ကေအိုင်အိုခွဲထွက်ငြိမ်းချမ်းရေးအဖွဲ့က ၀ယ်ယူထားသည်ဆိုသည့် မြေ၌ ကျူးကျော်နေထိုင်သူ ၂,၀၀၀ ကျော်ကို စတင်၍ ဖယ်ရှားလျက်ရှိ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်
မြရည်နန္ဒာရပ်ကွက် ကွင်းအမှတ် (၅၃၇)
ရှိ မြေဧက ၁၅ဧကပေါ်တွင် ကျူးကျော်နေထိုင်လျက် ရှိသူ လူဦး ရေ ၂,၀၀၀
ကျော်ကို ဩဂုတ်လ ၂၁ ရက်မနက်ပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖယ်ရှားခဲ့သည်။
မန္တလေးတွင် ဘာသာခြားဆရာတော်များ ပူးပေါင်း၍ ပရဟိတဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် နေ
ဘာသာခြား ဆရာတော်များပူးပေါင်း၍ သံယာတော်များနှင့် ပြည်သူများအတွက် ပရဟိတဆေးကုခန်း ဖွင့်လှစ်၍ အခမဲ့ကုသပေးနေပြီ ဖြစ်ကြောင်း အဆိုပါ ဆေးခန်းမှ ဒု ဥက္ကဋ္ဌ ဦးသန့်ဇော်က ပြောသည်။
တောင်ပြုန်း ...တောင်ပြုန်း ...ပွဲရတောင်ပြုန်း
ရွှေရောင်ဝင်းလက်တဲ့ နန်းဆောင်ထဲမှာ
မိတ်ကပ်အဖွေးသား နတ်ဝတ် နတ်စား
ခေါင်းပေါင်းအပြည့်အစုံနဲ့ ပ၀ါနှစ်စ
ဘယ်ညာချကာ နတ်ဒိုး အလိုက် စည်း
ချက်ညီ ကခုန်နေတဲ့ နတ်ကတော်
တစ်ဦး။
သူ့လက် နှစ်ဘက် ထဲမှာ ကြက်ရုပ်ငယ် နဲ့ ငွေဖလားငယ်တစ်လုံးကို ကိုင်မြောက်
ကာ ကကွက်အမျိုးမျိုးနဲ့ ကိုကြီးကျော် ကြက်တိုက် ဖို့ပြင်နေလေရဲ့။
ကားပါမစ်ဈေးမြင့်လာ၍ မော်ဒယ်နိမ့်ကားများ ဈေးမြင့်လာ
မန္တလေးကားဈေးကွက်တွင် ကားပါမစ်များ ဈေးမြင့်တက်သွားသောကြောင့်
မော်ဒယ်နိမ့် ကားဈေးနှုန်းများ မှာ လည်း
တက်ရိပ်ပြနေ ကြောင်း ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိကားပွဲစားတစ်ဦးကမြန်မာတိုင်း(မ်) ကို ပြောသည်။
အင်းဝရှိရှေးဟောင်း ဘုရား၊ စေတီများ ပြုပြင်ထိန်းသိမ်းနိုင်ရန် အလှူငွေ ကျပ် သိန်း ၁,၀၀၀ ခန့်လိုအပ်နေသေး
အင်းဝရှိရှေးဟောင်း ဘုရား၊ ပုထိုး၊ အဆောက်အအုံများ ပြုပြင်ထိန်း သိမ်းနိုင်ရန် အလှူငွေ ကျပ်သိန်း ၁,၀၀၀ ခန့်
လိုအပ်နေပြီး လက်ရှိတွင် ရှေးဟောင်းဘုရားစေတီပေါင်း ၄၀ကျော်သာ ထိန်းသိမ်းနိုင်သေးကြောင်း ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူတစ်ဦးက မြန်မာ တိုင်း(မ်) ကို ပြောသည်။
သွေးလှူရှင်များအတွက် ဘီပိုးကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် အလှူရှင်များ လိုအပ်လျက်ရှိ
မန္တလေး ဗဟိုအမျိုးသား သွေးလှူဘဏ်တွင် လာရောက်သွေးလှူကြသူ များအား
အသည်းရောင်ဘီပိုး ကာကွယ် ဆေးထိုး
ပေးနိုင်ရန် အလှူရှင် များ လိုအပ်လျက်ရှိကြောင်း သွေးလှူဘဏ် တာဝန်ရှိသူများထံမှ သိရသည်။
မန္တလေးတွင် ဩဂုတ်လအတွင်း ဂျပန် ရုပ်ရှင်ပွဲတော် ကျင်းပမည်
မြန်မာနှင့် ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ဩဂုတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဂျပန်သံရုံးရှိ Information and Culture Section မှ တာဝန်ရှိသူတစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။
ကျားထိန်းသိမ်းရေးနယ်မြေတွင် စစ်ပွဲများဖြစ်ပွားနေမှုက ကျားများ၏ ရပ်တည်မှုကို ခြိမ်းခြောက် လာလျက်ရှိနေ
ကမ္ဘာ့အကြီးဆုံး ကြောင်မျိုးနွယ်စုဝင် များဖြစ်ကြပြီး မျိုးတုံးပျောက်ကွယ် တော့
မည့်စာရင်းဝင် မြန်မာ့ကျားများ ကို ထိန်းသိမ်းထား ရာနယ်မြေတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်က ကျားများ၏ အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်နေသည်ဟု ပညာရှင်များက ပြောကြားသည်။
အင်းလေးကန်အတွင်းတွင် ငါးမဖမ်းရဇုန်နေရာများကို သတ်မှတ်သွားရန်ရှိ
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေချိုကန်ဖြစ်သော အင်းလေးကန် ရေရှည်
တည်တံ့နိုင်စေရန် ကန်အတွင်း ငါးမဖမ်း
ရဇုန်နှစ်နေရာ သတ် မှတ်ဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ညောင်ရွှေ မို့နယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများ
အသင်းမှ ဦးနေမျိုးရွှေက ပြောသည်။
မန်းနှင့်ကွန်ဒိုယဉ်ကျေးမှု နှစ်အနည်းငယ်အတွင်း အသားကျလာနိုင်
ယခုနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းအချို့မှာ မန္တလေးမြို့၌ကွန်ဒို မီနီယမ်များ စတင်ဆောက်လုပ်ရန် ပြင် ဆင်လျက်ရှိကြပြီး သိပ်မကြာခင် အချိန်အတွင်း မန္တလေးနှင့် ကွန်ဒိုယဉ်ကျေးမှု နေသားတကျဖြစ်လာ လိမ့်မည် ဟု မျှော်လင့်လျက်ရှိကြသည်။
မိသားစု နည်းနည်းနဲ့ မြို့လယ်ကောင်မှာနေနိုင်မယ့် ပြင်ဦးလွင်က လုံးချင်းတစ်ထပ်တိုက်
ဒီတစ်ပတ်မှာတော့ စိတ်ကူးယဉ်ဆန်ဆန် တစ်ထပ်အိမ်လေးနဲ့ ပြင်ဦးလွင် ဘက်မှာ နေချင်သူတွေအတွက် ပြင်ဦးလွင်-မန္တလေး လမ်းမပေါ်မှာ ရှိတဲ့ တစ်ထပ်တိုက်လေးကို ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။
အခွန်နှုန်းတိုးပြီးနောက်ပိုင်း အပြောင်းအလဲမရှိတဲ့အိမ်ခြံမြေ
ဒီလ ဒုတိယပတ်ကစပြီး အိမ်ခြံမြေ ၀ယ်ယူတဲ့အပေါ်မှာ ကောက်ခံတဲ့ အခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအဖြစ် ပြန်လည် တိုးမြှင့် ကောက်ခံဖို့ သတ်မှတ်ခဲ့ပေမယ့် အိမ်ခြံ မြေဈေးကွက်ကတော့ အခုအချိန် အထိ ထူးခြားတဲ့အပြောင်းအလဲမရှိသေး ဘူး လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
အင်းလေးကန်ရေရှည်တည်တံ့စေရေးအတွက် ပထမဦးစားပေးအဖြစ် ကလောချောင်းကို ပြုပြင်ထိန်းသိမ်းသွားမည်
အင်းလေးကန်ရေရှည် သာယာလှပ ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(ယူအင်န်ဒီပီ)မှ ဒေသခံများ နှင့် ပူးပေါင်းဆောင်ရွက် သွား မည်ဖြစ်ရာ အင်းလေးကန်အတွင်း စီးဝင်နေသော ချောင်းများအနက် ကလော ချောင်းကို
ပထမဦးစားပေး ထိန်းသိမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း (ယူအင်န်ဒီပီ) ရုံး တာဝန်ရှိသူများထံမှ သိရသည်။
နိုဘယ်ဆုရှင်များနှင့် တွေ့ခွင့်ရမည့် ခရီးစဉ်တွင် မြန်မာလူငယ်များပါဝင်
Asian Science Camp 2012 အတွက် မြန်မာလူငယ် ခုနစ်ဦးသည် အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့ ဟီဗရူး တက္ကသိုလ်၊ အတ်တမွန် ဂျေဆာဖရီတွင် လေ့လာရန် ရွေးချယ်ခံခဲ့ရသည်။
ရတနာပုံ ဒိုင်းမွန်းပလာဇာ ယခုလ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီဖြစ်
မန္တလေးမြို့တွင် အကြီးဆုံးဈေးဝယ် စင်တာ
တစ်ခုဖြစ်သည့် ရတနာပုံ ဒိုင်းမွန်း ပလာဇာကို
ယခုလ ၁၅ ရက်နေ့ တွင် အခမ်းအနားဖြင့်
စတင် ဖွင့်လှစ်ခဲ့ပြီးဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေး ပရိသတ်များ ကျေနပ်ခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး
ကျင်းပသော မြန်မာနေရှင်နယ်လိဂ် ၂၀၁၂ အမှတ်ပေးပြိုင်ပွဲ ဒုတိယ ပွဲစဉ်အဖြစ် ဗထူး အား ကစားကွင်းတွင် အိမ်ရှင်ရတနာပုံအသင်းနှင့် အိမ်နီးချင်း
ဇေယျာရွှေ မြေအသင်းတို့ ယခုလ ၁၈
ရက်နေ့က ယှဉ်ပြိုင်ကစားကြရာ ရတနာပုံအသင်းက ဇေယျာရွှေမြေ
အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့၍ အိမ်ကွင်းပရိသတ်များ ကျေနပ်ခဲ့သည့် ပွဲတစ်ပွဲဖြစ် ခဲ့သည်။
စင်ကာပူအစိုးရပညာသင်ဆု မြန်မာကျောင်းသူနှစ်ဦးရရှိ
မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသူ နှစ်ဦးမှာ စင်ကာပူနိုင်ငံ၊ နန်ယန်းနည်း ပညာတက္ကသိုလ်တွင် လေးနှစ်ကြာ ပညာင်ကြားရန် အတွက် ပညာသင်ဆု ရရှိခဲ့သည်။
ဦးပိန်တံတားပေါ် ဆိုင်ကယ်မစီးဖို့ သတိပေးရန်စီစဉ်
ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင် ရာ နေရာတစ်နေရာအဖြစ် တည်ရှိနေ သော မန္တလေးတိုင်းဒေသကြီး၊ တောင်သမန်အင်း ပေါ်ရှိ နာမည်ကျော် ဦးပိန် တံတားကို ထိန်းသိမ်းနိုင်ရေးအတွက် တံတားပေါ် မှ ဆိုင်ကယ်လုံးဝ ဖြတ်သန်း ခွင့်မပြုရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်းသတိပေး ဆောင် ရွက်သွားမည်ဟု ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ယခုလ ၁၇ ရက်နေ့က ပြောသည်။
အဖြီး
မန္တလေးမြို့ရဲ့ အတိတ်မှာ ကျန်ရစ်ခဲ့တဲ့
အဖြစ်အပျက်တွေထဲက လွမ်း မောဖွယ်၊
ပျော်ရွှင်ဖွယ်၊ ရင်မောဖွယ်အကြောင်း
အရာပေါင်းစုံ ကို ပြန် လည်ထိ တွေ့ခံစား
မိစေမယ့် အက်ဆေးတွေကို တစုတစည်းတည်း စုစည်းထုတ်ဝေထားတဲ့ စာရေး
ဆရာဇော်ခိုင်ဦးရဲ့ စာအုပ်ဖြစ်ပါတယ်။
