နာဂါဆာကီမြို့တွင် အဏုမြူဗုံးကြဲခံရသည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

တိုကျို - ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံသို့ အမေရိကန်တို့၏ အဏုမြူ ဗုံးကြဲခြင်းခံရသည့် (၆၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံအား အဏုမြူမဲ့ နိုင်ငံအဖြစ် သတ်မှတ်ပေးရန် နာဂါဆာကီ မြို့တော်ဝန်က တောင်းဆိုလိုက်သည်။

News 

ပါကစ္စတန်နိုင်ငံ၏ ဒေါ်လာသန်းချီရ ရှေးဟောင်းပစ္စည်း မှောင်ခိုလုပ်ငန်း

ချာဆတ်ဒါ - ချေးထားသော ငွေများ ပြန်မဆပ်နိုင်၍ မိမိကိုယ်မိမိ သတ်သေ ရန် ကြံနေသော ဇမန်ခန်းအား သူငယ်ချင်းဖြစ်သူက ပါကစ္စတန်နိုင်ငံအနောက် မြောက်ပိုင်းရှိ ရှေးဟောင်းဂန္ဓာရယဉ်ကျေးမှု ထွန်းကားရာ ဒေသတစ်ခုသို့ ခေါ်သွားသည်။ ယင်းဒေသ သည် ရှေးဟောင်းရုပ်တု ၁၈ ခုကို တူးဖော်ပြီးနောက် ရူပီးနှစ်သန်း (ဒေါ်လာ ၂၀,၇၀၀) ဖြင့် ရောင်းလိုက်ကြသည်။

News 

ကမ္ဘောဒီးယားနိုင်ငံကို ကာကွယ်ရန် ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်ရ

ဖနွမ်းပင်- ကမ္ဘောဒီးယား နယ်စပ် တစ်လျှောက်တွင် ကာစီနို လောင်းကစားဝိုင်းတွေ တည်ဆောက် ခွင့်ပြုခဲ့ရ ခြင်းသည် နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်ကို ပတ်ဝန်းကျင်နိုင်ငံများရန်မှ ကာကွယ်ရန် 'လျှို့ဝှက်ဗျူဟာ' ဖြစ်သည်ဟု ကမ္ဘောဒီး ယားဝန်ကြီးချုပ်ဟွန်ဆန်က ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

News 

အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း၍ဗီယက်နမ်စစ်အတွင်းက ရွက်ကြွေဆေးများကို ဖယ်ရှား

ဒါနန်း - ဗီယက်နမ်နိုင်ငံ၊ ဒါနန်း လေတပ်အခြေစိုက်စခန်း အနီးတွင် နေထိုင်သော မိသားစုများတွင် ကိုယ် လက်အင်္ဂါချို့တဲ့သည့် ကလေး များ မွေးဖွားလာခြင်းမှအစ ကင်ဆာရောဂါ များစသဖြင့် ခံစားနေကြရ ခြင်းသည် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိဖြစ် ပွားခဲ့သော ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်က အသုံးပြုခဲ့သော

News 

တောင်ကိုရီးယားသမ္မတ အငြင်းပွားနေသည့်ကျွန်းများသို့သွားရောက်

ဆိုးလ် - ဂျပန်နိုင်ငံနှင့် ဆယ်စုနှစ်များ စွာ ပိုင်နက်အငြင်းပွားမှု ဖြစ်ပွား နေသော ကျွန်းများသို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် ဩဂုတ်လ ၁၀ ရက် နေ့တွင် ရုတ်တရက်သွားရောက်ခဲ့သည်။

News 

အာဖဂန်ရဲမှူးကြီးက နေတိုးအထူးတပ်သားလေးဦးကို ပစ်သတ်

ကန်ဒါဟာ- အာဖဂန် ရဲအရာရှိတစ်ဦး က အမေရိကန် စစ်သားလေးဦးအား ဩဂုတ်လ ၅ ရက်က ထမင်းဖိတ် ကျွေးပြီးနောက် ပစ်သတ်လိုက်ရာ သုံးဦးသေဆုံးသွားကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုမျိုးမှာ လေးရက်အတွင်း တတိယအကြိမ်ဖြစ်ကြောင်း အာဖဂန် အရာရှိများကဆိုသည်။

News 

ဆန္ဒပြနေသည့် ယောဂဂုရုကြီးအားအိန္ဒိယ ရဲတပ်ဖွဲ့ကဖမ်းဆီး

နယူးဒေလီ- နာမည်ကျော် ရုပ်မြင် သံကြား ယောဂကျင့်စဉ် ဆရာနှင့် အဂတိလိုက်စားခြင်း ဆန့်ကျင်ဆန္ဒပြသူ ဘာဘာရမ်ဒက်ဗ်အား အိန္ဒိယ ရဲတပ်ဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့တွင် သူ၏ ထောင်ချီရှိသည့် ထောက်ခံ သူများ ပါလီမန် အဆောက်အအုံသို့ ချီတက် ရန်ကြိုးပမ်း နေစဉ် ဖမ်းဆီးလိုက်သည်။

News 

ဖိလစ်ပိုင်ရေဘေး လူ ၆၀ ကျော်သေဆုံး

မနီလာ - ၄၈ နာရီကြာမျှ မိုးရွာသွန်း ခဲ့အပြီး ယခုသီတင်းပတ်အတွင်း မနီလာမြို့တော်နှင့် အနီးပတ်ဝန်းကျင် ဒေသများတွင် ရေကြီးရေလျှံ ခြင်း များ ကြောင့် သေဆုံးသူဦးရေသည် ၆၀ အထိမြင့်တက်လာ ကြောင်း အစိုးရ အာဏာပိုင်များက ဩဂုတ်လ ၁၀ ရက်နေ့ တွင်ပြော ကာ အခြားသော ခုနစ်ဦး လည်း ပျောက်ဆုံးနေဆဲဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

News 

အီရန် တာဘရစ် အမြွှာငလျင်လှုပ် လူ ၃၀၀ ကျော်သေဆုံး

ဗာဇာကန်- အီရန်နိုင်ငံ အနောက် မြောက်ပိုင်း တာဘရစ်ဒေသတွင် ပြင်းအား ၆ ဒသမ ၄ နှင့် ၆ ဒသမ ၃ အသီးသီးရှိ ငလျင်နှစ်ခုသည် ၁၁ မိနစ်ခြား၍လှုပ်အပြီးတွင် ဩဂုတ်လ ၁၂ ရက်နေ့၌ ငလျင်ဘေး သက်သာရေး လုပ်ငန်းများ လုပ်ဆောင်နေပြီဟု အီရန်ပြည်ထဲရေး ၀န်ကြီး မူစတာဖာမိုဟာမက်နာဂျာက အသေအပျောက် အပျက်အစီး စာရင်း ထုတ်ပြန်ပြီး နိုင်ငံပိုင်ရုပ်သံဌာနကို ပြောကြားခဲ့သည်။

News 

လစ်ဗျားကောင်စီက လွှတ်တော်သစ်သို့ အာဏာလွှဲပြောင်းပေး

ထရီပိုလီ- လစ်ဗျားနိုင်ငံ၏ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) သည် မိုမာကဒါဖီ၏ နှစ် ၄၀ ကြာ အာဏာရှင်စနစ်အား ဖြုတ်ချ ခဲ့ပြီး နောက် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း မှုပြုလုပ်ခြင်းကို သရုပ် သကန်ပြသည့် အထိမ်းအမှတ် အခမ်းအနားအဖြစ် ဩဂုတ်လ ၈ ရက်နေ့တွင် လွှတ်တော် သို့အာဏာလွှဲပြောင်း ပေးလိုက်သည်။

News 

ဗြိတိသျှစီးပွားရေးသမားကိုသတ်မှု စီရင်ချက်ချမည်

ပေကျင်း - ဗြိတိသျှအမျိုးသားတစ်ဦး ကို တရုတ်နိုင်ငံရေးသမား ပိုရှီလိုင်း၏ ဇနီး ကူကိုင်လိုင်းက သတ်ဖြတ်ခဲ့သည် ဟု စွဲချက်တင် ထားသည့်အမှုကို ဩဂုတ် လမကုန်မီ စီရင်ချက်ချမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးက ဩဂုတ်လ ၁၂ ရက် နေ့က ပြောကြားခဲ့သည်။

News 

အစ္စလမ္မစ်လိုလားသူ လစ်ဗျားလွှတ်တော်အကြီးအကဲဖြစ်လာ

ထရီပိုလီ- လစ်ဗျားနိုင်ငံ၏ အမျိုးသား လွှတ်တော်သစ်က ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းတွင် မိုမာကဒါဖီကို ဆန့်ကျင်ခဲ့ သည့် အစ္စလာမ်ဝါဒီ လိုလားသူဟုမြင် ထားသည့် မိုဟာမက်အာလ်မီဂါယက်ဖ် အား ဥက္ကဋ္ဌအဖြစ်ခန့်အပ်လိုက်သည်။

News 

ဆီးရီးယားအတိုက်အခံတပ်ဖွဲ့များ စစ်ဘက်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ဟုဆို

ဒမတ်စကတ် - ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များက ၎င်းတို့ ထပ်မံ သိမ်းပိုက် လိုက်သည့် ခရိုင်တစ်ခုဆီသို့ ၀င်ရောက် လာသော တိုက်ခိုက်ရေးဂျက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့သည်ဟု ဩဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

News 

အီဂျစ် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်ကို အနားပေး

ကိုင်ရို - ယမန်နှစ်က ဟော့စနီမူဘာ ရက်အား ဖြုတ်ချခဲ့ချိန်မှစ၍ စစ်တပ်က ရယူထားသည့် နိုင်ငံရေးအာဏာကို ပြန်လည် ရယူရေး အတွက် အီဂျစ်သမ္မတ မော်ဆီသည် ယခင်ကထက် ပိုမို ပြတ်သား သည့် ဆောင်ရွက်မှုဖြင့် ဩဇာအာဏာကြီးမားသော ၎င်း၏ ကာကွယ်ရေးဝန်ကြီး ဟူစိန်တန်တာဝီ၊ စစ်ဦးစီးချုပ် ဆမ်မီအန်နန်နှင့် အခြား အဆင့်မြင့် ဗိုလ်ချုပ်ကြီးများကို ဩဂုတ် လ ၁၂ ရက်နေ့က ရာထူးမှအနားပေး လိုက်သည်။

News 

ဒမတ်စကတ်မြို့တွင် ဆီးရီးယား သတင်းထောက်နှစ်ဦး အသတ်ခံရ

ဒမတ်စကတ် - ဆီးရီးယားနိုင်ငံ ဒမတ် စကတ်တွင် ဆီးရီးယားဂျာနယ်လစ် နှစ်ဦး အသတ်ခံခဲ့ရကြောင်း နိုင်ငံပိုင် သတင်းဌာန ဆာနာ နှင့် အာရပ် ဂြိုဟ်တု သတင်းများအရသိရသည်။

News