ်ပင်ပန်းမန်စိုက်ပျိုးပြီး နေ ထိုင်လိုသူ တွေနဲ့ အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ လိုသူတွေ အတွက် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်က တစ်ထပ်တိုက်လေးကို စိတ်ကြိုက် အိမ်အဖြစ် ရွေးချယ်ထားပါတယ်။
ဈေးကွက်ပြန်လှုပ်မယ့်အချိန်ကို မှန်းဆရခက်နေတဲ့ မြို့ကွက်သစ်အိမ်ခြံမြေ
အရောင်းအ၀ယ် ငြိမ်နေတဲ့အပြင် ဈေး ကွက်ပေါက်ဈေးကပါ အကျဘက် ကို ယိမ်းလာခဲ့တဲ့၊ လူနေကျဲပါးတဲ့ မြို့ကွက်သစ်အိမ်ခြံမြေ အကွက်အ ကွင်းမှာ အရင်အတိုင်း ဈေးကွက်ပြန်လှုပ်ဖို့ဆို တာ အချိန်ကာလ မှန်းဆလို့ မရတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် တွေ က ပြောပါ
တယ်။
ချင်းမိုင်... သို့မဟုတ်... မြောက်ပိုင်းနှင်းဆီိ
စာတမ်းအသေးစားလေး လုပ်ဖို့ရာ အတွက် ကျွန်တော် တစ်ခေါက်သာ ရောက်ဖူးသော ချင်းမိုင်မြို့ကို ရွေးချယ် ခဲ့တယ်။ ကျွန်တော့ရဲ့ သင်တန်းဖော်များ ကတော့ အာဆီယံဒေသတွင်းရှိ အခြားသော အရပ်ဒေသများကို ရွေးချယ်ချိန်မှာ ကျွန်တော်က ဒီမြို့ကလေးကို ရွေးချယ်ခဲ့တာ မှန်ပါတယ်။
ဒိုင်းမွန်းပလာဇာ၌ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်အတွက် စိတ်ချရအောင်စီမံထားဟုဆို
ယခုလ ၁၅ ရက်နေ့တွင် အထူးဖျော်ဖြေပွဲ အစီအစဉ်များဖြင့် အပြီးသတ် စတင်ဖွင့်လှစ်
သွားမည့် ၇၈ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ
ရတနာပုံ ဒိုင်းမွန်းပလာဇာ၌ လုံခြုံရေးနှင့်
မီးဘေးအန္တရာယ်အတွက် စိတ်ချရသော
အနေအထားဖြင့် စီမံထားရှိထားကြောင်း တာဝန်ရှိသူများက ပြောသည်။
နောက်ကျချေပဂိုးကြောင့် ရတနာပုံအသင်း ရမှတ်ပြတ်ဖြင့် ဦးဆောင်ခွင့် ဆုံးရှုံး
၂၀၁၂ ခုနှစ်၊ MNL အမှတ်ပေး ဘောလုံး
ပြိုင်ပွဲ ပွဲစဉ် (၂၂) အဖြစ် ဇယားထိပ်ဆုံး
တွင်ရှိနေသော ရတနာပုံ အသင်းနှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ မန္တလေးမြို့ ဗထူးကွင်းတွင် ယခုလ ၅ ရက်
နေ့က ယှဉ်ပြိုင် ကစားခဲ့ကြရာ တစ်ဖက်
တစ်ဂိုးစီဖြင့် သရေကျသွားခဲ့သည်။
ကချင်စစ်ပြေးဒုက္ခသည်များအတွက် ပထမဆုံး ကျပ်သိန်း ၂၀၀ လှူဒါန်း
နာရေးကူညီမှုအသင်းက ကေအိုင်အို ထိန်းချုပ်ရာဒေသရှိ ကချင်စစ်ပြေးဒုက္ခ သည်များအတွက် ကျပ်သိန်း ၂၀၀ ကို ဇူလိုင် ၂၉ ရက်က ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှတစ်ဆင့် လှူဒါန်းခဲ့သည်။
တက္ကသိုလ်ပညာရေး စာသင်နှစ်တစ်နှစ် တိုးသော်လည်း အရည်အသွေးပါ တိုးရန်လိုအပ်
ယခု ၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင် ခါ တက္ကသိုလ်များ၏ ပညာသင်နှစ်ကို တစ်နှစ်တိုးချဲ့လိုက်ရာ တက္ကသိုလ် စာသင်နှစ်တွင် ဘွဲ့ရရှိရန် အနည်းဆုံး သုံးနှစ်တက်ခဲ့ရရာမှ ယခုအခါ အနည်း ဆုံး လေးနှစ်တက်ရမည် ဖြစ်သည်။
လိုင်ဇာစစ်ဘေးသင့် ပြည်သူများအား ငွေနှင့်ဆေးဝါးများ သွားရောက်လှူဒါန်း
ကချင်ပြည်နယ် လိုင်ဇာမြို့၊ မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်း(စစ်ဘေးရှောင်စခန်း)ခြောက်ခုတို့တွင် ခိုလှုံနေကြသောစစ်ဘေး သင့် တိုင်းရင်းသား နှစ်သောင်းခန့်တို့အား မန္တလေးမြို့မှ 'နှောင်းကြိုးမဲ့ လူမှုဘ၀တိုးတက်မှု ကူညီရေးကွန်ရက်' က ယခုဩဂုတ် လ ဆန်းတွင် ဆေးဝါးကုသပေးပြီး ငွေသားကျပ်သိန်း ၁၂၀ ခန့် အပါအ၀င် လှူဖွယ်ပစ္စည်း ကျပ်သိန်း၂၀၀ ဖိုးခန့်တို့ကို သွားရောက် လှူဒါန်း လျက်ရှိကြောင်း သိရသည်။
ရွှေမုဆိုး
'ကချင် ပြည်နယ်မှ စစ်ပွဲများ၊ ပြဿနာ များ ပြေလည်ငြိမ်းချမ်းစေရန် တစ်စိတ် တစ်ဒေသ ဖြစ်ပါစေခြင်းငှာ၊ ဤ၀တ္ထု အား ရေးဖွဲ့ပါသည်'လို့ ဆိုထားတဲ့ စာရေး
ဆရာမာန်(တောင်လုံးပြန်)ရဲ့ လုံးချင်း
ဝတ္ထုသစ် ဖြစ်ပါတယ်။
