အသည်းရောဂါဘီပိုးကာကွယ်ဆေး ရဟန်းသံဃာများအား လှူဒါန်းထိုးနှံပေးခဲ့

မန္တလေးမြို့ရှိ သံဃာအပါး ၉,၀၀၀ ကျော် အား 'ဘီ' ပိုး ကာကွယ် ဆေးကို ထိုင်ဝမ် ဆရာတော် MASTER OF VEN HAI TAO LIFE ORGANIZATION TAIWAN ၏ အကူအညီဖြင့် အခမဲ့ ထိုးပေးခဲ့ကြ ကြောင်း ဒေါက်တာ ဥမ္မာမြင့် က ဆိုသည်။

News 

ထောင်နှင့်ချီသော ကျူးကျော်နေအိမ်များ၊စတင်ဖယ်ရှား

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ချမ်းမြသာစည် မြို့နယ် အတွင်းရှိ ထောင်နှင့်ချီရှိနေသော ကျူး ကျော်နေအိမ်များကို ယခုလ ၁၇ ရက်နေ့ မှ စတင်ကာ ရှင်းလင်းဖယ်ရှား လျက်ရှိ ကြောင်း သိရသည်။

News 

The First Mandalay Lifestyle Ladies Product Expo ပွဲကျင်းပမည်

မန္တလေးမြို့ မြို့တော်ခန်းမတွင်The First Mandalay Lifestyle & Ladies Products Expo ကုန်စည်ပြပွဲကြီးကို အောက်တိုဘာ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ကုန်စည်ပြပွဲကို စီစဉ်သူ C&D Group of Co., Ltd.မှ မန်းနေးဂျင်း ဒါရိုက်တာ ကိုကျော်မင်းထက်က ဆိုသည်။

News 

ဆိုင်ကယ်လိုင်စင်လုပ်ရန် သတ်မှတ်ကာလ ပြည့်ခါနီးလာ သော်လည်း စီးရေများစွာ ဆက်လက်စောင့်ဆိုင်းနေဆဲ

ပြီးခဲ့သော ဇွန်လပထမပတ်မှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များကို လေးလ တာ ကာလသတ်မှတ်၍ လိုင်စင်အသစ်များ ခွင့်ပြုပေးနေရာ သတ်မှတ် ကာလ ပြည့် ရန် နှစ်ပတ်ခန့်အလို၊ ယခုလ တတိယ ပတ်အထိ လိုင်စင် လုပ်ရန် တန်းစီနေ သော ဆိုင်ကယ်စီးရေမှာ များစွာကျန်ရှိ နေသေး ကြောင်း သိရသည်။

News 

မဟာမုနိ ရုပ်ရှင်တော်မြတ်သို့ ခရီးသွား ၀င်ရောက်မှုပိုမိုများပြားလာ

ယခုနှစ်တွင် မန္တလေး မဟာမုနိ ရုပ်ရှင် တော်မြတ်သို့ နိုင်ငံခြားခရီးသွား ၀င် ရောက်မှုမှာ ၅၀ ရာခိုင်နှုန်းခန့် ပိုမိုများပြား လာကြောင်း ဘုရားကြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

News 

တင်ချင်းဆက်အမြွှာကို မြန်မာနိုင်ငံတွင် ပထမဆုံးခွဲစိတ်မည်

ပြီးခဲ့သော ၂၀၁၁ ခုနှစ်၊ မေလအတွင်းက တင်ချင်းဆက်လျက် မွေးဖွား လာခဲ့သော အမြွှာကလေးငယ်နှစ်ဦးကို လာမည့် နိုဝင်ဘာလ တတိယ ပတ်အတွင်း မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် မြန်မာနိုင်ငံ၌ ပထမဆုံး တင်ချင်းဆက်ခွဲစိတ်မှုအဖြစ် လုပ် ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

News 

တံတားဦးစီမံကိန်း ကနဦးအစီအစဉ်အတွက်လိုအပ်ပါကနိုင်ငံခြားပညာရှင်များခေါ်ယူမည်

မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် တံတားဦးစီမံကိန်းအတွက် Master plan ရေးဆွဲရာမှာ လိုအပ်ပါက နိုင်ငံခြား ပညာရှင်များ၏ အကြံဉာဏ်များ တောင်း ခံသွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်း ကြီးကြပ်မှုကော်တီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးမြင့်သန်းက ယခုလ ၁၁ ရက် နေ့က ပြောသည်။

News 

တတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်တွင်အိုးဘိုထောင်မှ အကျဉ်းသား၄၇ ဦးပါဝင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် တွင် မန္တလေးအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၄၇ ဦးပါဝင်ကြောင်း နိုင်ငံ ရေးအကျဉ်းသားများ လူမှုကူညီရေး ကွန်ရက်၏ စာရင်းများအရသိရသည်။

News 

ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်ထွန်းပြီး မီးပုံးပျံလွှတ်

အပြည်ပြည်ဆိုင်ရာ ဒီမို့ရေစီနေ့ အထိမ်းအမှတ်အဖြစ် 'ဗကသ'များ အဖွဲ့ က ဖယောင်းတိုင်မီးထွန်းခြင်းနှင့် မီးပုံးပျံ လွှတ်ခြင်းများကို ယခု လ ၁၅ ရက် ညပိုင်း က မန္တလေးမြို့ ဧရာဝတီမြစ်ဘေး ပေါ်တော်မူ ဘုရားဝင်းအတွင်း ကျင်းပခဲ့ ကြောင်း သိရသည်။

News 

ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိနေ

ဆီစက်လုပ်ငန်းများ ခေတ်မီနည်း ပညာများကို သိရှိပြီး ခေတ်မီ စက် သစ် များဖြင့် ပြောင်းလဲလုပ်ကိုင်နိုင်စေရေး အတွက် ပြည်တွင်း၊ ပြည်ပ လေ့လာရေး များ စေလွှတ်ပေးရန်၊ ပြည်ပမှ နည်း ပညာ မြင့်စက် ပစ္စည်း တင်သွင်းပါက လည်း အကောက်ခွန်လွတ် တင်သွင်း ခွင့်ပြုရန် နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်း အဆင့်မှ အဆင့်မြှင့်တင်သွားနိုင်ရေး အတွက် ချေးငွေများ ထုတ်ချေးပေးရန် စသည်တို့ လိုအပ်နေကြောင်း သိရသည်။

News 

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဓိကဆုံရပ်တစ်ခု ဖြစ်လာရန် ဆောင်ရွက်မည်

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် အား ဒေသတွင်းနိုင်ငံများအကြား လေကြောင်းကုန်စည် စီးဆင်းရာ အဓိက လေဆိပ်ကြီးအဖြစ် ဖြစ်ပေါ်လာစေပြီး လေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာဆုံရပ် တစ်ခုဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဟု လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ယခုလ ၁၁ ရက် နေ့၊ နေပြည်တော် ပို့ဆောင်ရေးဝန်ကြီး ဌာန၌ ကျင်းပ ပြုလုပ်သည့် လေကြောင်း နှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

News 

ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကွန်ကရစ်အုတ်များ ပိုမိုအသုံးပြု

မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း များတွင် စက်ဖြင့်ထုတ်လုပ် ရသော ကွန်ကရစ်အုတ်များ ပိုမိုအသုံးများ လာ ကြောင်း မန္တလေးမြို့ ရှိကွန်ကရစ် စက် အုတ်ရောင်းဝယ်သူများက ပြောသည်။

News 

တံတားဦးဟိုတယ်ဇုန်စီမံကိန်းကိုစတင်အကောင်အထည်ဖော်နေ

မန္တလေးတိုင်းဒေသကြီးတွင် တံတားဦး ဟိုတယ်ဇုန်စီမံကိန်းကို ယခုလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေ ပြီး ထိုစီမံ ကိန်းတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုအတွက် ဧက ၅၈၄ခန့်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် ဧက ၁,၀၃၁ ခန့် ကို ရောင်းချ ငှားရမ်း ပေးသွားမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးကျော်ထွန်းက မြန်မာတိုင်း(မ်)ကို စက်တင်ဘာလ ၁၄ ရက်နေ့က ပြောကြားသည်။

News 

ဈေးနှုန်းချိုသာစွာနဲ့နေချင်တဲ့ မိသားစုနည်းသူတို့အတွက် မဟာမြိုင်ထဲက နှစ်ထပ်အိမ်

ဒီတစ်ပတ်အတွက်တော့ မန္တလေး မြို့ရဲ့ အချက်အချာ နေရာဖြစ်တဲ့ ၆၉ လမ်းမကြီးနဲ့လည်းနီးပြီးတော့ ဈေးနှုန်း သက်သက်သာသာနဲ့ နေချင်တဲ့ မိသားစု နည်းသူတွေအတွက် မဟာမြိုင်ထဲက နှစ်ထပ် အိမ်လေးနဲ့ မိတ်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။

News 

အမေးများပြီး လက်တွေ့နည်းပါးနေတဲ့ မန္တလေးအိမ်ခြံမြေ ဈေးကွက်

၂၀၁၂ ခုနှစ်ရဲ့ နောက်ဆုံးလေးလတာ ကာလကို ရောက်ရှိလာခဲ့ ပေမယ့် မန္တလေးမြို့ရဲ့ လက်ရှိအိမ်ခြံမြေဈေး ကွက်ဟာ ဈေးကွက် အနေအထား၊ ဈေး နှုန်း အနေအထားကို မေးမြန်းစုံစမ်း ကြတာ တွေရှိနေပေမယ့် လက်တွေ့ဝယ် ယူတာတော့ နည်းပါးနေဆဲ ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါ တယ်။

News 

ခရီးသွားလုပ်ငန်းအဆင့် မြင့်လာသည်နှင့်အမျှ ရွှေချည်ထိုးလုပ်ငန်းအဆင့်လည်း မြင့်မား လာနိုင် မည်ဟု မျှော်မှန်း

ယခုနှစ်တွင် ခရီးသွားလုပ်ငန်း အဆင့် မြှင့်တင်လာနိုင်သည်နှင့်အမျှ မြန်မာ့ လက်မှုပညာလုပ်ငန်းဖြစ်သော ရိုးရာ ရွှေချည်ထိုး လုပ်ငန်း မှာလည်း အဆင့် အတန်းများ မြင့်မားလာနိုင်ရန် မျှော်မှန်းကြောင်း အောင်နန်း ချည်ထိုးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။

News 

ဘိုးဘေးဇာတိကို ပြန်ရောက်လာတဲ့ မျိုးကောင်းမျိုးသန့် မြန်မာကြောင်

ကြော့ရှင်းတဲ့သွင်ပြင်၊ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးနဲ့ တစ်ဖက်သားရဲ့စိတ်ကို ကြည်နူးရွှင်ပျစေတဲ့ ဟန်ပန်တွေ သူတို့ တစ်မျိုးလုံး မှာရှိကြတယ်ဆိုတာ အားလုံး က သိထားကြပေမယ့် မြန်မာနိုင်ငံက မျိုးဆက်သစ်ကြောင်တွေမှာ တော့ မြန်မာကြောင် မျိုးကောင်း မျိုးသန့်တွေကို မတွေ့ရတော့သလောက်ပါပဲ။

News 

ပါဂျောင်ရှင်းတမ်း ကျင်းပပြုလုပ်ခဲ့

မန္တလေးမြို့ ဘုရားကြီး အလယ်တိုက်၊ ဒက္ခိဏရာမကျောင်းတိုက်၌ ကျောင်း သား တပ်မတော် မြောက်ပိုင်း ပါဂျောင် ဒေသတွင် ဖမ်းဆီးနှိပ်စက်ခံကြရပြီး အသက်မသေဘဲ လွတ်မြောက်လာသူ များက ပါဂျောင်ရှင်းတမ်းကို ပြုလုပ်ခဲ့ သည်။

News 

လားရှိုးမြို့ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ ပစ္စည်းများပေးအပ်

နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး၊ ပြည်ထောင်စု ဒုတိယ၀န်ကြီးများ၊ ရှမ်းပြည်နယ် ၀န်ကြီး ချုပ်နှင့် ပြည်နယ် ၀န်ကြီးများသည် ယခု လ ၁၄ ရက် ညနေက လားရှိုးမြို့၊ ရပ်ကွက် (၁၂)ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် ရပ်ကွက် (၅၊ ၇၊ ၈၊ ၁၂ ) ရှိ ရေဘေးသင့်ပြည်သူ ၄၂၁ ဦးအတွက် ထောက်ပံ့ငွေ ၁၂၆ ဒသမ ၃ သိန်းနှင့်

News 

နော်ဝေးပြည်မှ စုံတောမြိုင်

ဂျပန် စာရေးဆရာ မူရကာမိဟာရုကီ ရဲ့NORWEGIAN WOOD ၀တ္ထု ကို ဂျပန်ဘာသာကနေ တိုက်ရိုက်ပြန်ဆို ထားတဲ့ စာရေးဆရာ ရဲမြလွင် ရဲ့ စာအုပ် ဖြစ်ပါတယ်။

News