အမေရိကန်နှင့် ဗီယက်နမ် ပူးတွဲစစ်ရေးလေ့ကျင့်

ဟနွိုင်း - တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ အရှိန်မြင့် နေသော်လည်း ဗီယက်နမ်နှင့် အမေရိကန် နိုင်ငံတို့က လာမည့် သီတင်းပတ်တွင် ဗီယက်နမ် နိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ဒါနန်း၌ ငါးရက်ကြာ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် သံရုံးကဆိုသည်။

News 

နျူကလီးယားထိပ်ဖူး တပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် ပါကစ္စတန်စမ်းသပ်

အစ္စလမ္မာဘတ်- ပါကစ္စတန်သည် နျူကလီးယားထိပ်ဖူး တပ်ဆင် နိုင်သည့် ပဲ့ထိန်းဒုံးစနစ်ပါသော တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းကို ဗုဒ္ဓဟူးနေ့တွင် ပစ်လွှတ်လိုက်ကြောင်း ပါကစ္စတန် စစ်ဘက်က ဆိုသည်။

News 

ပြန်ပေးဆွဲခံရသော ဗြိတိသျှ ကြက်ခြေနီဝန်ထမ်း အသတ်ခံရ

ကွက်တာ - လွန်ခဲ့သော လေးလက ပါကစ္စတန်နိုင်ငံတွင် ဖမ်းဆီးခေါ်ဆောင် ခြင်းခံခဲ့ရသော ဗြိတိသျှကြက်ခြေနီ ၀န်ထမ်းတစ်ဦး၏ ရုပ်အလောင်းကို ဧပြီလ ၂၉ ရက်နေ့က ခေါင်းပြတ်လျက် ပြန်လည်တွေ့ရှိကြောင်းနှင့် ၎င်းကို ဖမ်းဆီးသွားသူ၏ တောင်းဆိုချက်များ မပြည့်ဝသောကြောင့် အသတ်ခံရခြင်း ဖြစ်ကြောင်း ရေးသားထားသော စာ တစ်စောင်ကိုလည်း တွေ့ရှိရကြောင်း ရဲဌာနက ပြောကြား ခဲ့သည်။

News 

ရီယိုထိပ်သီးအစည်းအဝေး၌ ကမ္ဘာ့လူဦးရေတိုးတက်မှုကို အဓိကထားဆွေးနွေးရန် သိပ္ပံပညာရှင်များ တိုက်တွန်း

ပါရီ - ကမ္ဘာ့လူဦးရေ တိုးတက်လာမှုနှင့် ကမ္ဘာ့သယံဇာတ အရင်းအမြစ်များကို သည်းမခံနိုင်စရာ အတိုင်းအတာဖြင့် အလွန်အကျွံ ထုတ်ယူအသုံးပြုမှုများကို ဇွန်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် ရီယိုထိပ်သီးအစည်းအဝေးတွင် အရေးယူဖြေရှင်းပေးရန် ထိပ်တန်း သိပ္ပံတက္ကသိုလ်တစ်ခုမှ တိုက်တွန်း ပြောကြားလိုက်သည်။

News 

တိုက်ခိုက်မှုကြောင့် နိုက်ဂျီးရီးယား ဘုရားကျောင်း ၀တ်ပြုချိန်၌ လူများသေဆုံး

ကာနို (နိုက်ဂျီးရီးယား) - နိုက်ဂျီးရီး ယားတက္ကသိုလ်တစ်ကျောင်းတွင် ဧပြီလ ၂၉ ရက်က ဘုရားရှိခိုးကျောင်း၌ ၀တ်ပြုပွဲ တက်နေစဉ် ဗုံးများ၊ သေနတ်များဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဘုရား ရှိခိုးကျောင်း လာသူများ ထွက်ပြေးသွားကြရကြောင်း မျက်မြင် သက်သေများနှင့် အရာရှိများက ပြောသည်။

News 

နိုက်ဂျီးရီးယားမြို့တော် အဘူဂျာရှိ သတင်းစာတိုက် ဗုံးခွဲတိုက်ခိုက်ခံရ

အဘူဂျာ- နိုက်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာရှိ ထိပ်တန်းသတင်းစာ တိုက်ကြီးတစ်တိုက်ကို အသေခံဗုံးခွဲ တိုက်ခိုက်မှုနှင့် ၎င်း၏ တိုက်ခွဲတွင် ကားဗုံးဖောက်ခွဲရန် ကြံစည်မှုတို့ ဧပြီလ ၂၆ ရက်ကဖြစ်ပွားရာ လူ ကိုးဦး သေဆုံး သွားခဲ့သည်။

News 

ပါလက်စတိုင်း အစာငတ်ခံဆန္ဒပြသူများအတွက် စိုးရိမ်နေရ

ဂျေရုဆလင်- ၂၆ ရက်ကြာ အစာငတ်ခံ သပိတ်မှောက်လျက်ရှိသော ပါလက် စတိုင်းအကျဉ်းသားနှစ်ဦးသည် အသက် ဆုံးရှုံးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီး လုံလောက်သော ဆေးဝါး စောင့်ရှောက်မှုမရရှိကြောင်း အစ္စရေး လူ့အခွင့်အရေး စောင့်ကြည့်ရေး ဆရာဝန်များအုပ်စု (PHR-Israel) က ဧပြီလ ၃၀ ရက်နေ့တွင် သတိပေး ပြောကြားလိုက်သည်။

News 

ပြင်သစ်သတင်းထောက် ကိုလံဘီယာ၌ ဓားစာခံဖြစ်

ပါရီ - ကိုလံဘီယာ စစ်တပ်နှင့် အက်ဖ်အေအာရ်စီတို့ကြား အပြန် အလှန် ပစ်ခတ်မှုတွင် ပြင်သစ် သတင်းထောက်တစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီးနောက် ကိုလံဘီယာလက်နက်ကိုင် တော်လှန်တိုက်ခိုက်ရေးအဖွဲ့ (အက်ဖ် အေအာရ်စီ) က ပြင်သစ်သတင်းထောက်ကို ဓားစာခံအဖြစ် ဖမ်းထားဖွယ်ရှိ ကြောင်းသိရသည်။

News 

လူက ခွေးကိုကိုက်တဲ့ သတင်း

ရှီကာဂို- အရက်သောက်ထားသော အမေရိကန် အမျိုးသမီးငယ်တစ်ဦးသည် မိခင်ဖြစ်သူနှင့် အငြင်းပွားနေစဉ် အိမ်တွင်မွေးထားသော ခွေးဘီလူးကိုပါ ထိုးနှက်တိုက်ခိုက်သောကြောင့် တိရစ္ဆာန်များကို ရက်စက်မှု၊ အိမ်တွင်း ဥပဒေမဲ့ ရိုက်ပုတ်မှုဖြင့် ၎င်းအား ဧပြီလ ၃၀ ရက်နေ့တွင် အမှုဖွင့် အရေးယူ ထားသည်။ News