ဒါရာယာမြို့တွင် အစုလိုက်သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့ကဆို

ခင်အောင် ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

ဆီးရီးယားအစိုးရတပ်များက သူပုန်များရှိရာနေရာများကို လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဒမတ်စကတ်- ဒမတ်စကတ်အနီးရှိ မြို့တစ်မြို့တွင် အာဆတ်၏တပ် များက သွေးထွက်သံယို ရမ်းကားသတ်ဖြတ်မှု ကြီး ပြုလုပ်ခဲ့ရာတွင် လူပေါင်း ၁၀၀ သေကျေပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကာလအတွင်း ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က ဩဂုတ် လ ၂၆ ရက်နေ့တွင် ၎င်း၏နိုင်ငံအား နိုင်ငံခြားတိုင်းပြည်များ က ၀ိုင်းဝန်းလုပ်ကြံနေမှုများ ကျဆုံးရမည်ဖြစ်ကြောင်း ပြောကြားလိုက် သည်။

"ဆီးရီးယားနိုင်ငံက ဒီဝိုင်းဝန်းလုပ်ကြံမှုကြီးကို ထမြောက်အောင်မြင် စေမှာ မဟုတ်တဲ့ပြင် ၎င်းတို့ကို မည်မျှ ကြီးမားတဲ့တန်ဖိုးပေး၍မဆို ကျဆုံး စေမှာဖြစ်ပါတယ်"ဟု အာဆတ်က ဒမတ်စကတ်တွင် ဆီးရီး ယား၏ ဒေသ ဆိုင်ရာ မဟာမိတ်နိုင်ငံ အီရန်နိုင်ငံမှ ထိပ်တန်းအရာရှိ တစ်ဦးနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဆီးရီးယားခေါင်းဆောင် အာဆတ်သည် ပြီးခဲ့သည့် မတ်လမှစတင်၍ ဖြစ်ပေါ်ခဲ့ပြီး ကြမ်းကြုတ်သော ပြည်တွင်း စစ်အသွင်သို့ ပြောင်း လဲခဲ့သော ပြည်သူ လူထု၏ ပုန်ကန်ထကြွမှုကို ကြီးမားသော စစ်အင်အားဖြင့် ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ရာမှ လူထောင်ပေါင်း များစွာ သေကျေခဲ့ပြီး နှစ်သိန်းကျော်တို့ အိမ်နီးချင်းနိုင်ငံများသို့ ပြေးလွှားခိုဝင် ပြီး နိုင်ငံတွင်း၌ လူပေါင်း ၂ ဒသမ ၅ သန်းခန့် အစာရေစာချို့ တဲ့ပြတ်လပ် ခဲ့ကြောင်း တွေ့ရှိရသည်။

ဆီးရီးယား အော့ဘ်ဇာဗေးထရီးခေါ် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့က ဒါရာယာမြို့တွင် ငါးရက် ကြာ လူသတ်ပွဲ ကြီးအတွင်းက လူပေါင်း အနည်းဆုံး ၃၂၀ သေဆုံးခဲ့ကြောင်း ပြောကြားလိုက်သည်။ မြို့တော် ဒမတ် စကတ်၏ အနောက်ဘက်ရှိ အဆိုပါ မြို့ကလေးတွင် သူပုန်များကို ဖြိုခွဲသော အစိုးရတပ်များ သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

အတိုက်အခံ စစ်သွေးကြွအဖွဲ့များ ပြသခဲ့ကြသော သွေးပျက်စဖွယ် ဗီဒီယို ခွေများက နေ့ခင်းကြောင်တောင်တွင် သင်္ချိုင်းအတွင်းရှိ ကွင်းပြင်ထဲတွင် မီးလောင်ကျွမ်းပြီး သွေးအလိမ်းလိမ်း နှင့် အလောင်းများ အများအပြား အစုလိုက်အပြုံလိုက် တန်းစီချထား သည် ကိုလည်းကောင်း၊ ဒါရာယာမြို့ရှိဗလီကျောင်းတစ်ခုတွင်း၌ အုတ်နံရံတစ်ခုမှ အခြားတစ်ခုတိုင်တန်းစီ၍ ချထားသောလူသေအလောင်း များကို လည်းကောင်း ဖော်ပြခဲ့ကြသည်။

"ဒေသတွင်း ပူးပေါင်းဆောင်ရွက် ရေးကော်မတီခေါ် တက်ကြွလှုပ်ရှား ရေးကွန်ရက်အဖွဲ့များက အဆိုပါ သတ်ဖြတ်မှုအား အာဆတ် အစိုးရ၏ 'လူသတ်ပွဲကြီးများ'အဖြစ် ထုတ်ဖော် ပြောကြားခဲ့ကြပြီး သေဘေးနှင့် ရင်ဆိုင် ခဲ့ရသူ အများအပြားအား အကျဉ်းရုံး နည်းဖြင့် စစ်ဆေးသော သေဒဏ်ချမှတ် ခဲ့ပြီး ၎င်းတို့၏ အလောင်းများကို မီးရှို့ ခဲ့ကြကြောင်း" ပြောကြားခဲ့သည်။

ရှဘီဟာခေါ် အစိုးရသစ္စာခံ စစ်ဝန်ထမ်းတပ်ဖွဲ့များအား ဆီးရီးယား နိုင်ငံသားများ၏ အသက်အိုးအိမ်ကို သတ်ဖြတ်ချေမှုန်းပြီး ၎င်းတို့ ၏ အနာဂတ်ကို ဖျက်ဆီးချေမှုန်းသည့်စက် များအဖြစ် အာဆတ်အစိုးရကပြောင်းလဲ ဖန်ဆင်းထားခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။ လူ့အခွင့်အရေးအုပ်စုများက ဆီးရီး ယားအစိုးရအဖွဲ့သည် ပုန်ကန်ထကြွမှု များအား ချေမှုန်းရန် လုပ်ဆောင်မှုများ ရွက်ဆောင်ရင်း ရက်စက်ကြမ်းကြုတ်မှု အများအပြား ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ပြောကြားလိုက်ပြီး ကုလသမဂ္ဂစောင့် ကြည့်လေ့လာ ရေးအဖွဲ့ဝင်များက ယခု လအစောပိုင်းတွင် ဆီးရီးယားအစိုးရ အဖွဲ့သည် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇ၀တ်မှုများကျူး လွန် ခဲ့ကြောင်း ပြောကြားလိုက်သည်။

"လူသေ အလောင်းများအား လယ် ကွင်းများ၊ တိုက်တာ အဆောက်အအုံ များ၏ မြေအောက်ခန်းများ၊ အကာအရံ ရှိသော နေရာလွတ် အများအပြားနှင့် လမ်းမများပေါ်တွင် အနှံ့အပြားတွေ့ရှိ ရကြောင်း"အော့ဘ်ဇာဗေးထရီး လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာ ရာမီအက်ဘ်ဒယ်လ်ရာမန် က အေအက်ဖ်ပီအား ပြောကြားသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံ ၏ ပထမဆုံးအကြိမ် ထုတ်ပြန်ပြောကြားမှု တွင် ဗြိတိန်နိုင်ငံက အကယ်၍ အတည် ပြုနိုင်ခဲ့လျှင် 'ဒါရာယာ' လူသတ်ပွဲကြီး သည် "မကြုံစဖူး ကြီးမားသည့် ရက်စက် မှုသစ်ကြီးတစ်ရပ် ဖြစ်လာဖွယ်ရှိ ကြောင်း" ပြောကြားလိုက်သည်။

နိုင်ငံပိုင် သတင်းကမူ လူဦးရေ ၂၀၀,၀၀၀ ခန့် နေထိုင်သော ဒါရာယာ အား အကြမ်းဖက်သမားများ ဖယ်ထုတ် သန့်စင်လိုက်ပြီဖြစ် ကြောင်း ဖော်ပြလိုက် သည်။ အစိုးရတပ်များသည် ဒါရာယာမြို့ ၀င်ရောက်လာသည့် ဖြည့်တင်းရေး ပစ္စည်းများအားပိတ်ဆို့၍ ဗုံးကြဲ တိုက် ခိုက်ခဲ့ကြသည်။

(အေအက်ဖ်ပီ)